Friday 31 October 2014

မျိုးစောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရန် မန္တလေးမြို့တွင် ရဟန်းရှင်လူအင်အား ထောင်ချီဆန္ဒထုတ်ဖော်

Photo: မျိုးစောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရန် မန္တလေးမြို့တွင် ရဟန်းရှင်လူအင်အား ထောင်ချီဆန္ဒထုတ်ဖော်
Friday, October 31, 2014

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသ ကြီးမှ ဦးဆောင်ကာ မျိုးစောင့် ဥပဒေအမြန်ဆုံး ပြဋ္ဌာန်းပေးရန် အောက်တိုဘာ ၃၀ ရက် နေ့လယ် က မန္တလေးမြို့တွင် ရဟန်းရှင်လူ အင်အားထောင်ချီကာ ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

မျိုးစောင့်ဥပဒေအမြန်ဆုံး ပြဋ္ဌာန်းပေးရန် မန္တလေးခရိုင် အတွင်းရှိ သံဃာတော်များနှင့် လူထုများအပါအ၀င် မိတ္ထီလာ၊ နေပြည်တော်၊ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်ဆည်စသည့် မြို့ရွာများ မှ သံဃာတော်များ၊ သီလရှင် ဆရာလေးများနှင့် လူပုဂ္ဂိုလ်များ ပါဝင်ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ ပြီး ဆန္ဒပြပွဲစီစဉ်သည့် မဘသ ဆရာတော်များက အင်အား တစ် သိန်းကျော်ဆန္ဒထုတ်ဖော်မည်ဟု သတင်းထုတ်ပြန်ပြီး ဆန္ဒပြပွဲ လာရောက်ကြည့်ရှုသူ မြို့ခံအချို့ က အင်အားသုံးသောင်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းပြောဆိုကြ သည်။

နေ့လယ် ၁ နာရီမှ ၄ နာရီ အထိ မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ် ၈၅ လမ်းနှင့် ၃၅ လမ်း ထောင့်မှ အိမ်တော်ရာဘုရား အထိ ၃၅ လမ်းတစ်လျှောက် ကြွေးကြော်သံများဖြင့် လမ်း လျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး အိမ်တော်ရာဘုရားဝင်း အတွင်း ၁၄ ခန်းဓမ္မာရုံတွင် မျိုး စောင့်ဥပဒေဆိုင်ရာ လူထုဟော ပြောပွဲပြုလုပ်ခဲ့သည်။

အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းနှင့် ဘာသာကူး ပြောင်းရာတွင် အခြားဘာသာဝင် များအနေဖြင့် ၎င်းတို့ကိုးကွယ် သည့် ဘာသာအလိုက် အကာ အကွယ်ပေးထားသည့် ဥပဒေများ ရှိသည့်အတွက် ဗုဒ္ဓဘာသာအမျိုး သမီးများအနေဖြင့်လည်း ယင်းသို့ ဥပဒေအရ အကာအကွယ်ရစေ ရန်အတွက်   မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရန်   တောင်းဆိုခြင်း ဖြစ်ကြောင်း မဘသ(အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသ ကြီးအတွင်းရေးမှူး ဦးဣန္ဒြာစက္က က မိန့်ကြားသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး မှာ လူ့အခွင့်အရေးကို တားမြစ် ပိတ်ပင်ခြင်းမဟုတ်ဘဲ ဗုဒ္ဓဘာ သာအတွက် တရားနည်းလမ်း အရ အခွင့်အရေးတောင်းဆို ခြင်းသာဖြစ်သည်ဟု စာရေးဆရာ မယဉ်ယဉ်နုက   အိမ်တော်ရာ ဘုရား လူထုဟောပြောပွဲတွင် ပြောသည်။

မဘသဆရာတော်များက မျိုးစောင့်ဥပဒေအား အမြန်ဆုံး ပြဋ္ဌာန်းပေးရန် လွှတ်တော်ကိုယ် စားလှယ်များကို တောင်းဆိုခဲ့ပြီး ယင်းဥပဒေနှင့် ပတ်သက်၍ ကန့် ကွက်ရှုတ်ချနေသူများကိုလည်း လာရောက်ဆွေးနွေးရန် ဖိတ်ခေါ် ကြောင်း ဆန္ဒပြပွဲအပြီး ထုတ်ပြန် သေ အချက်သုံးချက်ပါကြေညာ ချက်တွင် ဖော်ပြထားသည်။

မျိုးစောင့်ဥပဒေမပြဋ္ဌာန်း နိုင်သေးသရွေ့ နိုင်ငံအတွင်းရှိ အခြားမြို့ရွာများ တွင်လည်း ဆန္ဒ ထုတ်ဖော်တောင်းဆိုပွဲများ ဆက် လက်ပြုလုပ်သွားမည်ဟု မဘသ ဆရာတော်များကမိန့်သည်။

7Day DAILY 

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် မန္တလေးတွင် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ−မောင်တာ)
မျိုးစောင့်ဥပဒေပြဋ္ဌာန်းရန် မန္တလေးတွင် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ−မောင်တာ)
 အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးမှ ဦးဆောင် ကာ မျိုးစောင့် ဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရန် အောက်တိုဘာ ၃၀ ရက် နေ့လယ်က မန္တလေးမြို့တွင် ရဟန်းရှင်လူ အင်အားထောင်ချီကာ ဆန္ဒထုတ် ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

မျိုးစောင့်ဥပဒေအမြန်ဆုံး ပြဋ္ဌာန်းပေးရန် မန္တလေးခရိုင် အတွင်းရှိ သံဃာတော်များနှင့် လူထုများအပါအ၀င် မိတ္ထီလာ၊ နေပြည်တော်၊ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်ဆည်စသည့် မြို့ရွာများ မှ သံဃာတော်များ၊ သီလရှင် ဆရာလေးများနှင့် လူပုဂ္ဂိုလ်များ ပါဝင်ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ ပြီး ဆန္ဒပြပွဲစီစဉ်သည့် မဘသ ဆရာတော်များက အင်အား တစ် သိန်းကျော်ဆန္ဒထုတ်ဖော်မည်ဟု သတင်းထုတ်ပြန်ပြီး ဆန္ဒပြပွဲ လာရောက် ကြည့်ရှုသူ မြို့ခံအချို့ က အင်အားသုံးသောင်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းပြောဆိုကြ သည်။

နေ့လယ် ၁ နာရီမှ ၄ နာရီ အထိ မန္တလေးမြို့ ချမ်းအေးသာ စံမြို့နယ် ၈၅ လမ်းနှင့် ၃၅ လမ်း ထောင့်မှ အိမ်တော်ရာဘုရား အထိ ၃၅ လမ်းတစ်လျှောက် ကြွေးကြော်သံများဖြင့် လမ်း လျှောက် ဆန္ဒထုတ်ဖော် ခဲ့ခြင်း ဖြစ်ပြီး အိမ်တော်ရာဘုရားဝင်း အတွင်း ၁၄ ခန်းဓမ္မာရုံတွင် မျိုး စောင့်ဥပဒေဆိုင်ရာ လူထုဟော ပြောပွဲပြုလုပ်ခဲ့သည်။

အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းနှင့် ဘာသာကူး ပြောင်းရာတွင် အခြားဘာသာဝင် များအနေဖြင့် ၎င်းတို့ကိုးကွယ် သည့် ဘာသာအလိုက် အကာ အကွယ်ပေးထားသည့် ဥပဒေများ ရှိသည့်အတွက် ဗုဒ္ဓ ဘာသာ အမျိုး သမီးများအနေဖြင့်လည်း ယင်းသို့ ဥပဒေအရ အကာအကွယ်ရစေ ရန်အတွက်   မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းပေးရန်   တောင်းဆိုခြင်း ဖြစ်ကြောင်း မဘသ(အထက် မြန်မာပြည်) မန္တလေးတိုင်းဒေသ ကြီးအတွင်းရေးမှူး ဦးဣန္ဒြာစက္က က မိန့်ကြားသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးမှာ လူ့အခွင့်အရေးကို တားမြစ် ပိတ်ပင်ခြင်းမဟုတ်ဘဲ ဗုဒ္ဓဘာ သာအတွက် တရားနည်းလမ်းအရ အခွင့်အရေးတောင်းဆို ခြင်းသာဖြစ်သည်ဟု စာရေးဆရာ မယဉ်ယဉ်နုက   အိမ်တော်ရာ ဘုရား လူထုဟောပြောပွဲတွင် ပြောသည်။

မဘသဆရာတော်များက မျိုးစောင့်ဥပဒေအား အမြန်ဆုံး ပြဋ္ဌာန်းပေးရန် လွှတ်တော်ကိုယ် စားလှယ်များကို တောင်းဆိုခဲ့ပြီး ယင်းဥပဒေနှင့် ပတ်သက်၍ ကန့် ကွက်ရှုတ်ချနေသူများကိုလည်း လာရောက်ဆွေးနွေးရန် ဖိတ်ခေါ် ကြောင်း ဆန္ဒပြပွဲအပြီး ထုတ်ပြန် သေ အချက်သုံးချက်ပါကြေညာ ချက်တွင် ဖော်ပြထားသည်။

မျိုးစောင့်ဥပဒေမပြဋ္ဌာန်း နိုင်သေးသရွေ့ နိုင်ငံအတွင်းရှိ အခြားမြို့ရွာများတွင်လည်း ဆန္ဒထုတ်ဖော် တောင်းဆိုပွဲများ ဆက်လက်ပြုလုပ်သွားမည်ဟု မဘသ ဆရာတော်များကမိန့်သည်။

7Day DAILY

No comments:

Post a Comment