Thursday 30 October 2014

မြန်မာ့လက်ရွေးစင် အမျိုးသမီးနည်းပြ ကူမာဒါနှင့် ဘောလုံး အဖွဲ့ချုပ် လမ်းခွဲ

မြန်မာ့လက်ရွေးစင် အမျိုးသမီး နည်းပြချုပ် ကူမာဒါ နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်တို့နှစ်ဦး နှစ်ဖက် သဘောတူ ညီမှုဖြင့် လမ်းခွဲခဲ့ကြောင်း သတင်းရရှိသည်။

ဂျပန်လူမျိုး နည်းပြချုပ် ကူမာဒါနှင့် မြန်မာအသင်းစာချုပ် သက်တမ်းမှာ ၂၀၁၅  ခုနှစ် ဇန်န၀ါရီအထိ ရှိသော် လည်း ဂျပန် နိုင်ငံဘောလုံးအဖွဲ့ချုပ်က ပြန်လည်ခေါ်ယူခဲ့သောကြောင့် မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်က ခွင့်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိ သူက ပြောသည်။

‘‘နည်းပြကူမာဒါနဲ့ စာချုပ် သက်တမ်းမပြည့်သေးပေမယ့် ဂျပန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မေတ္တာရပ်ခံတဲ့ အတွက် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ခွင့်ပြု ပေးခဲ့တာပါ။ ဂျပန်ကလပ်အ သင်းတစ်သင်းက သူ့(ကူမာဒါ) ကို ကမ်းလှမ်းတယ်လို့လည်း သိရပါတယ်။ စာချုပ်သက်တမ်း မပြည့်သေးပေမယ့် ကျွန်တော်တို့ ဘက်က ဘာလျော်ကြေးမှ မတောင်းဘဲ ခွင့်ပြုပေးခဲ့တာပါ’’ ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ က ပြောသည်။

လက်ရှိ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအား ပြည်တွင်းနည်းပြနှစ်ဦးက လေ့ကျင့်ပေးလျက်ရှိပြီး ပြည်ပနည်းပြချုပ်တစ် ဦးခန့်အပ်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က စီစဉ်လျက်ရှိကြောင်း သတင်း ရရှိသည်။

ကူမာဒါသည် မြန်မာ့လက် ရွေးစင် အမျိုးသမီးဘောလုံးအ သင်းကို ၂၀၁၁ ခုနှစ်တွင် စတင် ကိုင်တွယ်ခဲ့ပြီး ၎င်းနှင့် စာ ချုပ်သက်တမ်းကို တစ်နှစ်စီတိုးမြှင့်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ကူမာဒါအနေဖြင့် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းနှင့် ယူ-၁၉ အသင်းများကိုပါ ကိုင်တွယ်ခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အ ဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် ကူမာဒါ၏ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းက တတိယဆုသာရရှိခဲ့သော်လည်း ပရိသတ်များကျေနပ်သည့် စွမ်းဆောင် ရည် ကို ပြသ  နိုင်ခဲ့သည်။ ကူမာဒါသည် အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်ခဲ့ သည့် ၂၀၁၂ အကောင်း ဆုံး နည်း ပြဆု ရရှိထားသူ ဖြစ်သည်။

7Day DAILY

No comments:

Post a Comment