Friday 31 October 2014

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် မြို့တော်ခန်းမ တည်ဆောက်လျှင် ကန့်ကွက်မည်ဟုဆို

Photo: မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် မြို့တော်ခန်းမ တည်ဆောက်လျှင် ကန့်ကွက်မည်ဟုဆို
Friday, October 31, 2014

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် မြို့တော်ခန်းမ တည်ဆောက်လျှင် ကန့်ကွက်မည်ဖြစ်ကြောင်း မြောက်ဦး ရခိုင်လူမှုကွန်ရက်က အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ရှစ်သောင်းပုထိုးတော် အနီးရှိ ရာဇာ့သင်္ချိုင်းနေရာ၌ မြောက်ဦးမြို့ မြို့တော်ခန်းမ တည်ဆောက်ရန် အစိုးရက စီစဉ်ခဲ့ပြီး မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က တင်ပြသည့်အတွက် လက်ရှိတွင် ရပ်ဆိုင်းထားကြောင်း မြောက်ဦး ရခိုင်လူမှုကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးဇော်သိန်းထွန်းက ပြောကြားသည်။

မြောက်ဦးမြို့တွင် အခမ်းအနားများ၊ လူထုစည်းဝေးပွဲများ၊ စာပေဟောပြောပွဲများ၊ သင်တန်းများ စနစ်တကျ ပြုလုပ်ရန် မြို့တော်ခန်းမတစ်ခု လိုအပ်နေသော်လည်း မြောက်ဦးမြို့၏ ရှေးဟောင်းအမွေအနှစ်များကို တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမည် ဆိုပါက ဆန့်ကျင်ကန့်ကွက်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များ စာရင်းဝင်ရန် သတ်မှတ်ထားသော စံချိန်စံညွန်းများနှင့် ကိုက်ညီမှု မရှိခြင်း ထိခိုက်ပျက်စီးစေခြင်း၊ ရခိုင်ပြည်နယ် အစိုးရက ပြဋ္ဌာန်းထားသော ရခိုင်ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေပါ ပြဋ္ဌာန်းချက်များ ဆန့်ကျင်နေပါက ကန့်ကွက်မည် ဖြစ်ကြောင်း ဦးဇော်သိန်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းအမွေအနှစ်များကို ဖျက်ဆီးပါက ထောင်ဒဏ် ခုနစ်နှစ်နှင့် ငွေဒဏ် ကျပ် ၇ သိန်း ချမှတ်နိုင်သည့် ရခိုင်ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုခဲ့သည်။

အဆိုပါဥပဒေ ပုဒ်မ ၂၅ တွင် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ မူလရှေးဟောင်း ပုံသဏ္ဌာန်ကို ဖြစ်စေ၊ မူလရှေးဟောင်း လက်ရာကိုဖြစ်စေ ပြောင်းလဲစေရန် တမင်ပြုလုပ်ခြင်း စသည်တို့ကို ကျူးလွန်ပါက ထောင်ဒဏ် ခုနစ်နှစ်ဖြစ်စေ၊ ငွေဒဏ် ၇ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

The Voice Weekly
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် မြို့တော်ခန်းမ တည်ဆောက်လျှင် ကန့်ကွက်မည်ဖြစ်ကြောင်း မြောက်ဦး ရခိုင်လူမှုကွန်ရက်က အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကြေညာ ချက် ထုတ်ပြန်လိုက်သည်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ရှစ်သောင်းပုထိုးတော် အနီးရှိ ရာဇာ့သင်္ချိုင်းနေရာ၌ မြောက်ဦးမြို့ မြို့တော်ခန်းမ တည်ဆောက်ရန် အစိုးရက စီစဉ်ခဲ့ပြီး မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က တင်ပြသည့်အတွက် လက်ရှိတွင် ရပ်ဆိုင်းထားကြောင်း မြောက်ဦး ရခိုင်လူမှုကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးဇော်သိန်းထွန်းက ပြောကြားသည်။

မြောက်ဦးမြို့တွင် အခမ်းအနားများ၊ လူထုစည်းဝေးပွဲများ၊ စာပေဟောပြောပွဲများ၊ သင်တန်းများ စနစ်တကျ ပြုလုပ်ရန် မြို့တော်ခန်းမတစ်ခု လိုအပ်နေသော်လည်း မြောက်ဦးမြို့၏ ရှေးဟောင်းအမွေအနှစ်များကို တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမည်ဆိုပါက ဆန့်ကျင်ကန့်ကွက်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိ သည်။

ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များ စာရင်းဝင်ရန် သတ်မှတ်ထားသော စံချိန်စံညွန်းများနှင့် ကိုက်ညီမှု မရှိခြင်း ထိခိုက်ပျက်စီးစေခြင်း၊ ရခိုင်ပြည်နယ် အစိုးရက ပြဋ္ဌာန်းထားသော ရခိုင်ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေပါ ပြဋ္ဌာန်းချက်များ ဆန့်ကျင်နေပါက ကန့်ကွက်မည် ဖြစ်ကြောင်း ဦးဇော်သိန်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းအမွေအနှစ်များကို ဖျက်ဆီးပါက ထောင်ဒဏ် ခုနစ်နှစ်နှင့် ငွေဒဏ် ကျပ် ၇ သိန်း ချမှတ်နိုင်သည့် ရခိုင်ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် အတည်ပြုခဲ့သည်။

အဆိုပါဥပဒေ ပုဒ်မ ၂၅ တွင် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ မူလ ရှေးဟောင်း ပုံသဏ္ဌာန်ကို ဖြစ်စေ၊ မူလရှေးဟောင်း လက်ရာကိုဖြစ်စေ ပြောင်းလဲစေရန် တမင်ပြုလုပ်ခြင်း စသည်တို့ကို ကျူးလွန်ပါက ထောင်ဒဏ် ခုနစ်နှစ်ဖြစ်စေ၊ ငွေဒဏ် ၇ သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် နိုင်ကြောင်း ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment