Friday 31 October 2014

Facebook သုံးတဲ့ ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ရှိတဲ့ ပြသနာများ

Photo: Facebook သုံးတဲ့ ချစ်သူစုံတွဲတွေကြား ဖြစ်လေ့ရှိတဲ့ ပြသနာများ
Friday, October 31, 2014

ချစ်သူစုံတွဲတွေ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook မှာ စုံတွဲဓာတ်ပုံတွေ တင်ကြတယ်၊ relationship status တင်ပြီး တစ်ဦးနဲ့တစ်ဦး ဘယ်လောက် ချစ်တယ်ဆိုတဲ့အကြောင်းကိုလည်း စတေးတပ်စ်တွေ တင်ကြတယ်။ ဒါပေမယ့် သူတို့ကြားမှာ facebook ကြောင့် တက်တဲ့ ပြသနာတွေ အနည်းအများတော့ ရှိတတ်ကြပါတယ်။ တစ်ချို့သ၀န်တိုတတ်တဲ့ ချစ်သူတွေဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ facebook ကြောင့် ကွဲသွားတဲ့ ချစ်သူစုံတွေတွေလည်း ခုဆို တော်တော်များလာပြီလို့ စစ်တမ်းတွေအရ သိရပါတယ်။ ဒီတော့ ချစ်သူစုံတွဲ တွေကြား facebook ကြောင့် ဘယ်လိုပြသနာလေးတွေ ဖြစ်တတ်သလဲဆိုတာ ကြည့်ရအောင်။

၁။ကိုယ့်ချစ်သူကို လာ add တဲ့သူ ဘယ်သူတွေလဲဆိုပြီး သိချင်ကြတယ်။ ပြသနာရှာကြတယ်။

နှစ်ယောက်စလုံး facebook သုံးနေတဲ့အချိန် ကိုယ့်ချစ်သူကို ဘယ်သူတွေ လာပြီး fri request ပို့ထားသလဲ။ ကိုယ့်အသိတွေလား။ အီစီကလီလုပ်မယ့်သူ တွေလား စသဖြင့် သိချင်ကြပါတယ်။ တစ်ချို့ဆိုရင် မိန်းကလေးဆိုလက်မခံနဲ့၊ ယောင်္ကျားလေးဆို လက်မခံရဘူး ဆိုပြီး ကိုယ့်ချစ်သူကို တားမြစ်ထားတာတွေ တောင်ရှိလာပါတယ်။

၂။ကိုယ့်ချစ်သူရဲ့ account ထဲမှာ သူ့ရဲ့အရင်ရည်းစားဟောင်းတွေ ရှိနေသေးလား၊ သူတို့အဆက်အသွယ်ရှိနေသေးသလား ဆိုပြီး ပြသနာရှာကြတယ်။

ရည်းစားဟောင်းနဲ့ ဘာမှမဟုတ်တော့ဘူး။ သူငယ်ချင်းလိုပဲ ပြန်ခင်မင်နေတယ် ဆိုတာမျိုး လက်ခံပေးနိုင်တဲ့ ရည်းစားရှားပါတယ်။ အရင်ရည်းစားကိုယ့် account ထဲမှာရှိနေရင် သူဘာတွေလုပ်နေလဲ ဆိုတာလောက်တော့ နည်းနည်းပါးပါး သိချင်ကြတာရှိတတ်ပါတယ်။ ဒါ့အပြင် ကိုယ့်ချစ်သူရဲ့ရည်းစား ဟောင်းက ကိုယ့်ချစ်သူကို ပြန်လာပတ်သက်မှာ စိုးရိမ်တာမျိုးတွေလည်း ရှိပါတယ်။ တကယ်လို့ ကိုယ့်ချစ်သူရဲ့ ဓာတ်ပုံမှာသာ သူ့ရည်းစားဟောင်းရဲ့ Like လေးတစ်ချက် တွေ့လိုက်ရင် ခေါင်းမီးတောက်ပြီး နှစ်ဦးသား ပြသနာတက်ပြီသာ မှတ်ပါတော့။

၃။chat ထဲမှာ ဘယ်သူတွေနဲ့ ဘာတွေပြောနေသလဲ သိချင်ကြတယ်။

တစ်ခါတစ်လေ ကိုယ့်အလုပ်၊ ကိုယ့်ကျောင်း၊ ကိုယ်ဝါသနာပါရာ ကိစ္စရပ် တစ်ချို့ကြောင့် ကိုယ့်ကို မိတ်ဆွေလာဖွဲ့တာ၊ မေးမြန်းတာမျိုးတွေရှိနိုင်ပေမယ့် တစ်ချို့လူတွေကျတော့လည်း ဒီအတိုင်းရောချင်တာမျိုးတွေ ရှိပါတယ်။ ဒါကို ပြန်ပြောသင့်၊ မပြောသင့်ဆိုတာ ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာပါ။ ကိုယ့်ချစ်သူကတော့ မမြင်ကွယ်ရာမှာ သူစိမ်းတစ်ယောက်နဲ့ chat နေတာမျိုးသိရင် စိတ်ပူကောင်း စိတ်ပူပါလိမ့်မယ်။ ဒါဆိုရင် ဘာ့ကြောင့် chat ရတယ် ဆိုတာ၊ အကြောင်းကိစ္စရှိလို့ chat ရတယ်ဆိုတာ သူနားလည်အောင် ရှင်းပြပါ။ လာ hi တဲ့သူတိုင်းနဲ့တော့ စကားပြန်မပြောမိပါစေနဲ့။ သူ့ယုံကြည်မှုတွေလည်း မဆုံးရှုံးပါစေနဲ့။

၎။ကိုယ့်စတေးတပ်စ်၊ ဓာတ်ပုံတွေမှာ ကိုယ့်ချစ်သူရဲ့ Like မရှိတာနဲ့ ပတ်သက်ပြီး ပြသနာတက်ကြတယ်။

မိန်းကလေးအများစုဟာ ကိုယ်တင်လိုက်တဲ့ပုံလေးတွေ၊ စတေးတပ်ပ်လေးတွေမှာ ကိုယ်ချစ်သူက ၀င်လက်မထောင်တာမျိုး လိုချင်ကြပါတယ်။ သူတို့ထောက်ခံအားပေးတာကိုလည်း လိုချင်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ သူ့ဘာသာသူသာ သပ်သပ်ကြီးနေပြီး လုပ်ချင်တဲ့ စတေးတပ်စ်တစ်ခုလောက်ကျမှ Like ကလစ်လေး လာနှိပ်တာမျိုးဆိုရင်တော့ သူတို့ စိတ်ကောက်ကြပါလိမ့်မယ်။ အထူးသဖြင့် ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ရေသားထားတဲ့ စတေးတပ်စ်မျိုးမှာပေါ့။

၅။နှစ်ဦးသားရဲ့ထူးခြားတဲ့နေ့တွေမှာ တစ်ဦးရဲ့wall မှာ တစ်ဦးက အမှတ်တရပို့စ်တစ်ခုခု မလုပ်တာနဲ့ပတ်သက်ပြီး ပြသနာတက်ကြတယ်။

facebook ပေါ်မှာ တစ်ခြားသော အတွဲပေါင်းများစွာက သူတို့ရဲ့အမှတ်တရဖြစ် တဲ့ နေ့လေးတွေမှာ တစ်ယောက်ရဲ့ wall တစ်ယောက်ဝင်ကြည့်၊ ပို့စ်လေးတွေ လုပ်တတ်ကြပါတယ်။ ဒီရေစီးကြောင်းထဲရောက်ပြီးလို့ကတော့ ပြန်ထွက်ဖို့ ခက်ခဲသွားပါပြီ။ ချစ်စခင်စ ကြင်နာစအချိန်တွေတုန်းက ခုလိုတွေလုပ်ခဲ့ပေမယ့် နောက်ပိုင်းခုလို လုပ်ဖို့ ပျက်ကွက်လာမယ်ဆိုရင်တော့ နှစ်ဦးသား အချစ်တွေလျော့သွားပြီလားဆိုပြီး ပြသနာရှာတတ်ကြပါတယ်။

၆။ကိုယ့်ချစ်သူကို တစ်ခြားသူတွေရဲ့ အလှဓာတ်ပုံမှာ tag လုပ်ထားတာမျိုး မကျေမနပ်ဖြစ်တတ်ကြတယ်။

တစ်ခါတစ်လေ ကောင်မလေးတွေက သူတို့ရဲ့အလှဓာတ်ပုံတိုင်းမှာ ကိုယ့်ချစ်သူကောင်လေးကို tag ပေးထားပြီး Like လုပ်ဖို့ပြောထားတာမျိုး တစ်ခါ၊ နှစ်ခါ မဟုတ် အကြိမ်ပေါင်းများစွာ မြင်တွေ့လာရပြီဆိုရင် ကိုယ့်ချစ်သူကောင်လေးကိုရော၊ အဲ့ဒီကောင်မလေးတွေကိုပါ ဒေါသထွက်လာရပါပြီ။ ကိုယ့်ကောင်လေးအနေနဲ့လည်း သူတို့ရဲ့ဓာတ်ပုံမှာ tag မလုပ်ဖို့ သူတို့ကို ပြတ်ပြတ်သားသား ပြောဖို့လိုလာပြီ ကိုယ့်ဘက်က ဖွင့်ဟလာရပါပြီ။

၇။ကိုယ်အမြင်မကြည်တဲ့သူရဲ့ပို့စ်၊ ဓာတ်ပုံအောက်မှာ ကိုယ့်ချစ်သူရဲ့ Like တွေကို တွေ့လို့ ဒေါသဖြစ်ကြတယ်။

လူမှုကွန်ယက်မှာ ကိုယ်နဲ့ချစ်သူ ၊ ခင်သူတွေ ရှိသလို ကိုယ်ကြည့်မရတဲ့၊ ကိုယ်နဲ့လုံးဝအဆင်မပြေတဲ့သူတွေ ရှိတတ်ကြပါတယ်။ ဒါကို block လို့လည်းမရ၊ unfriend လုပ်လို့မကောင်းတာမို့ ဆက်ထားနေရပေမယ့် သူတို့တင်တဲ့ပို့စ်တွေ၊ ဓာတ်ပုံတွေကိုတော့ ကိုယ့်အနေနဲ့ Like မလုပ်ဖြစ်တော့တဲ့အခါ ကိုယ့်ချစ်သူ ကိုပါ ကိုယ့်လိုဖြစ်စေချင်ကြပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ ကိုယ့်ချစ်သူကတော့ Like တွေ၊ comment တွေ ၀င်ရေးနေမယ်ဆို နှစ်ဦးသား ပြသနာတက်ပြီလို့သာ မှတ်လိုက်ပါတော့။

Ref:yourtango, cosmopolitan.com
Trend Myanmar
ချစ်သူစုံတွဲတွေ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook မှာ စုံတွဲဓာတ်ပုံတွေ တင်ကြတယ်၊ relationship status တင်ပြီး တစ်ဦးနဲ့တစ်ဦး ဘယ်လောက် ချစ်တယ်ဆိုတဲ့အကြောင်းကိုလည်း စတေးတပ်စ်တွေ တင်ကြတယ်။ ဒါပေမယ့် သူတို့ကြားမှာ facebook ကြောင့် တက်တဲ့ ပြသနာတွေ အနည်းအများတော့ ရှိတတ်ကြပါတယ်။ တစ်ချို့သ၀န်တိုတတ်တဲ့ ချစ်သူတွေဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ facebook ကြောင့် ကွဲသွားတဲ့ ချစ်သူစုံတွေတွေလည်း ခုဆို တော်တော်များလာပြီလို့ စစ်တမ်းတွေအရ သိရပါတယ်။ ဒီတော့ ချစ်သူစုံတွဲ တွေကြား facebook ကြောင့် ဘယ်လိုပြသနာလေးတွေ ဖြစ်တတ်သလဲဆိုတာ ကြည့်ရအောင်။


၁။ကိုယ့်ချစ်သူကို လာ add တဲ့သူ ဘယ်သူတွေလဲဆိုပြီး သိချင်ကြတယ်။ ပြသနာရှာကြတယ်။
နှစ်ယောက်စလုံး facebook သုံးနေတဲ့အချိန် ကိုယ့်ချစ်သူကို ဘယ်သူတွေ လာပြီး fri request ပို့ထားသလဲ။ ကိုယ့်အသိတွေလား။ အီစီကလီလုပ်မယ့်သူ တွေလား စသဖြင့် သိချင်ကြပါတယ်။ တစ်ချို့ဆိုရင် မိန်းကလေးဆိုလက်မခံနဲ့၊ ယောင်္ကျားလေးဆို လက်မခံရဘူး ဆိုပြီး ကိုယ့်ချစ်သူကို တားမြစ်ထားတာတွေ တောင်ရှိလာပါတယ်။

၂။ကိုယ့်ချစ်သူရဲ့ account ထဲမှာ သူ့ရဲ့အရင်ရည်းစားဟောင်းတွေ ရှိနေသေးလား၊ သူတို့အဆက်အသွယ် ရှိနေသေးသလား ဆိုပြီး ပြသနာရှာကြတယ်။
ရည်းစားဟောင်းနဲ့ ဘာမှမဟုတ်တော့ဘူး။ သူငယ်ချင်းလိုပဲ ပြန်ခင်မင်နေတယ် ဆိုတာမျိုး လက်ခံပေးနိုင်တဲ့ ရည်းစားရှားပါတယ်။ အရင်ရည်းစားကိုယ့် account ထဲမှာရှိနေရင် သူဘာတွေလုပ်နေလဲ ဆိုတာလောက်တော့ နည်းနည်းပါးပါး သိချင်ကြတာရှိတတ်ပါတယ်။ ဒါ့အပြင် ကိုယ့်ချစ်သူရဲ့ရည်းစား ဟောင်းက ကိုယ့်ချစ်သူကို ပြန်လာပတ်သက်မှာ စိုးရိမ်တာမျိုးတွေလည်း ရှိပါတယ်။ တကယ်လို့ ကိုယ့်ချစ်သူရဲ့ ဓာတ်ပုံမှာသာ သူ့ရည်းစားဟောင်းရဲ့ Like လေးတစ်ချက် တွေ့လိုက်ရင် ခေါင်းမီးတောက်ပြီး နှစ်ဦးသား ပြသနာတက်ပြီသာ မှတ်ပါတော့။

၃။chat ထဲမှာ ဘယ်သူတွေနဲ့ ဘာတွေပြောနေသလဲ သိချင်ကြတယ်။
တစ်ခါတစ်လေ ကိုယ့်အလုပ်၊ ကိုယ့်ကျောင်း၊ ကိုယ်ဝါသနာပါရာ ကိစ္စရပ် တစ်ချို့ကြောင့် ကိုယ့်ကို မိတ်ဆွေလာဖွဲ့တာ၊ မေးမြန်းတာမျိုးတွေရှိနိုင်ပေမယ့် တစ်ချို့လူတွေကျတော့လည်း ဒီအတိုင်းရောချင်တာ မျိုးတွေ ရှိပါတယ်။ ဒါကို ပြန်ပြောသင့်၊ မပြောသင့်ဆိုတာ ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာပါ။ ကိုယ့်ချစ်သူ ကတော့ မမြင်ကွယ်ရာမှာ သူစိမ်းတစ်ယောက်နဲ့ chat နေတာမျိုးသိရင် စိတ်ပူကောင်း စိတ်ပူပါလိမ့်မယ်။ ဒါဆိုရင် ဘာ့ကြောင့် chat ရတယ် ဆိုတာ၊ အကြောင်းကိစ္စရှိလို့ chat ရတယ်ဆိုတာ သူနားလည်အောင် ရှင်းပြပါ။ လာ hi တဲ့သူတိုင်းနဲ့တော့ စကားပြန်မပြောမိပါစေနဲ့။ သူ့ယုံကြည်မှုတွေလည်း မဆုံးရှုံးပါစေနဲ့။

၎။ကိုယ့်စတေးတပ်စ်၊ ဓာတ်ပုံတွေမှာ ကိုယ့်ချစ်သူရဲ့ Like မရှိတာနဲ့ ပတ်သက်ပြီး ပြသနာတက်ကြတယ်။
မိန်းကလေးအများစုဟာ ကိုယ်တင်လိုက်တဲ့ပုံလေးတွေ၊ စတေးတပ်ပ်လေးတွေမှာ ကိုယ်ချစ်သူက ၀င်လက်မထောင်တာမျိုး လိုချင်ကြပါတယ်။ သူတို့ထောက်ခံအားပေးတာကိုလည်း လိုချင်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ သူ့ဘာသာသူသာ သပ်သပ်ကြီးနေပြီး လုပ်ချင်တဲ့ စတေးတပ်စ်တစ်ခုလောက်ကျမှ Like ကလစ်လေး လာနှိပ်တာမျိုးဆိုရင်တော့ သူတို့ စိတ်ကောက်ကြပါလိမ့်မယ်။ အထူးသဖြင့် ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ရေသားထားတဲ့ စတေးတပ်စ်မျိုးမှာပေါ့။

၅။နှစ်ဦးသားရဲ့ထူးခြားတဲ့နေ့တွေမှာ တစ်ဦးရဲ့wall မှာ တစ်ဦးက အမှတ်တရပို့စ်တစ်ခုခု မလုပ်တာနဲ့ ပတ်သက်ပြီး ပြသနာတက်ကြတယ်။
facebook ပေါ်မှာ တစ်ခြားသော အတွဲပေါင်းများစွာက သူတို့ရဲ့အမှတ်တရဖြစ် တဲ့ နေ့လေးတွေမှာ တစ်ယောက်ရဲ့ wall တစ်ယောက်ဝင်ကြည့်၊ ပို့စ်လေးတွေ လုပ်တတ်ကြပါတယ်။ ဒီရေစီးကြောင်းထဲ ရောက်ပြီးလို့ကတော့ ပြန်ထွက်ဖို့ ခက်ခဲသွားပါပြီ။ ချစ်စခင်စ ကြင်နာစအချိန်တွေတုန်းက ခုလိုတွေလုပ်ခဲ့ ပေမယ့် နောက်ပိုင်းခုလို လုပ်ဖို့ ပျက်ကွက်လာမယ်ဆိုရင်တော့ နှစ်ဦးသား အချစ်တွေလျော့ သွားပြီလား ဆိုပြီး ပြသနာရှာတတ်ကြပါတယ်။

၆။ကိုယ့်ချစ်သူကို တစ်ခြားသူတွေရဲ့ အလှဓာတ်ပုံမှာ tag လုပ်ထားတာမျိုး မကျေမနပ်ဖြစ်တတ်ကြတယ်။
တစ်ခါတစ်လေ ကောင်မလေးတွေက သူတို့ရဲ့အလှဓာတ်ပုံတိုင်းမှာ ကိုယ့်ချစ်သူကောင်လေးကို tag ပေးထားပြီး Like လုပ်ဖို့ပြောထားတာမျိုး တစ်ခါ၊ နှစ်ခါ မဟုတ် အကြိမ်ပေါင်းများစွာ မြင်တွေ့လာရပြီဆိုရင် ကိုယ့်ချစ်သူကောင်လေးကိုရော၊ အဲ့ဒီကောင်မလေးတွေကိုပါ ဒေါသထွက်လာရပါပြီ။ ကိုယ့်ကောင်လေး အနေနဲ့လည်း သူတို့ရဲ့ဓာတ်ပုံမှာ tag မလုပ်ဖို့ သူတို့ကို ပြတ်ပြတ်သားသား ပြောဖို့လိုလာပြီ ကိုယ့်ဘက်က ဖွင့်ဟလာရပါပြီ။

၇။ကိုယ်အမြင်မကြည်တဲ့သူရဲ့ပို့စ်၊ ဓာတ်ပုံအောက်မှာ ကိုယ့်ချစ်သူရဲ့ Like တွေကို တွေ့လို့ ဒေါသ ဖြစ်ကြတယ်။
လူမှုကွန်ယက်မှာ ကိုယ်နဲ့ချစ်သူ ၊ ခင်သူတွေ ရှိသလို ကိုယ်ကြည့်မရတဲ့၊ ကိုယ်နဲ့လုံးဝအဆင်မပြေတဲ့သူတွေ ရှိတတ်ကြပါတယ်။ ဒါကို block လို့လည်းမရ၊ unfriend လုပ်လို့မကောင်းတာမို့ ဆက်ထားနေရပေမယ့် သူတို့တင်တဲ့ပို့စ်တွေ၊ ဓာတ်ပုံတွေကိုတော့ ကိုယ့်အနေနဲ့ Like မလုပ်ဖြစ်တော့တဲ့အခါ ကိုယ့်ချစ်သူ ကိုပါ ကိုယ့်လိုဖြစ်စေချင်ကြပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ ကိုယ့်ချစ်သူကတော့ Like တွေ၊ comment တွေ ၀င်ရေး နေမယ်ဆို နှစ်ဦးသား ပြသနာတက်ပြီလို့သာ မှတ်လိုက်ပါတော့။

Ref:yourtango, cosmopolitan.com
Trend Myanmar

No comments:

Post a Comment