Friday 31 October 2014

ISIS တို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ထပ်မံကျူးလွန်ပြန်


အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက် အနောက်ဘက်ရှိ ထင်ရှားသော မြို့တစ်မြို့ဖြစ်သော ဟစ် မြို့တွင် ISIS တို့ကို တွန်းလှန်တိုက်ခိုက်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့သူ လူ ၃၀ ခန့်ကို ISIS တို့က မြို့၏ လူစည်ကားသော လမ်းမကြီးတွင် သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သည်။


ဟစ်မြို့သည့် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းက အီရတ်အစိုးရတပ်ဖွဲ့ဝင်များနှင့် ISIS တို့အကြားတိုက်ပွဲများဖြစ်ပွားခဲ့သော မြို့တစ်မြို့ဖြစ်သည်။ မြို့လယ်ခေါင်တွင် သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၃၀ ဦးသည် တိုက်ပွဲများဖြစ်ပွားစဉ်အတွင်းက အီရတ်အစိုးရနှင့် ISIS ဆန့်ကျင်ရေးအုပ်စုများဘက်သို့ ပူးပေါင်းဆောင်ရွက်ခဲ့သူများဖြစ်ကြောင် ဟစ်မြို့ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။


ISIS များ သေဆုံးခဲ့သူ လူ ၃၀ ခန့်ကို မြို့၏ ထင်ရှားရာ လမ်းမကြီဖြစ်သည့် အယ်ဘာကာ တွင်စီတန်း စေပြီး သေနတ်ဖြင့် ပစ်ခတ်မှုမပြုခင် မြို့အတွင်းသို့ စီတန်းလှည့်လည်စေမှုပြုခိုင်းခဲ့ပြီး ISIS ကိုဆန့်ကျင် သူများ အနေဖြင့် ၎င်းတို့ကဲ့သို့ သေပွဲဝင်ရမည်ဖြစ်ကြောင်း မြို့သူမြို့သားများအား ခြောက်လှန့်မှု များလည်းပြုလုပ်ခဲ့သည်ဟု သိရသည်။ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဆွန်နီလူမျိုး ၃၀ ဦးခန့်နှင့် ပတ်သက်ပြီး အီရတ်အစိုးရ၏ ထုတ်ပြန်ချက်များအရ ၎င်းတို့သည် ယခင်က အီရတ်အစိုးရတပ်ဖွဲ့ဝင်များဖြစ်ခဲ့ဖွယ် ရှိသည်ဟု သိရသည်။

အောင်ဟိန်းခိုင် ( ref : dailymail)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment