Thursday 30 October 2014

အီဘိုလာစိုးရိမ်မှုများရှိသော်လည်း ကလပ်ကမ္ဘာ့ဖလားကို မော်ရိုကိုတွင်သာ ကျင်းပမည်

Photo: အီဘိုလာစိုးရိမ်မှုများရှိသော်လည်း ကလပ်ကမ္ဘာ့ဖလားကို မော်ရိုကိုတွင်သာ ကျင်းပမည်
Thursday, October 30, 2014

လာမည့် ဒီဇင်ဘာတွင် အာဖရိကတိုက် မော်ရိုကိုနိုင်ငံ၌ ကျင်းပမည့် ဖီဖာ၏ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲများကို အီဘိုလာရောဂါပြန့်ပွားမှု စိုးရိမ်မှုများ ရှိနေသော်လည်း စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ဖီဖာက ထုတ်ပြန်သည်။

ဆယ်ရက်တာကျင်းပမည့် ထိုနှစ်စဉ်ပြိုင်ပွဲတွင် ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အပါအဝင် တိုက်ကြီးများအလိုက် ချန်ပီယံကလပ်များ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ဖီဖာက ၎င်းတို့သည် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် မော်ရိုကိုအာဏာပိုင်များနှင့် အဆက်မပြတ် ဆက်သွယ်မှုရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှလည်း အကြံဉာဏ်များ ရယူထားကြောင်းဆိုသည်။

မော်ရိုကိုသည် ကလပ်ကမ္ဘာ့ ဖလားအပြင် အာဖရိကနိုင်ငံများ ဖလားပွဲကိုလည်း ၂၀၁၅ ဇန်နဝါရီလတွင် ကျင်းပနိုင်ရန် စီစဉ်ထား သည်။

‘‘ကစားသမားတွေ၊ ပွဲတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေရဲ့ ကျန်းမာရေးဟာ အခြားမည်သည့် ဖီဖာပြိုင်ပွဲမှာမဆိုလိုပဲ မိမိတို့ရဲ့ အမြင့်ဆုံး ဦးစားပေးလုပ်ငန်းနေရာမှာ ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အဆိုအရလည်း လက်ရှိမှာ မော်ရိုကိုမှာ အီဘိုလာရောဂါဖြစ်ပွားမှု လုံးဝမရှိသေးပါဘူး။ ဒါကြောင့် စီစဉ်ထားတဲ့အတိုင်း ပွဲကျင်းပဖို့ ပြင်ဆင်မှုတွေကို ဆက်လုပ်သွားမှာပါ’’ဟု ဖီဖာ၏ ကြေညာချက်တွင် ဖော်ပြသည်။

Ref: BBC
လာမည့် ဒီဇင်ဘာတွင် အာဖရိကတိုက် မော်ရိုကိုနိုင်ငံ၌ ကျင်းပမည့် ဖီဖာ၏ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ များကို အီဘိုလာရောဂါပြန့်ပွားမှု စိုးရိမ်မှုများ ရှိနေသော်လည်း စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ဖီဖာက ထုတ်ပြန်သည်။

ဆယ်ရက်တာကျင်းပမည့် ထိုနှစ်စဉ်ပြိုင်ပွဲတွင် ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အပါအဝင် တိုက်ကြီးများ အလိုက် ချန်ပီယံကလပ်များ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ဖီဖာက ၎င်းတို့သည် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် မော်ရိုကိုအာဏာပိုင်များနှင့် အဆက်မပြတ် ဆက်သွယ်မှု ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှလည်း အကြံဉာဏ်များ ရယူထားကြောင်းဆိုသည်။

မော်ရိုကိုသည် ကလပ်ကမ္ဘာ့ ဖလားအပြင် အာဖရိကနိုင်ငံများ ဖလားပွဲကိုလည်း ၂၀၁၅ ဇန်နဝါရီလတွင် ကျင်းပနိုင်ရန် စီစဉ်ထား သည်။

‘‘ကစားသမားတွေ၊ ပွဲတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေရဲ့ ကျန်းမာရေးဟာ အခြားမည်သည့် ဖီဖာပြိုင်ပွဲမှာ မဆိုလိုပဲ မိမိတို့ရဲ့ အမြင့်ဆုံး ဦးစားပေးလုပ်ငန်းနေရာမှာ ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အဆိုအရ လည်း လက်ရှိမှာ မော်ရိုကိုမှာ အီဘိုလာရောဂါဖြစ်ပွားမှု လုံးဝမရှိသေးပါဘူး။ ဒါကြောင့် စီစဉ်ထားတဲ့ အတိုင်း ပွဲကျင်းပဖို့ ပြင်ဆင်မှုတွေကို ဆက်လုပ်သွားမှာပါ’’ဟု ဖီဖာ၏ ကြေညာချက်တွင် ဖော်ပြသည်။

Ref: BBC

No comments:

Post a Comment