Friday 31 October 2014

တရုတ်နိုင်ငံတွင် လေထု ညစ်ညမ်း မှုကို ဖြစ်စေသည့် စက်ရုံ ၃၇၅ ရုံကို ပိတ်ပစ်

Photo: တရုတ်နိုင်ငံတွင် လေထု ညစ်ညမ်း မှုကို ဖြစ်စေသည့် စက်ရုံ ၃၇၅ ရုံကို ပိတ်ပစ်
Friday, October 31, 2014  

တရုတ်နိုင်ငံတွင် ၂ဝ၁၃-၂ဝ၁၇ ပတ်ဝန်းကျင် လေထုသန့်ရှင်းရေး အစီအစဉ်၏ တစ်စိတ် တစ်ဒေသအဖြစ် ၎င်းနိုင်ငံ အတွင်းရှိ လေထုညစ်ညမ်းမှုကို ဖြစ်စေသော စက်ရုံ ၃၇၅ ရုံကို အစိုးရက ယခုနှစ်အတွင်း ပိတ်ပစ်ခဲ့ ကြောင်း ဆင်ဟွာ သတင်းဌာနက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ပေကျင်းမြို့၌ လာမည့်လတွင် ကျင်းပမည့် Asia-Pacific Economic Cooperation (APEC) ထိပ်သီးဆွေးနွေး ပွဲမတိုင်မီ အဆိုပါ စက်ရုံများကို ပိတ်ပစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းဆွေးနွေးပွဲသို့ အမေရိ ကန် သမ္မတ ဘားရက်အိုဘားမားနှင့် အခြားနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်ဟု သိရသည်။

အပိတ်ခံရသော စက်ရုံများတွင် သံရည်ကျိုစက်ရုံ၊ ပန်းကန်စက်ရုံ၊ ဆောက်လုပ်ရေး ပစ္စည်းစက်ရုံ၊ ကြွေထည်မြေထည် စက်ရုံ၊ ဖန်ချက်စက်ရုံ၊ ပရိဘောဂစက်ရုံနှင့် ဆေးဆိုးပန်းရိုက် စက်ရုံတို့ပါဝင်ကြောင်း ပေကျင်းမြို့ရှိ စီးပွားရေးကော်မရှင်နှင့် သတင်း အချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် ၂ဝ၁၃ ခုနှစ်က လည်း နိုင်ငံအတွင်းရှိ စက်ရုံ ၆၆၃ ရုံကို ပိတ်ပစ်ခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် စက်ရုံ စုစုပေါင်း ၁၂ဝဝ ကို ထပ်မံပိတ်ပစ်ရန် စီစဉ်ထားကြောင်း စီးပွားရေးကော်မရှင်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

မြ၀တီ
တရုတ်နိုင်ငံတွင် ၂ဝ၁၃-၂ဝ၁၇ ပတ်ဝန်းကျင် လေထုသန့်ရှင်းရေး အစီအစဉ်၏ တစ်စိတ် တစ်ဒေသအဖြစ် ၎င်းနိုင်ငံ အတွင်းရှိ လေထုညစ်ညမ်းမှုကို ဖြစ်စေသော စက်ရုံ ၃၇၅ ရုံကို အစိုးရက ယခုနှစ်အတွင်း ပိတ်ပစ်ခဲ့ ကြောင်း ဆင်ဟွာ သတင်းဌာနက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ပေကျင်းမြို့၌ လာမည့်လတွင် ကျင်းပမည့် Asia-Pacific Economic Cooperation (APEC) ထိပ်သီးဆွေးနွေး ပွဲမတိုင်မီ အဆိုပါ စက်ရုံများကို ပိတ်ပစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းဆွေးနွေးပွဲသို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် အခြားနိုင်ငံ များမှ ခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်သည်ဟု သိရသည်။

အပိတ်ခံရသော စက်ရုံများတွင် သံရည်ကျိုစက်ရုံ၊ ပန်းကန်စက်ရုံ၊ ဆောက်လုပ်ရေး ပစ္စည်းစက်ရုံ၊ ကြွေထည် မြေထည် စက်ရုံ၊ ဖန်ချက်စက်ရုံ၊ ပရိဘောဂစက်ရုံနှင့် ဆေးဆိုးပန်းရိုက် စက်ရုံတို့ပါဝင်ကြောင်း ပေကျင်းမြို့ရှိ စီးပွားရေးကော်မရှင်နှင့် သတင်း အချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် ၂ဝ၁၃ ခုနှစ်က လည်း နိုင်ငံအတွင်းရှိ စက်ရုံ ၆၆၃ ရုံကို ပိတ်ပစ် ခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် စက်ရုံ စုစုပေါင်း ၁၂ဝဝ ကို ထပ်မံပိတ်ပစ်ရန် စီစဉ်ထားကြောင်း စီးပွားရေး ကော်မရှင်၏ ပြောကြားချက်ကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

မြ၀တီ

No comments:

Post a Comment