Friday 31 October 2014

ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွင် ခွင့်ပြုချက်မရဘဲ သယ်သည့် ထိုင်းဘတ်ငွေ ၂ သန်း ဖမ်းမိ



Photo: ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွင် ခွင့်ပြုချက်မရဘဲ သယ်သည့် ထိုင်းဘတ်ငွေ ၂ သန်း ဖမ်းမိ
Friday, October 31, 2014

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နဲ့ တာချီလိတ်ကြား ချစ်ကြည်ရေးတံတားဂိတ်မှာ ခွင့်ပြုချက်မရဘဲ သယ်ဆောင်တဲ့ ဘတ်ငွေ ၂ သန်း ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

အကောက်ခွန်ဌာနကို အကြောင်းမကြားဘဲ သယ်ဆောင်ခဲ့တဲ့ အဲဒီငွေတွေကို အောက်တိုဘာ ၃၀ ရက်နေ့က ခရီးသည်တဦးဆီကနေ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်အကောက်ခွန် ဦးစီးမှူး  နိုင်းဆုန်း လစ်ပူဆရားက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံအကောက်ခွန်ဥပဒေအရ  ပြည်တွင်းကငွေ ပြည်ပကို သယ်ဆောင်ခွင့်  ဘတ်  ၄ သိန်း ၅ သောင်းအထိပဲ ခွင့်ပြုထားကြောင်း၊ အဲဒီထက်ကျော်တဲ့ ငွေတွေ သယ်ဆောင်လိုရင် အကောက်ခွန်ဌာနကို အကြောင်းကြားရမှာဖြစ်သလို ထိုင်းနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ထောက်ခံစာပါ လိုအပ်တယ်လို့ အကောက်ခွန်မှူးက ဆက်ပြောပါတယ်။

ဖမ်းဆီးခံထားရသူမှာ ထိုင်းနိုင်ငံသား  နိုင်းဒေးဗစ် ခမ်းနွဲ့ ဆိုသူဖြစ်ပြီး တာချီလိတ်မြို့  Allure Resort အော်ရိုရာ ရီးဆော့တ် (တည်းခိုခန်း) နဲ့ ကာစီနိုကစားဝိုင်းရုံက ငွေစာရင်းဝန်ထမ်း ဖြစ်ကြောင်း၊ အဲဒီငွေတွေဟာလည်း တည်းခိုခန်းပိုင်ဖြစ်ပြီး သူ့အနေနဲ့ ငွေသည်ဆောင်ခွင့် ဥပဒေကို မသိပါကြောင်း၊ ငွေတွေကို ထိုင်းကော်မာရှယ်ဘဏ်ကနေ ထုတ်ခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူ တွေကို ဖွင့်ဆိုခဲ့တယ်လို့  သတင်းမှာ ဖော်ပြသွားပါတယ်။

ဒီဗွီဘီ

ဓာတ်ပုံ – maesainewsonline.com
ဓာတ်ပုံ – maesainewsonline.com

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နဲ့ တာချီလိတ်ကြား ချစ်ကြည်ရေးတံတားဂိတ်မှာ ခွင့်ပြုချက်မရဘဲ သယ်ဆောင် တဲ့ ဘတ်ငွေ ၂ သန်း ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။

အကောက်ခွန်ဌာနကို အကြောင်းမကြားဘဲ သယ်ဆောင်ခဲ့တဲ့ အဲဒီငွေတွေကို အောက်တိုဘာ ၃၀ ရက်နေ့က ခရီးသည်တဦးဆီကနေ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်အကောက်ခွန် ဦးစီးမှူး  နိုင်းဆုန်း လစ်ပူဆရားက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းနိုင်ငံအကောက်ခွန်ဥပဒေအရ  ပြည်တွင်းကငွေ ပြည်ပကို သယ်ဆောင်ခွင့်  ဘတ်  ၄ သိန်း ၅ သောင်းအထိပဲ ခွင့်ပြုထားကြောင်း၊ အဲဒီထက်ကျော်တဲ့ ငွေတွေ သယ်ဆောင်လိုရင် အကောက်ခွန်ဌာနကို အကြောင်းကြားရမှာဖြစ်သလို ထိုင်းနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ထောက်ခံစာပါ လိုအပ်တယ်လို့ အကောက်ခွန်မှူးက ဆက်ပြောပါတယ်။

ဖမ်းဆီးခံထားရသူမှာ ထိုင်းနိုင်ငံသား  နိုင်းဒေးဗစ် ခမ်းနွဲ့ ဆိုသူဖြစ်ပြီး တာချီလိတ်မြို့  Allure Resort အော်ရိုရာ ရီးဆော့တ် (တည်းခိုခန်း) နဲ့ ကာစီနိုကစားဝိုင်းရုံက ငွေစာရင်းဝန်ထမ်း ဖြစ်ကြောင်း၊ အဲဒီငွေတွေဟာလည်း တည်းခိုခန်းပိုင်ဖြစ်ပြီး သူ့အနေနဲ့ ငွေသည်ဆောင်ခွင့် ဥပဒေကို မသိပါကြောင်း၊ ငွေတွေကို ထိုင်းကော်မာရှယ်ဘဏ်ကနေ ထုတ်ခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူ တွေကို ဖွင့်ဆိုခဲ့တယ်လို့  သတင်းမှာ ဖော်ပြသွားပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment