Friday 31 October 2014

မြန်မာ ယူ ၁၉ အသင်းအား ရုပ်ရှင်နှင့်ဂီတ အနုပညာရှင်များ ဂုဏ်ပြုဖျော်ဖြေပွဲပြုလုပ်မည်

နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၆ နာရီတွင် သုဝဏ္ဏမိုးလုံလေလုံအားကစားပြိုင်ပွဲရုံ ၁ တွင် မြန်မာ ယူ ၁၉ အသင်းအား ဂုဏ်ပြုသည့်အနေဖြင့် ဖျော်ဖြေပွဲ ကျင်းပမည်ဟု သိရသည်။

၎င်းအခမ်းအနားတွင် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်သည့် " လူကျွံဘော " ပြဇာတ်ကို တင်ဆက်မည်ဖြစ်ပြီး ပါဝင်မည့် သရုပ်ဆောင်များမှာ လူမင်း၊ ပြေတီဦး၊ ခန့်စည်သူ ၊ နေတိုး ၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို ၊ ထွန်းထွန်း ၊ စိုးမြတ်သူဇာ အစရှိသည့် နာမည်ကျော်သရုပ်ဆောင်များစွာ ပါဝင်မည်ဖြစ် သည်။ အဆိုတော်များဖြစ်ကြသည့် စိုင်းစိုင်းခမ်းလှိုင် ၊ အာဇာနည် ၊ လင်းလင်း ၊ဇော်ပိုင် ၊ ဘန်နီဖြိုး ၊ ဝေလ ၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ၊ သီရိဆွေ၊ အိမ့်ချစ် ၊ နီနီခင်ဇော် စသည့်တေးသံရှင်များလည်း ပါဝင်ဖျော်ဖြေ မည်ဖြစ်သည်။

Popular Journal

No comments:

Post a Comment