Friday 31 October 2014

ဒေသအချို့တွင် မိုးတိမ်တောင် အန္တရာယ်ရှိနေ

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ် နေပြီး လေထု မငြိမ်မသက်ဖြစ်မှုကြောင့် နိုဝင်ဘာအတွင်း မြန်မာ နိုင်ငံဒေသအချို့တွင် မိုးတိမ် တောင်အန္တရာယ်ရှိနေ ကြောင်း ဒေါက်တာထွန်းလွင်က ပြော သည်။

မြန်မာတစ်နိုင်ငံလုံးမှ အနောက်တောင်မုတ်သုံလေ ဆုတ် ခွာသွားပြီးနောက် မိုးအားလျော့ သွားသော်လည်း အောက်တိုဘာ လနှောင်းပိုင်းမှစကာ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် မြန်မာ နိုင်ငံဒေသအချို့နေရာ ကွက်၍ မိုးပြန်ကောင်းခဲ့သည်။

ယင်းဖြစ်စဉ်မှာ မိုးလွန်ကာ လတွင် ရင်ဆိုင်ရလေ့ရှိသော် လည်း ရာသီအထိုင်မကျမှုကြောင့် ဖြစ်နေသည့် မိုးတိမ်တောင် အန္တ ရာယ်မှ ရန်ကုန်၊ ဧရာဝတီ၊ တန င်္သာရီတိုင်းဒေသကြီး၊ မွန်နှင့် ရှမ်း ပြည်နယ်ဘက်တွင် ဖြစ်ပေါ်နေ ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးသည်။

အောက်တိုဘာ ၂၇ ရက်က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့တွင် မုန်တိုင်းဒဏ်ခံအ ဆောက်အအုံ အနီး မိုးကြိုးပစ်မှု ကြောင့် ကျောင်းသူ နှစ်ဦးဒဏ်ရာ ရခဲ့သည်။ ရန်ကုန်မြို့ပေါ်တွင် လည်း လျှပ်စီးလက်ခြင်း နှင့် မိုး ခြိမ်းခြင်းများ မကြာခဏဖြစ်ပွား နေကာမွန်နှင့် ကရင်ပြည်နယ် ဘက်တွင် နေရာကွက်ပြီး မိုးကောင်း နေ ကြောင်း မိုး/ဇလက သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာနှောင်းပိုင်း အတွင်း နေရာကွက်၍ ရွာသော မိုးကြောင့် ဒေသအလိုက်သီးနှံ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။ ဧရာဝတီတိုင်း ဒေသကြီး တွင်လည်း စပါးရိတ်သိမ်းချိန်ဖြစ် နေပြီး မိုးရွာသွန်းမှုကြောင့် ရိတ် သိမ်းမှုရပ်ထားရသည်မှ လွဲ၍ သီး နှံပျက်စီးမှု မရှိနိုင်ကြောင်း ဟင်္သာ တမြို့မှ ဆန်စပါးလုပ်ငန်းရှင် ဦး တင်ရီကပြောသည်။ အလယ်ပိုင်း ဒေသများတွင် ဆောင်းသီးနှံ စိုက် ပျိုးစဖြစ်နေပြီး ရွာသော မိုးမှာ အောင်ရေဖြစ်ခဲ့သော်လည်း ရေ လိုနေဆဲ ဖြစ်ကြောင်း မကွေးမြို့မှ တောင်သူတစ်ဦးကဆိုသည်။

အမေရိကန်မိုးလေ၀သဌာန က ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းမှ လေဖိ အားနည်းရပ်ဝန်း သည် နိုဝင်ဘာ ၆ ရက်နောက်ပိုင်းမှစကာ ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်း၊ အရှေ့ဖိ လစ်ပိုင်ပင်လယ်မှ စတင် ဖြစ်ပေါ် လာမည့်မုန်တိုင်းတောင်တရုတ် ပင်လယ်သို့ ရောက်ရှိချိန်နှင့် တိုက်ဆိုင်၍ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိ လာနိုင်ကြောင်း ခန့် မှန်းသတင်းထုတ်ထားသည်။

7Day DAILY

No comments:

Post a Comment