Friday 31 October 2014

ရီးရဲလ်ဂန္ထ၀င် ရာအူးလ်ကို နယူးယောက်အသင်း ခေါ်ယူ

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်းနှင့် ဂန္ထဝင်ကစားသမား ရာအူးလ်ကို နှစ်ရှည်စာချုပ် ချုပ်ဆိုလိုက်သည်ဟု မြောက်အမေရိက ဘောလုံးအဖွဲ့ချုပ် နယူးယောက်ကော့စမော့စ်အသင်းက ကြေညာသည်။

နယူးယောက်ကော့စမော့စ် အသင်းမှာ ၁၉၇၀ ပြည့်နှစ်များက ဘရာဇီးကြယ်ပွင့်ပီလီကို ခေါ်ယူခြင်းဖြင့် နာမည်ကျော်ခဲ့သော အသင်းဖြစ်သည်။ ရာအူးလ်မှာ ယင်းကလပ်အသင်း၏ မကြာမီ ဖွင့်လှစ်မည့် လူငယ် အကယ်ဒမီ အတွက် နည်းစနစ်အကြံပေးအဖြစ် ဆောင်ရွက်ကာ ဘောလုံးကစားခြင်းမှ အနားယူလိုက်ပါက အချိန်ပြည့် တာဝန်ယူရမည် ဖြစ်သည်။

‘‘ကော့စမော့စ်အသင်း နာ မည်နဲ့ ဒီမှာ ကစားခဲ့တဲ့ သူတွေရဲ့ အစဉ်အလာကို ဘောလုံးလောကတစ်ခုလုံး သိကြတယ်။ သူတို့တစ်တွေက အမေရိကန်မှာ ဘောလုံးအမြစ်တွယ်ဖို့ ကူညီခဲ့ကြပါတယ်။ သူတို့ရဲ့ ခြေရာနင်း ရတာ  ဂုဏ်ယူပါတယ်’’ဟု ရာအူးလ်က ထုတ်ပြန်ချက်တွင် ပြောကြားသည်။

Ref: Goal

No comments:

Post a Comment