Friday 31 October 2014

တရားရေးနယ်ပယ်သည် လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှုတွင် ပျော်မွေ့နေဟု သူရဦးအောင်ကိုပြော

တရားရေးနယ် ပယ်သည် လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှုထဲ၌ ပျော်မွေ့ နေခြင်း နှင့် တရားရုံးအဆင့်ဆင့် အပြန် အလှန်ကာကွယ်ပေးနေခြင်းတို့ ကြောင့် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ စိစစ် ရေး ကော်မတီ၏လုပ်ငန်းများ  ၉၀  ရာခိုင်နှုန်းမအောင်မြင်ဖြစ် နေရကြောင်း ကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပြောကြား လိုက်သည်။

‘‘တရားရေးနယ်ပယ်မှာ ပါ ၀င်လုပ်ဆောင်နေကြတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေ ထဲမှာ တချို့က လာဘ်ပေး လာဘ်ယူယဉ်ကျေးမှု ထဲမှာပျော်မွေ့နေတယ်လို့ ပြောရ မလိုဖြစ်နေတယ်။ တရားရုံး အဆင့်ဆင့်ကလည်း အထက် အောက် အပြန် အလှန်ချိတ်ဆက် ပြီး အကာအကွယ်ပေးနေကြ တယ်’’ဟု သူရဦးအောင်ကို က ပြောသည်။

တရားရေးနယ်ပယ်တွင် ခရိုင်၊ မြို့နယ်အဆင့်ဆင့် တရားသူကြီးအချို့နှင့် ၀န်ထမ်းများကို အရေးယူမှု ရှိလာသော်လည်း အထက်ဆင့်တရားသူကြီးများကို အရေးယူနိုင်ခြင်းမရှိဟုလည်း သူရဦးအောင်ကိုက ပြောသည်။ တရားရုံးများ  မထီမဲ့မြင်ပြုမှုဥပ ဒေအပါအ၀င် တရားရုံးများနှင့် တရားသူကြီးများကို ကာကွယ် ပေးထားသည်။ တည်ဆဲဥပဒေ များ များပြားလွန်းနေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကပင် တရားသူကြီး များကို ရာနှုန်းပြည့် နီးပါးအကာအကွယ်ပေးထား ခြင်းကြောင့် အရေးယူ၍ မရခဲ့ဟု လည်း သူရဦးအောင်ကို ကပြော သည်။

တရားလွှတ်တော်အဆင့် ဆင့်ပြင်ဆင်ဖွဲ့စည်းရာတွင် ပြည်သူ့ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်း များမှ ဥပဒေပညာရှင်များထည့်သွင်းဖွဲ့စည်း ရေးနှင့် ပြည်သူထိခိုက်နစ်နာစေသော ဥပဒေဟောင်းများ ပယ်ဖျက်၍ ကာကွယ်စောင့်ရှောက်နိုင် မည့် ဥပဒေသစ်များကို ပြဋ္ဌာန်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ကျယ်ပြန့်စွာ ပြင် ဆင်နိုင်ရန်လိုသည်ဟု ၎င်းက ဆက်လက်ပြောသည်။

တရားစီရင်ရေး၊ ဥပဒေရေး ရာနှင့် တိုင်ကြားစာများ၊ အသ နားခံစာများစိစစ်ဆောင်ရွက်ရေး ကော်မတီကို စတင်ဖွဲ့စည်းချိန်မှ ယခုနှစ်သြဂုတ်လထိ အမှုတွဲနှင့် တိုင်ကြားစာပေါင်း ၁၀,၃၀၀ ကျော် ရရှိခဲ့ပြီး အစိုးရ အဖွဲ့၊ သမ္မတရုံး၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ပြည်နယ်/တိုင်း တရားလွှတ်တော်များနှင့် အခြား ကော်မတီများသို့ အသီးသီးလွှဲ ပြောင်းပေးခဲ့သည်ဟု သိရသည်။

7Day DAILY

No comments:

Post a Comment