Friday 31 October 2014

တောင်ကျရေကြောင့် သဲဖုံးလွှမ်းပြီး အိမ်များပျက်စီးခဲ့သည့် ဒေသခံများ၏ တောင်းဆိုချက်များကို ဆောင်ရွက်ပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော်မည်ဟုဆို

Photo: တောင်ကျရေကြောင့် သဲဖုံးလွှမ်းပြီး အိမ်များပျက်စီးခဲ့သည့် ဒေသခံများ၏ တောင်းဆိုချက်များကို ဆောင်ရွက်ပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော်မည်ဟုဆို
Friday, October 31, 2014

မန္တ လေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရေမျက်ကျေးရွာတွင် စက်တင်ဘာ ၁၈ရက်က တောင်ကျရေကြောင့် နေ အိမ်များ သဲဖုံးလွှမ်းခြင်း၊ မျောပါ ပျက်စီးခြင်း၊ ဒေသခံကျေးရွာသား တချို့သေဆုံး၊ ပျောက်ဆုံးခဲ့ရခြင်း များ ဖြစ်ပေါ်ခဲ့မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ ယနေ့အ ချိန်ထိ စစ်ဆေးအရေးယူခြင်း၊ ညှိ နှိုင်းဆောင်ရွက်ခြင်းများ မပြုလုပ် ပေးသေးခြင်းကြောင့် နိုဝင်ဘာလ တွင် ထိုင်သပိတ်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စဥ့်ကူးမြို့နယ်အတွင်းရှိ ရွှေ တူးဖော်ရေးကုမ္ပဏီများမှ ချောင်း နက်ချောင်းအား ပိတ်ဆို့ကာ ရေ ကာတာတမံများပြုလုပ်၍ ရွှေတူး ဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ ခြင်းကြောင့် အဆိုပါဖြစ်စဉ်များဖြစ် ပေါ်ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံ များက ပြောသည်။

''သဲဖုံးလွှမ်းမှုဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုအချိန်ထိ ဘာမှလာ ရောက်ညှိနှိုင်းပေးတာ မရှိသေးဘူး။ အစိုးရကပေးတယ်ဆိုတဲ့ မြေနေရာ က ကျောက်ကုန်းတွင်းတောင် တူး လို့မရဘူး။ အပြင်က ပရဟိတအ သင်းတွေနဲ့ လူမှုရေးအဖွဲ့တွေရဲ့ ကူ ညီထောက်ပံ့မှုပဲရှိတယ်။ မိုးရွာသွန်း တာနဲ့ ဒီလို ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်စရာအကြောင်းမရှိပါဘူး။ စီး နေတဲ့ချောင်းကို ရေကာတာလုပ် ပြီး ပိတ်လုပ်လို့ အခုလို ဖြစ်တာပဲ။ ရေကလှောင်သလိုဖြစ်ပြီး မိုးများ တော့ တာကျိုးပြီး အခုလို ဖြစ် တာပါ။ ရေကာတာလုပ်စဉ်ကလဲ ကျေးရွာက မလုပ်ဖို့ သွားတား တယ်။ မရဘူး၊ သူတို့က ဆက်လုပ် တယ်။ တာဝန်ခံမှု တာဝန်ယူမှုမရှိ တဲ့ ကုမ္ပဏီတွေကိုလဲ အရေးယူဖို့ တောင်းဆိုသွားမယ်'' ဟု ရေမျက် ကျေးရွာသားတစ်ဦးက ပြောသည်။

ရေမျက်ကျေးရွာတွင် အိမ်ခြေ ၉၆လုံးရှိပြီး နေအိမ် ၈၂လုံး သဲဖုံး လွှမ်းခံခဲ့ရကာ လူသုံးဦးသေဆုံး၍ တစ်ဦးပျောက်ဆုံးခဲ့ကာ ပျောက်ဆုံး နေသူ ကိုယ်ဝန်ဆောင်မိခင်တစ် ဦး၏ ရုပ်အလောင်းကို ယနေ့အချိန် ထိ ပြန်လည်ရှာဖွေတွေ့ရှိခြင်းမရှိ သေးကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များဖြစ်ပွားခဲ့ ပြီးနောက် စဥ့်ကူးမြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများမှာ ပုံ မှန်အတိုင်း ဆက်လက်လုပ်ကိုင် လျက်ရှိနေပြီး ဒေသခံများထံ လာ ရောက်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ဖြေရှင်းပေးခြင်း မရှိသည့်အတွက် ဒေသခံများတောင်းဆိုသော တောင်း ဆိုချက် ခုနစ်ချက်ကို အောက်တိုဘာ လကုန်ထိ ဆောင်ရွက်ပေးခြင်းမရှိ ပါက နိုဝင်ဘာလအတွင်း ထိုင်သ ပိတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

AXE
Yangon Media Group
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ရေမျက်ကျေးရွာတွင် စက်တင်ဘာ ၁၈ရက်က တောင်ကျရေ ကြောင့် နေ အိမ်များ သဲဖုံးလွှမ်းခြင်း၊ မျောပါ ပျက်စီးခြင်း၊ ဒေသခံကျေးရွာသား တချို့သေဆုံး၊ ပျောက်ဆုံးခဲ့ရခြင်း များ ဖြစ်ပေါ်ခဲ့မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ ယနေ့အ ချိန်ထိ စစ်ဆေး အရေးယူခြင်း၊ ညှိ နှိုင်းဆောင်ရွက်ခြင်းများ မပြုလုပ် ပေးသေးခြင်းကြောင့် နိုဝင်ဘာလ တွင် ထိုင်သပိတ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စဥ့်ကူးမြို့နယ်အတွင်းရှိ ရွှေ တူးဖော်ရေးကုမ္ပဏီများမှ ချောင်း နက်ချောင်းအား ပိတ်ဆို့ကာ ရေကာတာ တမံများပြုလုပ်၍ ရွှေတူး ဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ ခြင်းကြောင့် အဆိုပါဖြစ်စဉ်များဖြစ် ပေါ်ခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။

''သဲဖုံးလွှမ်းမှုဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုအချိန်ထိ ဘာမှလာ ရောက်ညှိနှိုင်းပေးတာ မရှိသေးဘူး။ အစိုးရကပေးတယ်ဆိုတဲ့ မြေနေရာ က ကျောက်ကုန်းတွင်းတောင် တူး လို့မရဘူး။ အပြင်က ပရဟိတအ သင်းတွေနဲ့ လူမှုရေးအဖွဲ့တွေရဲ့ ကူ ညီထောက်ပံ့မှုပဲရှိတယ်။ မိုးရွာသွန်း တာနဲ့ ဒီလို ဘေးအန္တရာယ်ကြီး တစ်ခု ဖြစ်စရာအကြောင်းမရှိပါဘူး။ စီး နေတဲ့ချောင်းကို ရေကာတာလုပ် ပြီး ပိတ်လုပ်လို့ အခုလို ဖြစ်တာပဲ။ ရေကလှောင်သလိုဖြစ်ပြီး မိုးများတော့ တာကျိုးပြီး အခုလို ဖြစ်တာပါ။ ရေကာတာလုပ်စဉ်ကလဲ ကျေးရွာက မလုပ်ဖို့ သွားတားတယ်။ မရဘူး၊ သူတို့ကဆက်လုပ်တယ်။ တာဝန်ခံမှု တာဝန်ယူမှုမရှိတဲ့ ကုမ္ပဏီတွေကိုလဲ အရေးယူဖို့ တောင်းဆိုသွားမယ်'' ဟု ရေမျက် ကျေးရွာသားတစ်ဦးက ပြောသည်။

ရေမျက်ကျေးရွာတွင် အိမ်ခြေ ၉၆လုံးရှိပြီး နေအိမ် ၈၂လုံး သဲဖုံး လွှမ်းခံခဲ့ရကာ လူသုံးဦးသေဆုံး၍ တစ်ဦးပျောက်ဆုံးခဲ့ကာ ပျောက်ဆုံး နေသူ ကိုယ်ဝန်ဆောင်မိခင်တစ် ဦး၏ ရုပ်အလောင်းကို ယနေ့အချိန် ထိ ပြန်လည်ရှာဖွေတွေ့ရှိခြင်းမရှိ သေးကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များဖြစ်ပွားခဲ့ ပြီးနောက် စဥ့်ကူးမြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများမှာပုံ မှန်အတိုင်း ဆက်လက်လုပ်ကိုင် လျက်ရှိနေပြီး ဒေသခံများထံ လာရောက်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ဖြေရှင်းပေးခြင်း မရှိသည့်အတွက် ဒေသခံများတောင်းဆိုသော တောင်း ဆိုချက် ခုနစ်ချက်ကို အောက်တိုဘာ လကုန်ထိ ဆောင်ရွက်ပေးခြင်းမရှိ ပါက နိုဝင်ဘာလအတွင်း ထိုင်သ ပိတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

AXE
Yangon Media Group

No comments:

Post a Comment