Thursday 30 October 2014

တောင်ဒဂုံရှိ လယ်မြေပေါ်တွင် ယာဉ်ရပ်နားဝင်း တည်ဆောက်မှု လယ်သမားများကန့်ကွက်၍ ရပ်ဆိုင်းထား


ရန်ကုန်မြို့ တောင်ဒဂုံ မြို့နယ်ရှိ လယ်သမားများပိုင် ၁၅ ဧကအကျယ်ရှိ မြေကွက်ပေါ် တွင် မြို့နယ်စည်ပင် သာယာ က ကားရပ်နားဝင်းဆောက်လုပ်နေ ခြင်းကို လယ်သမားများလက်မခံရာမှ မြို့နယ်စည်ပင် ဝန်ထမ်း များ နှင့် လယ်သမားထိပ်တိုက်တွေ့ဆုံ ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ သည်။

အောက်တိုဘာ ၂၉ ရက် နံနက်က စည်ပင်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အလုပ်သမား ၅၀ ကျော်ဝင်ရောက်လုပ်ကိုင်ခြင်းအတွက် လယ်သမားများက တားဆီးပြောဆိုသဖြင့် လုပ်ငန်း ရပ်ဆိုင်းထား လိုက်ခြင်းဖြစ်သည်။

‘‘စိုက်ထားတဲ့စပါးတွေတော့ ရိတ်ပါရစေလို့ပြောတော့ ပြန် သွားကြတယ်။ လက်ရှိစပါးခင်း တွေကို ခြံခတ် တာကို လုံးဝလက် မခံပါဘူး။ တကယ်လုပ်မယ်ဆို ရင်လည်း တရားဝင်စာပေးပါ။ ဒါလေးတောင်စာ ထုတ်မပေးနိုင် ကြတာဟာ ယုတ္တိတော့မရှိဘူး။ တိုင်းရုံးကလုပ်ခိုင်းတာလို့ပြောတယ်။ တိုင်းဒေသကြီး အစိုးရရုံးကို သွားရောက်မေးမြန်းမှာပါ’’ဟု ဆန္ဒထုတ်ဖော်တောင်းဆိုရာတွင် ဦးဆောင်ပါဝင်သူဦးကျော်မင်း က ပြောသည်။

ဝင်ရောက်တားဆီးသူများ အားလည်း စည်ပင်သာယာဥပဒေ ဖြင့် တရားစွဲဆိုမည်ဟု အုပ်ချုပ် ရေးပိုင်းက ပြောဆိုသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

၁၉၈၂ ခုနှစ်တွင် အဆိုပါ ကွင်းအမှတ် ၄၅၀ ထိန်ပင်ကွင်းရှိ မြေကွက်များကို တပ်မတော်က သိမ်းယူခဲ့ပြီး နောက် မြို့ကွက်သစ် အကောင်အထည်ဖော်ခဲ့သည်။ မြို့သစ် အကောင်အထည်ဖော် ဆောင်ရာတွင် လျှပ်စစ်မြေကွက် များနှင့် လယ်မြေအချို့ကျန်ရှိနေ သေး၍ လယ်သမားများက ပြန် လည်ရရှိရေးအတွက် သတ်မှတ် ထားသည့်လုပ်ထုံးလုပ်နည်းများ နှင့် စာတင်တောင်းဆိုထားကြ သည်။

အောက်တိုဘာ ၂၅ ရက် နံနက်က တောင်ဒဂုံမြို့နယ် (၂၀) ရပ်ကွက်နှင့် (၅၅)ရပ်ကွက်ကြားရှိ ယင်းလယ် မြေပြန်လည် ရရှိ ရေးတောင်းနေဆဲကာလမှာပင် စည်ပင်သာယာမှ ကားရပ်နားဝင်း ဝင်ရောက် ဆောက် လုပ် နေခြင်း အပေါ် အဆိုပါရပ်ကွက်တွင် တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

‘‘ကျွန်တော်တို့က အပေါ်က တရားဝင်ချပေးထားလို့သာလုပ် တာပါ။ ဒီအပေါ်မှာ လာပြီးတား ဆီးတာတွေ၊ ကန့်ကွက်တာတွေ တော့မလုပ်သင့်ဘူးလေ။ တကယ်သူတို့မှာအထောက်အထားတွေရှိနေတယ်ဆို တိုင်းဒေသကြီးကိုတင်ပြပြီး တောင်းခံစေချင်တာပေါ့။ လက်ရှိလုပ်နေတာလည်း သတ်မှတ်ထားတဲ့အချိန်ကို အပြီးဆောက်ပေးရမှာဖြစ်လို့ အောက်ခြေကဝန်ထမ်းတွေနဲ့တော့ စကားလာမပြောစေချင်ဘူး။ လုပ်ငန်း ကော်မတီတွေရဲ့ ဆုံးဖြတ်ချက်တွေနဲ့လုပ်ရတာဖြစ်ပါတယ်’’ဟု တောင်ဒဂုံမြို့ နယ်စည်ပင်သာယာဌာနမှ ဌာနခွဲမှူးဦးဌေးလှိုင်ကပြောသည်။

7Day DAILY

No comments:

Post a Comment