Friday 31 October 2014

တောင်သမန်အင်းနှင့် ဦးပိန်တံတားထိန်းသိမ်းရန်အဖွဲ့ ဖွဲ့စည်းမည်

တောင်သမန်အင်းနှင့် ဦးပိန်တံတားရေရှည်တည်တံ့စေ ရေးအတွက် မြို့မိမြို့ဖများ၊ ဌာန ဆိုင်ရာများ ပါဝင် သည့် အဖွဲ့ တစ်ဖွဲ့ဖွဲ့စည်းကာ ထိန်းသိမ်း စောင့်ရှောက်သွားမည်   ဖြစ် ကြောင်း သတင်းရရှိသည်။

မြို့တော်စည်ပင်၊ ရှေး ဟောင်းသုတေသနဌာနနှင့် သက် ဆိုင်ရာအုပ်ချုပ်ရေးပိုင်းတာဝန်ရှိ သူများပါဝင် သည့် ထိန်းသိမ်းရေး အဖွဲ့တစ်ဖွဲ့အား တစုတစည်း တည်း ဖွဲ့စည်းနိုင်ရန် ဗုဒ္ဓဟူးနေ့ က တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးဦးဆောင်ပြီး ပြုလုပ်ခဲ့ ကြောင်း အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မန္တလေးမြို့ ရှေးဟောင်းသုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနခွဲမှ တာဝန်ရှိသူက ပြော သည်။

‘‘ဦးပိန်တံတားရေရှည်တည် တံ့ဖို့ အဖွဲ့လေးတစ်ဖွဲ့ဖွဲ့ပြီး ဆောင်ရွက်ဖို့ လက်ရှိအခြေအနေ တွေကော ဘယ်လိုရှိနေလဲ၊ စုပေါင်းပြီး ဘာလုပ်မလဲဆိုတာ တွေဆွေးနွေးခဲ့ကြတာ’’ဟု ၎င်း တာဝန်ရှိသူက ပြော သည်။

ယင်းဆွေးနွေးပွဲမှ ဒေသခံ နှင့် အဖွဲ့အစည်းများ၊ ဝန်ကြီး ဌာနများမှ ဝိုင်းဝန်းဆွေးနွေးချက် များကို တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် ဝန်ကြီးချုပ်သို့တင်ပြ ကာ ထိန်းသိမ်းမှုလုပ်ငန်းများကိုအဖွဲ့အစည်းဖြင့်   စုပေါင်း လုပ်ကိုင် ရန် စီစဉ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြား ခဲ့ သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် တောင် သမန်အင်းနှင့် ဦးပိန်တံတားကို မန္တလေးမြို့ရှေးဟောင်းသုတေ သန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနခွဲမှ အဓိကတာဝန်ယူထိန်းသိမ်းနေပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် ထိန်း သိမ်းခြင်းပြုနိုင်ရန်လည်း ဒေသခံ များပါဝင်သည့် တံတားအကျိုး တော်ဆောင်အဖွဲ့တစ်ဖွဲ့လည်းရှိ နေ သည်ဟု မန္တလေးမြို့ရှိ ရှေး ဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာနခွဲမှ သတင်းရရှိသည်။

နှစ်ပေါင်း (၁၆၅)နှစ်ကျော်ပြီ ဖြစ်သည့် ဦးပိန်တံတားသည် တစ်နှစ်ထက်တစ်နှစ် ပျက်စီးယို ယွင်းမှုများ   ရှိလာသောကြောင့် ယခုနှစ် ဧပြီအတွင်းက တိုင်း ဒေသကြီးရန်ပုံငွေဖြင့် ငွေကျပ် သိန်း ၁၃၀ ကျော် အသုံးပြုကာ တိုင်အခန်းပေါင်း ၂၁ ခန်းပြုပြင် ပေးထားသည်။

7Day DAILY

No comments:

Post a Comment