Friday 31 October 2014

လယ်ယာသုံးစက်ကိရိယာများ ကိုရီးယားချေးငွေဖြင့်ဝယ်ရန် လွှတ်တော်တွင် မဲခွဲရာ ထောက်ခံသူများ၍ အတည်ဖြစ်

Photo: လယ်ယာသုံးစက်ကိရိယာများ ကိုရီးယားချေးငွေဖြင့်ဝယ်ရန် လွှတ်တော်တွင် မဲခွဲရာ ထောက်ခံသူများ၍ အတည်ဖြစ်
Friday, October 31, 2014

 စက်ခလုတ်နှိပ် မဲ ပေးသော်လည်း မည်သည့်ကိုယ် စားလှယ်က ထောက်ခံ၊ကန့်ကွက်သည်ကို သိနိုင်သည့် Open Votingစနစ်ဖြင့် လယ်ယာသုံးစက်ကိရိ ယာများဝယ်ယူရန် ကိုရီးယားနိုင်ငံမှ ချေးငွေဒေါ်လာသန်း ၁၀၀ ရယူ မည့် အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲအများစုဖြင့် အနိုင်ရရှိ ခဲ့သည်။

အဆိုပါချေးငွေဖြင့် ကိုရီး ယားနိုင်ငံ Daedong ကုမ္ပဏီမှ လယ်ယာသုံးစက်ကိရိယာပစ္စည်း များကို အရစ်ကျငွေချေစနစ်ဖြင့် ၀ယ်ယူမည်ဖြစ်သော်လည်း လွှတ် တော်၏ အတည်ပြုချက်မရမီ ၀န် ကြီးဌာနက ဆောင်ရွက်ခဲ့သည့် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ် စားလှယ်များနှင့် တိုင်းရင်းသားပါ တီများမှ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်။

ထို့အပြင် လယ်ယာသုံး စက်ကိရိယာများဖြန့်ဖြူးပေးမည့် ၀န်ကြီးဌာနသည် သမ၀ါယမ၀န် ကြီးဌာနဖြစ်နေသဖြင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနသို့ လွှဲပြောင်းပေးရန် လည်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်နန်းဝါနုကပြော ကြားခဲ့သည်။

သို့သော်လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သည် ဒေသတိုင်းတွင် ရုံးမရှိခြင်း နှင့် အဆိုပါစက်ပစ္စည်းကိရိယာ များသည် လယ်သမားများထံသို့ပင် ရောင်းချပြီးဖြစ်နေသည့်အ တွက် ချေးငွေရယူရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များက ထောက်ခံခဲ့ကြ ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့က တောင်သူ လယ်သမားတွေ အဆင်ပြေစေဖို့ အတွက် လုပ်ရပ်ကို ကန့်ကွက် တာ မဟုတ်ဘူး။ လုပ်နည်းလုပ် ဟန်ကို ကန့်ကွက်တာ၊ ပထမ တစ်ခါလည်း လွှတ်တော်က ဆုံး ဖြတ်ပြီးသားကို နောက်တစ်ခါ ထပ်ပို့တယ်။ အခုသူက လုပ်ချင် တာလုပ်တယ်၊ လုပ်ပြီးတော့မှ လွှတ်တော်ကိုတင်ပြတယ်’’ဟု သမ၀ါယမ၀န်ကြီးဌာနက စက် များကို မှာယူရောင်းချပြီးမှသာ လွှတ်တော်အတည်ပြုချက်ရယူ နေခြင်းအပေါ် ဒေါက်တာအောင် မိုးညိုကပြောသည်။

သမ္မတ၏ ချေးငွေရယူရန် အတည်ပြုချက်တောင်းသည့်ကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ထောက်ခံမဲ ၄၂၇ မဲဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်၍ Open Voting စနစ်ဖြင့် မဲရေတွက်ခြင်းဖြစ်ရာ ပျောက်ဆုံး မဲ ၁၈ မဲနှင့် ကန့်ကွက်မဲပေးသူ များတွင်  မည်သည့်ပါတီများမှ ကိုယ်စားလှယ်များပါဝင်သည်ကို လည်း တွေ့မြင်ရသည်။

ယင်းသို့မဲခွဲဆုံးဖြတ်သည့် စနစ်သည် မည်သူက ပြည်သူ အတွက် ရပ်တည်ပြီး မည်သူက တိုင်းပြည်အတွက် ရပ်တည်သည် ဆိုသည်ကို သိနိုင်မည်ဖြစ်ပြီး အချိန်ကုန်ပါကလည်း ဆောင် ရွက်သွားမည်ဟု သူရဦးရွှေမန်းက ပြောကြားသွားသည်။

7Day DAILY 

လယ်ထွန်စက်ဖြင့် ထွန်ယက်နေသည့် လယ်ယာလုပ်ငန်းခွင်တစ်ခု-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

လယ်ထွန်စက်ဖြင့် ထွန်ယက်နေသည့် လယ်ယာလုပ်ငန်းခွင်တစ်ခု-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

 စက်ခလုတ်နှိပ် မဲ ပေးသော်လည်း မည်သည့်ကိုယ် စားလှယ်က ထောက်ခံ၊ကန့်ကွက်သည်ကို သိနိုင်သည့် Open Votingစနစ်ဖြင့် လယ်ယာသုံးစက်ကိရိ ယာများဝယ်ယူရန် ကိုရီးယားနိုင်ငံမှ ချေးငွေဒေါ်လာသန်း ၁၀၀ ရယူ မည့် အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲအများစုဖြင့် အနိုင်ရရှိ ခဲ့သည်။

အဆိုပါချေးငွေဖြင့် ကိုရီး ယားနိုင်ငံ Daedong ကုမ္ပဏီမှ လယ်ယာသုံးစက်ကိရိယာပစ္စည်း များကို အရစ်ကျငွေချေစနစ်ဖြင့် ၀ယ်ယူမည်ဖြစ်သော်လည်း လွှတ် တော်၏ အတည်ပြုချက်မရမီ ၀န် ကြီးဌာနက ဆောင်ရွက်ခဲ့သည့် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ် စားလှယ်များနှင့် တိုင်းရင်းသားပါ တီများမှ ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်။

ထို့အပြင် လယ်ယာသုံး စက်ကိရိယာများဖြန့်ဖြူးပေးမည့် ၀န်ကြီးဌာနသည် သမ၀ါယမ၀န် ကြီးဌာနဖြစ်နေ သဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနသို့ လွှဲပြောင်းပေးရန်လည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုကပြော ကြားခဲ့သည်။

သို့သော်လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သည် ဒေသတိုင်းတွင် ရုံးမရှိခြင်း နှင့် အဆိုပါ စက်ပစ္စည်းကိရိယာ များသည် လယ်သမားများထံသို့ပင် ရောင်းချပြီးဖြစ်နေသည့်အ တွက် ချေးငွေရယူရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ် စားလှယ်များက ထောက်ခံခဲ့ကြ ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့က တောင်သူ လယ်သမားတွေ အဆင်ပြေစေဖို့ အတွက် လုပ်ရပ်ကို ကန့်ကွက်တာ မဟုတ် ဘူး။ လုပ်နည်းလုပ် ဟန်ကို ကန့်ကွက်တာ၊ ပထမ တစ်ခါလည်း လွှတ်တော်က ဆုံး ဖြတ်ပြီးသားကို နောက်တစ်ခါ ထပ်ပို့တယ်။ အခုသူက လုပ်ချင် တာလုပ်တယ်၊ လုပ်ပြီးတော့မှ လွှတ်တော်ကိုတင်ပြတယ်’’ဟု သမ၀ါယမ၀န်ကြီးဌာနက စက်များကို မှာယူရောင်းချပြီးမှသာ လွှတ်တော်အတည်ပြုချက်ရယူ နေခြင်း အပေါ် ဒေါက်တာအောင် မိုးညိုကပြောသည်။

သမ္မတ၏ ချေးငွေရယူရန် အတည်ပြုချက်တောင်းသည့်ကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော် အစည်း အဝေးက ထောက်ခံမဲ ၄၂၇ မဲဖြင့် အတည်ပြုလိုက်ခြင်း ဖြစ်၍ Open Voting စနစ်ဖြင့် မဲရေတွက်ခြင်း ဖြစ်ရာ ပျောက်ဆုံး မဲ ၁၈ မဲနှင့် ကန့်ကွက်မဲပေးသူ များတွင်  မည်သည့်ပါတီများမှ ကိုယ်စားလှယ်များ ပါဝင်သည်ကို လည်း တွေ့မြင်ရသည်။

ယင်းသို့မဲခွဲဆုံးဖြတ်သည့် စနစ်သည် မည်သူက ပြည်သူ အတွက် ရပ်တည်ပြီး မည်သူက တိုင်းပြည်အတွက် ရပ်တည်သည် ဆိုသည်ကို သိနိုင်မည်ဖြစ်ပြီး အချိန်ကုန်ပါကလည်း ဆောင်ရွက်သွားမည်ဟု သူရ ဦးရွှေမန်း က ပြောကြားသွားသည်။

7Day DAILY

No comments:

Post a Comment