Friday 31 October 2014

မန္တလေးတွင် ခြင်းလုံးသင်တန်းကျောင်း ဖွင့်မည်

မန္တလေးမြို့အထွက်ရှိ တံတားဦးစကားအင်းအ၀ိုင်းအနီးတွင် သင်တန်းသား ရာချီလက်ခံ သင်ကြားပေးနိုင် မည့် ခြင်းလုံးသင် တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် စကားအင်းအ၀ိုင်းအနီးရှိ မြေတစ်ဧကပေါ်တွင် သင်တန်း ကျောင်းတည်ဆောက်နိုင်ရန် အားကစားဝန်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်သည်။ ၀န်ကြီးဌာနမှ အတည်ပြု ပါက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ဆက်လက်တင်ပြသွားမည် ဖြစ် ကြောင်း၊ တည်ဆောက်ခွင့် ရရှိ သည့် အချိန်မှစတင်၍ တည် ဆောက်မည်ဖြစ်ပြီး လာမည့် ၂၀၁၅ အကုန် အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောသည်။

သင်တန်းသားတစ်ရာမှ သုံးရာခန့်အထိ လက်ခံသင်ကြားပေး နိုင်မည့် အဆိုပါသင်တန်းတွင် အ သက်(၂၀)အောက်အရွယ် သင်တန်းသားများကို အဆောင်စနစ်ဖြင့်ထားရှိကာ အခြေခံမှစတင်သင်ကြားပေးသွား မည်ဖြစ် ကြောင်း၊ သင်ကြားရာတွင်လည်း ခြင်းလုံးနည်းပညာသုံးဆယ်ခန့်အား မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ် လက်အောက်ရှိ ဆရာများဖြင့် သင်ကြား ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ယခုကဲ့သို့ ခြင်းလုံး သင်တန်းကျောင်းကို မန္တလေးမြို့တွင် ပထမဆုံးအဖြစ် အကောင်အထည်ဖော်ရန် စီစဉ်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ တွင်လည်း သင်တန်းကျောင်းတစ် ခု    ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်မှ    သတင်းရရှိ သည်။

7Day DAILY

No comments:

Post a Comment