Friday 31 October 2014

ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် လာမည့် ဒီဇင်ဘာ အတွင်း တရုတ် နိုင်ငံ သို့ ပထမ ဆုံးအကြိမ် သွားရောက်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်နှင့်နီးစပ်သည့် အသိုင်း အဝိုင်းမှ သတင်းရရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ဖိတ်ကြားမှုအရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်အဖွဲ့သည် အလည်အပတ်ခရီး သွားရောက် မည်ဖြစ်သည်။

 ဒေါ်အောင်ဆန်းစုကြည် အား တရုတ်အစိုးရဘက်က ဖိတ် ကြားမှုများရှိနေပြီး အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီဝင်အချို့ ပြီးခဲ့သည့်လပိုင်းအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

တရုတ်နိုင်ငံခရီးစဉ်နှင့်ပတ် သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ‘‘တရုတ်ကို သွား ဖို့ရှိပါတယ်။ ဒါပေမဲ့ ဘယ်အချိန် သွားမလဲဆိုတာတော့ ပြောလို့မရ သေးပါဘူး’’ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံသံရုံးသို့ ဆက်သွယ်ရာတွင် လည်း ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ သို့ လာရောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သော်လည်း မည်သည့် အချိန်တွင်သွားရောက်မည်ကိုမူ ဖြေကြားမှုမရှိခဲ့ပေ။

တပ်မတော်အစိုးရ လက်ထက်က တပ်မတော်နှင့်သာ ထိတွေ့ဆက်ဆံခဲ့ပြီး အတိုက်အခံဒီမိုကရေစီ အင်အားစု များနှင့် ထိတွေ့မှုမရှိခဲ့သည့် တရုတ်အစိုး ရသည် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်လွှတ်တော်သို့ ရောက်ရှိ လာချိန်တွင် အတိုက်အခံပါတီ ဖြစ်သော အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် အပါအဝင် အခြားသောဒီမို ကရေစီအင်အားစုများနှင့် ထိတွေ့ ဆက်ဆံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ခရီးစဉ်အပြီးတွင် မြန်မာနိုင်ငံ၏ အတိုက်အခံပါတီ နှင့် တရုတ် အစိုးရတို့အကြား ဆက်ဆံရေးယခုထက်ပိုမိုကောင်း မွန်လာနိုင်သည်ဟု နိုင်ငံရေး ဆောင်းပါးများ ရေးသား သူ ဒေါက်တာရန်မျိုးသိမ်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သုံးသပ်ရေးသားထားသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများအပါအဝင် ဒီမိုကရေစီအင်အားစုများကို တရုတ် ကွန်မြူနစ် ပါတီမှ တရုတ်နိုင်ငံသို့ ဖိတ်ကြားမှုများကို ယခုနှစ်များ အတွင်း ခပ်စိပ်စိပ် ပြုလုပ်လာ သည်။

7Day DAILY

No comments:

Post a Comment