Friday 31 October 2014

ကမ္ဘာ့သားရဲတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ မြန်မာနိုင်ငံတွင် တရားဝင်ရုံးခွဲဖွင့်မည်

ကမ္ဘာတွင် အထင်ကရ ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ အဖွဲ့အစည်းဖြစ် သော ကမ္ဘာ့သားရဲ တိရစ္ဆာန်များရန်ပုံငွေ(WWF)အဖွဲ့သည် မြန်မာနိုင်ငံ၌တရားဝင်ရုံးခွဲ လာရောက်ဖွင့်လှစ်မည်ဟု   သတင်း ရရှိသည်။

WWF သည် မြန်မာနိုင်ငံ တွင် ၂၀၁၃ စက်တင်ဘာမှစတင်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းများ၌ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး ယင်းအဖွဲ့အစည်း၏ တရားဝင်ရန်ကုန်ရုံးခွဲအား နိုဝင်ဘာ ၁ ရက် တွင်   စတင်ဖွင့် လှစ်မည်ဖြစ်သည်။

WWF သည် တစ်ကမ္ဘာလုံး ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းများအနက်တစ်ခုဖြစ်ပြီး နိုင်ငံပေါင်းတစ်ရာကျော်တွင် ထောက်ခံအားပေးသူ ငါးသန်းကျော်၏ အကူအညီဖြင့် လည်ပတ် ဆောင် ရွက်နေသော အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့သည် ထိုင်းနိုင်ငံတွင် ၁၉၈၀ ပြည့်နှစ်၊ ကမ္ဘောဒီးယားနှင့် လာအို တို့တွင် ၁၉၉၀ ပြည့်နှစ်တို့၌ တရားဝင်ရုံးခွဲဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် တရားဝင်ရုံးခွဲကို ယခုမှစတင် ဖွင့်လှစ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ ရုံးခွဲဖွင့်လှစ် ခြင်း အခမ်းအနားတွင် WWF အဖွဲ့၏ ဆက်လက်ဆောင်ရွက်သွားမည့်   လုပ် ငန်းစဉ်များ၊   မြန်မာနိုင်ငံ၏ သစ်တောများနှင့် သဘာဝသယံဇာတများဆိုင်ရာ မြေပုံသစ်များကို    တင်ပြ သွားမည်ဖြစ်ပြီး WWF-US ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ မစ္စတာကာတာရောဘတ်နှင့် Helmsley Charitable Trust (Truste) အုပ်ထိန်းရေးအဖွဲ့ဝင် မစ္စတာဂျွန်ကိုဒီတို့ တက်ရောက်၍ကမ္ဘာအတွက် အရေးပါလှသော မြန်မာ့သဘာဝရင်းမြစ်များအားအဘယ့်ကြောင့် ထိန်းသိမ်းစောင့် ရှောက်ရသည်ကို ဆွေးနွေးပြောကြားမည် ဟု    သတင်းထုတ်ပြန် ထားသည်။

WWF သည် မြန်မာနိုင်ငံ တွင်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်   အစိမ်းရောင်    စီးပွားရေးစနစ် တစ်ရပ်   ဖော်ဆောင်ခြင်းတို့အ တွက် ကူညီဆောင်ရွက်သွားမည် ဟု သိရသည်။

ယင်းအဖွဲ့၏ လေ့လာချက် များအရ မြန်မာနိုင်ငံတွင် နို့တိုက် သတ္တ၀ါမျိုးစိတ် ၂၅၀ မျိုးနှင့် ငှက်မျိုးစိတ် ၁၀၀၀ ကျော်ရှိရာ ယင်း အနက် နို့တိုက်သတ္တ၀ါမျိုးစိတ် ၃၉ မျိုးနှင့် ငှက်မျိုးစိတ် ၄၅ မျိုး မှာ ကမ္ဘာ တစ်ဝန်း လုံးတွင် မျိုး သုဉ်းအန္တရာယ်ရှိနေသည်။ ထိုအ ထဲတွင် အင်ဒိုချိုင်းနားကျားမျိုး စိတ်၊ အာရှဆင်၊ ဧရာဝတီ လင်းပိုင်၊ ပင်လယ်လိပ်တို့ ပါဝင်ကြောင်းသိရသည်။

7Day DAILY

No comments:

Post a Comment