Friday 31 October 2014

ဘူကီနာဖာဆိုနိုင်ငံ ဆန္ဒပြသူများ အစိုးရအဆောက်အဦများကို သိမ်းပိုက်မီးရှို့

Photo: ဘူကီနာဖာဆိုနိုင်ငံ ဆန္ဒပြသူများ အစိုးရအဆောက်အဦများကို သိမ်းပိုက်မီးရှို့
Friday, October 31, 2014 

အာဖရိကအနောက်ပိုင်းက ဘူကီနာဖာဆိုနိုင်ငံမှာ ဆန္ဒပြသူတွေ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က မြို့တော်က အစိုးရဌာန၊ ပါလီမန်နဲ့ တခြား အရေးကြီးအဆောက်အဦတွေကို သိမ်းပိုက် မီးရှို့ခဲ့ကြပါတယ်။

Burkinaလက်ရှိ သမ္မတ ပါလေ့ကွန်ပိုးရေ နောက်ထပ် သမ္မတသက်တမ်းထပ်ယူဖို့ ပြင်ဆင်တာကို မကျေနပ်လို့ ပြည်သူတွေက ဆန္ဒပြခဲ့ကြတာပါ။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဘူကီနာဖာဆိုနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့အရေးအခင်းတွေနဲ့ လုံခြုံရေးအခြေအနေကို အလွန်အမင်း စိုးရိမ်ပြီး အထူးသံတမန်တဦးကို စေလွှတ်မယ်လို့ ပြောဆိုပါတယ်။

လက်ရှိသမ္မတ ပါလေ့ကွန်ပိုးရေဟာ သမ္မတအာဏာ ရယူထားတာ ၂၇ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲတွေကြောင့် သူ အာဏာကို ဆက်လက် ချုပ်ကိုင်ထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က အတိုက်အခံတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတွေ လမ်းမပေါ်တက် ဆန္ဒပြပွဲ စတင်ခဲ့တာပါ။ ဆန္ဒပြလူထုက ပါလီမန်ကို  ၀င်ရောက်သိမ်းပိုက်ဖို့ ကြိုးစားချိန်မှာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ဆန္ဒပြသူ ရာနဲ့ချီပြီး အဖမ်းခံခဲ့ရပါတယ်။

ပါလီမန်ဝန်းထဲကို ၀င်ရောက်သွားနိုင်သူတွေက ပါလီမန်ကို မီးတင်ရှို့ခဲ့ကြပါတယ်။ လက်ရှိ အာဏာရပါတီရဲ့ ဌာနချုပ်ကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြ ပါတယ်။

၁၉၅၀ မှာ မွေးဖွားခဲ့တဲ့ လက်ရှိ သမ္မတ ပါလေ့ကွန်ပိုးရေဟာ  မော်ရိုကိုနဲ့ ကင်မရွန်းနိုင်ငံတွေမှာ စစ်သင်တန်း တက်ရောက်ခဲ့သူ ဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ တိုင်းပြည်အာဏာ သိမ်းပြီး သမ္မတ ဖြစ်လာခဲ့သူပါ။

ဒီဗွီဘီ
အာဖရိကအနောက်ပိုင်းက ဘူကီနာဖာဆိုနိုင်ငံမှာ ဆန္ဒပြသူတွေ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က မြို့တော်က အစိုးရဌာန၊ ပါလီမန်နဲ့ တခြား အရေးကြီးအဆောက်အဦတွေကို သိမ်းပိုက် မီးရှို့ခဲ့ကြပါတယ်။

Burkinaလက်ရှိ သမ္မတ ပါလေ့ကွန်ပိုးရေ နောက်ထပ် သမ္မတသက်တမ်းထပ်ယူဖို့ ပြင်ဆင်တာကို မကျေနပ်လို့ ပြည်သူတွေက ဆန္ဒပြခဲ့ကြတာပါ။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဘူကီနာဖာဆိုနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ အရေးအခင်း တွေနဲ့ လုံခြုံရေးအခြေအနေကို အလွန်အမင်း စိုးရိမ်ပြီး အထူးသံတမန်တဦးကို စေလွှတ်မယ်လို့ ပြောဆို ပါတယ်။

လက်ရှိသမ္မတ ပါလေ့ကွန်ပိုးရေဟာ သမ္မတအာဏာ ရယူထားတာ ၂၇ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲတွေ ကြောင့် သူ အာဏာကို ဆက်လက် ချုပ်ကိုင်ထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က အတိုက်အခံတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတွေ လမ်းမပေါ်တက် ဆန္ဒပြပွဲစတင်ခဲ့တာပါ။ ဆန္ဒပြလူထုက ပါလီမန်ကို ၀င်ရောက်သိမ်းပိုက်ဖို့ ကြိုးစားချိန်မှာ ရဲတွေနဲ့ ထိပ်တိုက် တွေ့ခဲ့ပြီး ဆန္ဒပြသူ ရာနဲ့ချီပြီး အဖမ်းခံခဲ့ရပါတယ်။

ပါလီမန်ဝန်းထဲကို ၀င်ရောက်သွားနိုင်သူတွေက ပါလီမန်ကို မီးတင်ရှို့ခဲ့ကြပါတယ်။ လက်ရှိ အာဏာရ ပါတီရဲ့ ဌာနချုပ်ကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြ ပါတယ်။

၁၉၅၀ မှာ မွေးဖွားခဲ့တဲ့ လက်ရှိ သမ္မတ ပါလေ့ကွန်ပိုးရေဟာ  မော်ရိုကိုနဲ့ ကင်မရွန်းနိုင်ငံတွေမှာ စစ်သင် တန်း တက်ရောက်ခဲ့သူ ဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ တိုင်းပြည်အာဏာ သိမ်းပြီး သမ္မတ ဖြစ်လာခဲ့သူပါ။

ဒီဗွီဘီ

No comments:

Post a Comment