Thursday 30 October 2014

နိုဝင်ဘာလဆန်းမှာ Good Night ချစ်သူဒီဗီဒီထွက်မယ့် ရတနာမိုင်

Photo: နိုဝင်ဘာလဆန်းမှာ Good Night ချစ်သူဒီဗီဒီထွက်မယ့် ရတနာမိုင်
Thursday, October 30, 2014

တတိယတစ်ကိုယ်တော် စီးရီး၏ ဒီဗီဒီကို နိုဝင်ဘာလဆန်းအတွင်း၌ ဖြန့်ချိပေးမည်ဖြစ်ပြီး ပရိ သတ်အားပေးမှုရရှိခဲ့သည့် Good Nightချစ်သူ  သီချင်းကို  စီးရီးခေါင်းစဉ်ပြောင်းပြီး ဖြန့်ချိမည်ဟု ရတနာမိုင်ကပြောသည်။

‘‘မိုင်လေးရဲ့ တတိယတစ် ကိုယ်တော်ခွေဒီဗီဒီကို Good Nightချစ်သူ(ပုံရိပ်များ)ဆိုတဲ့ နာ မည်နဲ့ ဖြန့်ပေးမှာပါ။ Good Night   ချစ်သူသီချင်းက စီဒီထွက်တုန်းက ပရိသတ်တွေသဘောကျတဲ့ သီ ချင်းတစ်ပုဒ်ဖြစ်လို့ပြောင်းဖြစ်တာ ပါ’’ဟု ရတနာမိုင်ကပြောသည်။

ယင်းအခွေကို နိုဝင်ဘာ ၇ ရက်မှစတင်၍ နယ်မြို့များတွင် စတင်ဖြန့်ချိပေးမည်ဖြစ်ပြီး ရန် ကုန်မြို့တွင်  နိုဝင်ဘာ ၁၄ရက် ၌ စတင်ဖြန့်ချိမည်ဖြစ်သည်။

‘‘ပရိုမိုးရှင်းပွဲတွေကိုတော့ နို ၀င်ဘာ ၁၆ရက်မှာ Happy World နဲ့ လှိုင်သာယာဗစ်တိုးရီးယားမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်’’ဟု ၎င်းကပြောသည်။

စီဒီထွက်ရှိစဉ်က ပါဝင်ခဲ့ သော သီချင်းနှစ်ပုဒ်ကို အမ်တီဗီ မရိုက်ဖြစ်ဘဲ ယင်းသီချင်းနှစ်ပုဒ် နေရာတွင် အောင်လရေးပေးထား သည့် ‘‘မဆိုင်တဲ့လူ’’သီချင်းနှင့်  ယုန်လေးရေးပေးကာ မိစန္ဒီနှင့်သီ ဆိုထားသည့်‘‘မျက်ခွက်ပြောင်သ လားကွာ’’ဆိုသည့် သီချင်းများကို အစားထည့်ပေးထားကြောင်း ရ တနာမိုင်ကပြောသည်။

‘‘မလွမ်းပို’’သီချင်းရိုက်ကူး ရာတွင် မိခင်ဖြစ်သူ မိုင်ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ထားကာ မလွမ်းပို၏ ငယ်စဉ်ဘ၀မှစ၍  ကြည်နူးစရာကောင်းအောင် ရိုက်ကူး ထားသည်ဟုဆိုသည်။

‘‘သီချင်းနှစ်ပုဒ်ဖြုတ်လိုက် ပေမယ့် နှစ်ပုဒ်ပြန်ဖြည့်ပေးထား တာဆိုတော့ စီဒီတုန်းကလို ၁၄ ပုဒ်ပါပဲ။ မိုင်လေးကိုယ်တိုင်သရုပ် ဆောင်ထားတာက ၆ပုဒ်လောက် ပါပါတယ်။ ကျန်တဲ့သီချင်းတွေကို တော့ မင်းသား၊ မင်းသမီးတွေနဲ့ ရိုက်ကူးထားပါတယ်’’ဟု ရတနာ မိုင်ကပြောသည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် နယ်ဖျော်ဖြေ ပွဲများသွားရောက် ဖြစ်ပြီး မကြာမီပုသိမ်၊ နေပြည်တော်မြို့များသို့ သွားရောက်ဖျော်ဖြေရန် အစီအ စဉ်ရှိကြောင်း  ၎င်းကဆိုသည်။

7Day DAILY
တတိယတစ်ကိုယ်တော်စီးရီး၏ ဒီဗီဒီကို နိုဝင်ဘာလဆန်းအတွင်း၌ ဖြန့်ချိပေးမည်ဖြစ်ပြီး ပရိသတ် အားပေးမှု ရရှိခဲ့သည့် Good Nightချစ်သူ  သီချင်းကို  စီးရီးခေါင်းစဉ်ပြောင်းပြီး ဖြန့်ချိမည်ဟု ရတနာမိုင်က ပြောသည်။

‘‘မိုင်လေးရဲ့ တတိယတစ် ကိုယ်တော်ခွေဒီဗီဒီကို Good Nightချစ်သူ(ပုံရိပ်များ)ဆိုတဲ့ နာ မည်နဲ့ ဖြန့်ပေး မှာပါ။ Good Night   ချစ်သူသီချင်းက စီဒီထွက်တုန်းက ပရိသတ်တွေသဘောကျတဲ့ သီ ချင်းတစ်ပုဒ်ဖြစ်လို့ ပြောင်းဖြစ်တာ ပါ’’ဟု ရတနာမိုင်ကပြောသည်။

ယင်းအခွေကို နိုဝင်ဘာ ၇ ရက်မှစတင်၍ နယ်မြို့များတွင် စတင်ဖြန့်ချိပေးမည်ဖြစ်ပြီး ရန် ကုန်မြို့တွင်  နိုဝင်ဘာ ၁၄ရက် ၌ စတင်ဖြန့်ချိမည်ဖြစ်သည်။

‘‘ပရိုမိုးရှင်းပွဲတွေကိုတော့ နို ၀င်ဘာ ၁၆ရက်မှာ Happy World နဲ့ လှိုင်သာယာဗစ်တိုးရီးယားမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်’’ဟု ၎င်းကပြောသည်။

စီဒီထွက်ရှိစဉ်က ပါဝင်ခဲ့ သော သီချင်းနှစ်ပုဒ်ကို အမ်တီဗီ မရိုက်ဖြစ်ဘဲ ယင်းသီချင်းနှစ်ပုဒ် နေရာတွင် အောင်လရေးပေးထားသည့် ‘‘မဆိုင်တဲ့လူ’’သီချင်းနှင့်  ယုန်လေးရေးပေးကာ မိစန္ဒီနှင့်သီ ဆိုထားသည့်‘‘မျက်ခွက်ပြောင်သလားကွာ’’ဆိုသည့် သီချင်းများကို အစားထည့်ပေးထားကြောင်း ရတနာမိုင်ကပြော သည်။

‘‘မလွမ်းပို’’သီချင်းရိုက်ကူး ရာတွင် မိခင်ဖြစ်သူ မိုင်ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ထားကာ မလွမ်းပို၏ ငယ်စဉ် ဘ၀မှစ၍  ကြည်နူးစရာကောင်းအောင် ရိုက်ကူး ထားသည်ဟုဆိုသည်။

‘‘သီချင်းနှစ်ပုဒ်ဖြုတ်လိုက် ပေမယ့် နှစ်ပုဒ်ပြန်ဖြည့်ပေးထား တာဆိုတော့ စီဒီတုန်းကလို ၁၄ ပုဒ်ပါပဲ။ မိုင်လေး ကိုယ်တိုင်သရုပ် ဆောင်ထားတာက ၆ပုဒ်လောက် ပါပါတယ်။ ကျန်တဲ့သီချင်းတွေကို တော့ မင်းသား၊ မင်းသမီးတွေနဲ့ ရိုက်ကူးထားပါတယ်’’ဟု ရတနာ မိုင်ကပြောသည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် နယ်ဖျော်ဖြေ ပွဲများသွားရောက် ဖြစ်ပြီး မကြာမီပုသိမ်၊ နေပြည်တော်မြို့များသို့ သွားရောက်ဖျော်ဖြေရန် အစီအ စဉ်ရှိကြောင်း  ၎င်းကဆိုသည်။

7Day DAILY

No comments:

Post a Comment