Friday 31 October 2014

ဆေးလ်ဗား၏ ဒဏ်ရာ အခြေအနေကို စောင့်ကြည့်နေသည့် မန်စီးတီး

Photo: ဆေးလ်ဗား၏ ဒဏ်ရာ အခြေအနေကို စောင့်ကြည့်နေသည့် မန်စီးတီး
Friday, October 31, 2014

မန်ချက်စတာ စီးတီးအနေဖြင့် ကွင်းလယ် ကစားသမား ဒေးဗစ်ဆေးလ်ဗား၏ ဒဏ်ရာအတွက် စိုးရိမ်တကြီး စောင့်ကြည့်နေကြောင်း သိရသည်။

စပိန်လက်ရွေးစင် ဆေးလ်ဗားသည် နယူးကာဆယ်လ် ယူနိုက်တက်ကို (၂-၀)ဖြင့် အရေးနိမ့်သည့် Capital One ပွဲစဉ်တွင် ဒဏ်ရာကြောင့် ကွင်းထဲမှ ထွက်ခွာခဲ့ရသည်။ ၎င်း၏ ဒူးဒဏ်ရာ ပြင်းထန်မှု အခြေအနေကို တိတိကျကျ မသိရသေးဘဲ တနင်္ဂနွေနေ့တွင် ကစားမည့် မန်ချက်စတာ ယူနိုက်တက်နှင့် ဒါဘီပွဲစဉ်အတွက် မရေမရာ ဖြစ်နေသည်။ ထို့ကြောင့် အင်္ဂလန် ချန်ပီယံ အသင်းအနေဖြင့် ဆေးလ်ဗား၏ ဒဏ်ရာအတွက် Scanဖတ် စစ်ဆေးမှုကို စိတ်မောစွာ စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။

Goal.comက ဆေးလ်ဗား၏ ဒဏ်ရာကို ကြာသပတေးနေ့က Scanဖတ် စစ်ဆေးထားပြီး (၂၄)နာရီမျှ အချိန်ယူပြီးမှ ရလဒ် ထွက်ပေါ်မည်ဟု ခန့်မှန်းထားသည်။ အဆိုပါ Scan ရလဒ်က မန်ချက်စတာ ဒါဘီပွဲစဉ်တွင် ဆေးလ်ဗား ပါဝင်နိုင်ခြင်း ရှိမရှိ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။ မန်စီးတီး၏ အခြားသော ကွင်းလယ်လူ တစ်ဦးဖြစ်သည့် ယာယာတိုရေးသည်လည်း နယူးကာဆယ်လ်နှင့်ပွဲတွင် လူစားလဲခံရပြီး ၎င်းတွင် ပေါင်ခြံဒဏ်ရာပြဿနာ ရှိနေကြောင်း မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ဝန်ခံထားသည်။

မန်စီးတီးသည် လတ်တလောတွင် အမှတ်ပေးဇယား တတိယ နေရာ၌ ရှိနေပြီး အကယ်၍ မန်ချက်စတာ ဒါဘီတွင် ၎င်းတို့ အရေးနိမ့်ပြီး ချယ်လ်ဆီးက QPRကို အနိုင်ရရှိသွားပါက (၉)မှတ်ထိ ကွာဟသွားမည်ဖြစ်သည်။

Soccer Myanmar
မန်ချက်စတာ စီးတီးအနေဖြင့် ကွင်းလယ် ကစားသမား ဒေးဗစ်ဆေးလ်ဗား၏ ဒဏ်ရာအတွက် စိုးရိမ်တကြီး စောင့်ကြည့်နေကြောင်း သိရသည်။

စပိန်လက်ရွေးစင် ဆေးလ်ဗားသည် နယူးကာဆယ်လ် ယူနိုက်တက်ကို (၂-၀)ဖြင့် အရေးနိမ့်သည့် Capital One ပွဲစဉ်တွင် ဒဏ်ရာကြောင့် ကွင်းထဲမှ ထွက်ခွာခဲ့ရသည်။ ၎င်း၏ ဒူးဒဏ်ရာ ပြင်းထန်မှု အခြေအနေကို တိတိကျကျ မသိရသေးဘဲ တနင်္ဂနွေနေ့တွင် ကစားမည့် မန်ချက်စတာ ယူနိုက်တက်နှင့် ဒါဘီပွဲစဉ်အတွက် မရေမရာ ဖြစ်နေသည်။ ထို့ကြောင့် အင်္ဂလန် ချန်ပီယံ အသင်းအနေဖြင့် ဆေးလ်ဗား၏ ဒဏ်ရာအတွက် Scanဖတ် စစ်ဆေးမှုကို စိတ်မောစွာ စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။

Goal.comက ဆေးလ်ဗား၏ ဒဏ်ရာကို ကြာသပတေးနေ့က Scanဖတ် စစ်ဆေးထားပြီး (၂၄)နာရီမျှ အချိန် ယူပြီးမှ ရလဒ် ထွက်ပေါ်မည်ဟု ခန့်မှန်းထားသည်။ အဆိုပါ Scan ရလဒ်က မန်ချက်စတာ ဒါဘီပွဲစဉ်တွင် ဆေးလ်ဗား ပါဝင်နိုင်ခြင်း ရှိမရှိ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။ မန်စီးတီး၏ အခြားသော ကွင်းလယ်လူ တစ်ဦးဖြစ်သည့် ယာယာတိုရေးသည်လည်း နယူးကာဆယ်လ်နှင့်ပွဲတွင် လူစားလဲခံရပြီး ၎င်းတွင် ပေါင်ခြံဒဏ်ရာပြဿနာ ရှိနေကြောင်း မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ဝန်ခံထားသည်။

မန်စီးတီးသည် လတ်တလောတွင် အမှတ်ပေးဇယား တတိယ နေရာ၌ ရှိနေပြီး အကယ်၍ မန်ချက်စတာ ဒါဘီတွင် ၎င်းတို့ အရေးနိမ့်ပြီး ချယ်လ်ဆီးက QPRကို အနိုင်ရရှိသွားပါက (၉)မှတ်ထိ ကွာဟသွား မည်ဖြစ် သည်။

Soccer Myanmar

No comments:

Post a Comment