Friday 31 October 2014

အမည်မသိ အမေရိကန် အရာရှိ တစ်ဦး၏ ဝေဖန် ထိုးနှက် မှုအား ဘင်ဂျမင် နေတန်ယာဟု ဒေါသ တကြီး တုံ့ပြန်

Photo: အမည်မသိ အမေရိကန် အရာရှိ တစ်ဦး၏ ဝေဖန် ထိုးနှက် မှုအား ဘင်ဂျမင် နေတန်ယာဟု ဒေါသ တကြီး တုံ့ပြန်
Friday, October 31, 2014 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် သူရဲဘောကြောင်သူ တစ်ဦးဖြစ်သည်ဟူသော အမည်မသိ အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်နှင့် ပတ်သက်၍ အဆိုပါ ဝန်ကြီးချုပ်က ဒေါသ တကြီးဖြင့် တုံ့ပြန် ခဲ့သည်ဟု သိရသည်။ အစ္စရေး အစိုးရအဖွဲ့အနေဖြင့် ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်မှု ပြုလုပ်နေသည့် အမေရိကန် အရာရှိများ၏ ပြောကြား ချက်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေရန် မလိုအပ်ကြောင်း၊ အစ္စရေးပြည်သူများနှင့် အစိုးရအဖွဲ့၏ အကျိုးစီးပွားများကို ကာကွယ်နေသည့် မိမိ၏ လုပ်ရပ်များကြောင့် ယခုကဲ့သို့ ထိုးနှက်ခံရခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်ကပြုလုပ်ခဲ့ သော လွှတ်တော် အစည်းအဝေး တွင် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားသည်။

နေတန်ယာဟု၏ အဆိုပါ ဒေါသတကြီး တုံ့ပြန်မှုသည် Atlantic မဂ္ဂဇင်းတွင် အမည်မဖော်လိုသူ အမေရိကန်အရာရှိ တစ်ဦး က အစ္စရေး ဝန်ကြီးချုပ်သည် သတ္တိမရှိသည့် သူရဲဘောကြောင်သူ တစ်ဦးဖြစ်သည် ဟူသော ရေးသားဖော်ပြချက် ထွက်ပေါ် လာပြီးနောက်တွင် နေတန်ယာဟုက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစ္စရေးဝန်ကြီးချုပ် စိတ်ဝင်စားသည့် တစ်ခုတည်း သောအရာမှာ နိုင်ငံရေးအရ ရှုံးနိမ့်မှုမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ဖြစ် ပြီး ပါလက်စတိုင်း ပြည်သူများနှင့် သဘော တူညီ မှုရရှိအောင်လည်း မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ၎င်းသည် သတ္တိမရှိသည့် သူရဲဘောကြောင်သူ တစ်ဦးဖြစ်ကြောင်း အမည် မဖော်လိုသူ အရာရှိက အဆိုပါ မဂ္ဂဇင်း ၌ ရေးသား ဖော်ပြထားသည်။

မြ၀တီ
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် သူရဲဘောကြောင်သူ တစ်ဦးဖြစ်သည်ဟူသော အမည် မသိ အမေရိကန် အရာရှိတစ်ဦး၏ ပြောကြားချက်နှင့် ပတ်သက်၍ အဆိုပါ ဝန်ကြီးချုပ်က ဒေါသ တကြီးဖြင့် တုံ့ပြန်ခဲ့သည်ဟု သိရသည်။
အစ္စရေး အစိုးရအဖွဲ့အနေဖြင့် ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်မှု ပြုလုပ်နေသည့် အမေရိကန် အရာရှိ များ၏ ပြောကြား ချက်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေရန် မလိုအပ်ကြောင်း၊ အစ္စရေးပြည်သူများနှင့် အစိုးရအဖွဲ့၏ အကျိုးစီးပွားများကို ကာကွယ်နေသည့် မိမိ၏ လုပ်ရပ်များကြောင့် ယခုကဲ့သို့ ထိုးနှက်ခံရခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက်ကပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးတွင် ဘင်ဂျမင်နေ တန်ယာ ဟုက ပြောကြားသည်။

နေတန်ယာဟု၏ အဆိုပါ ဒေါသတကြီး တုံ့ပြန်မှုသည် Atlantic မဂ္ဂဇင်းတွင် အမည်မဖော်လိုသူ အမေရိကန်အရာရှိ တစ်ဦးက အစ္စရေးဝန်ကြီးချုပ်သည် သတ္တိမရှိသည့် သူရဲဘောကြောင်သူ တစ်ဦးဖြစ် သည် ဟူသော ရေးသားဖော်ပြချက် ထွက်ပေါ် လာပြီးနောက်တွင် နေတန်ယာဟုက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အစ္စရေးဝန်ကြီးချုပ် စိတ်ဝင်စားသည့် တစ်ခုတည်း သောအရာမှာ နိုင်ငံရေးအရ ရှုံးနိမ့်မှုမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ဖြစ် ပြီး ပါလက်စတိုင်း ပြည်သူများနှင့် သဘော တူညီ မှုရရှိအောင်လည်း မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ၎င်းသည် သတ္တိမရှိသည့် သူရဲဘောကြောင်သူ တစ်ဦးဖြစ်ကြောင်း အမည် မဖော်လိုသူ အရာရှိက အဆိုပါ မဂ္ဂဇင်း ၌ ရေးသား ဖော်ပြထားသည်။

မြ၀တီ

No comments:

Post a Comment