Wednesday 29 October 2014

သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဖော်ဆောင်မှုရှိနေသော်လည်း စပါးဈေး ဆက်လက်ကျဆင်းနေ

Photo: သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဖော်ဆောင်မှုရှိနေသော်လည်း စပါးဈေး ဆက်လက်ကျဆင်းနေ
Wednesday, october 29, 2014

သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဘဏ်ချေးငွေရယူကာ စပါးဈေးကျဆင်းမှုကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်နေသော်လည်း ယခုနှစ် မိုးစပါးပေါ်ချိန် စပါးဈေး ကျဆင်းနေဆဲဖြစ်ကြောင်း လယ်သမားများက ပြောသည်။

လက်ရှိတွင် စပါးတင်း ၁၀ဝ ကို ကျပ်သုံးသိန်းဈေးအထိ ကျဆင်းနေသည်။

အဆိုပါစနစ် အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်နှင့် သမဝါယမဘဏ်တို့နှင့် ပူးပေါင်းလုပ်ဆောင်နေသော်လည်း စပါးတင်း ၁၀၀ ပေါက်ဈေးမှာ ကျပ် သုံးသိန်းအထိ ထပ်မံကျဆင်းနေသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က ပြောသည်။

“စပါးဈေး တော်တော်လေးကျနေတယ်။ ကားလမ်းနီးရင် တင်း ၁၀၀ ကျပ်သုံးသိန်း နှစ်သောင်း၊ နည်းနည်းဝေးရင် ကျပ်သုံးသိန်းလောက်ပဲ ရှိတယ်။ အရင်နှစ် ဒီအချိန်မှာ ကျပ်လေးသိန်းကို ဘယ်အချိန်ရောင်းရောင်း ရတယ်”ဟု ဆိုသည်။

ယခုနှစ် စက်တင်ဘာလလယ်အထိ စပါး တင်း ၁၀၀ လျှင် ကျပ်လေးသိန်းကျော် အနိမ့်ဆုံးရှိခဲ့သော်လည်း အောက်တိုဘာလ ဆန်းပိုင်း ကောက်စောစပါး စတင်ပေါ်ချိန်၌ ပြန်လည်ကျဆင်းလာကြောင်း၊ မကြာမီ မိုးစပါး နယ်စုံထွက်ရှိလာမှုကြောင့် စပါးဈေး ကျပ်သုံးသိန်းအောက်အထိ ရောက်ရှိ နိုင်သည်ဟု ၎င်းက ထပ်မံပြောသည်။

စပါးဈေး ထပ်မံကျဆင်းမည်ကို စိုးရိမ် နေခြင်းကြောင့် ဒေသအခြေစိုက် ဆန်စက် လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များ လှောင်လက် စပါးများကိုပါ ထုတ်ရောင်းနေ ခြင်းကြောင့် စပါးဈေး ပိုမိုကျဆင်းနိုင်ကြောင်း လယ်သမားများက ပြောသည်။

မြန်မာနိုင်ငံ၏ဆန် ပြည်ပတင်ပို့မှုပမာဏ၏ ၇၀ ရာခိုင်နှုန်းကို ဝယ်ယူနေသည့် တရုတ် ဘက်ကလည်း ဆန်တင်ဝယ်မှု ရပ်ဆိုင်းနေသည့် အတွက် စပါးဈေးကျဆင်းခြင်းဖြစ်သည်ဟု ဆန်ကုန်သည်များက ပြော သည်။

ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည် ဦးထွန်းထွန်းဦးက “လယ်သမားတွေ ကတော့ ကုန်သည်ဈေး နှိမ်တယ်လို့ ထင်နေတယ်။ ကျွန်တော်တို့ကလည်း မူဆယ်လိုင်း မကောင်းရင် ဈေးမပေးနိုင်သေးဘူး။ အခု ဆန်စပါးအသင်းချုပ်က ဈေးထိန်းနိုင်အောင် တော့ လုပ်ပေးနေတယ်လို့ ပြောတယ်”ဟု ဆိုသည်။

မိုးစပါး တစ်ဧက စိုက်စရိတ်မှာ ကျပ် နှစ်သိန်းသုံးသောင်းဝန်းကျင်အထိ ရင်းနှီးထားရခြင်းကြောင့် စပါးဈေး ကျပ်သုံးသိန်းအောက်အထိ ကျဆင်းလာပါက စိုက်ဘဏ်ချေးငွေ ပြန်လည်ပေးဆပ်ရန် အခက်အခဲ ထပ်မံ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသည်ဟုလည်း လယ်သမားများက ပြောသည်။

သိုလှောင်ရုံစနစ်သည် စပါးဈေးကျချိန်တွင် ဘဏ်ချေးငွေရယူကာ စပါးသိုလှောင် ထားနိုင်ရန်ဆောင်ရွက် ခြင်းဖြစ်သည်။

Mizzima - News in Burmese 

ရိပ်သိမ်းပြီးစပါးများ ခြွေလှေ့နေသည်ကို နေပြည်တော်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

ရိပ်သိမ်းပြီးစပါးများ ခြွေလှေ့နေသည်ကို နေပြည်တော်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ)

သိုလှောင်ရုံ အာမခံစနစ်ဖြင့် ဘဏ်ချေးငွေရယူကာ စပါးဈေးကျဆင်းမှုကို ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်နေသော်လည်း ယခုနှစ် မိုးစပါးပေါ်ချိန် စပါးဈေး ကျဆင်းနေဆဲဖြစ်ကြောင်း လယ်သမားများက ပြောသည်။

လက်ရှိတွင် စပါးတင်း ၁၀ဝ ကို ကျပ်သုံးသိန်းဈေးအထိ ကျဆင်းနေသည်။

အဆိုပါစနစ် အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီ ဘဏ်နှင့် သမဝါယမဘဏ်တို့နှင့် ပူးပေါင်းလုပ်ဆောင်နေသော်လည်း စပါးတင်း ၁၀၀ ပေါက်ဈေးမှာ ကျပ် သုံးသိန်း အထိ ထပ်မံကျဆင်းနေသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှ လယ်သမား ဦးသိန်းအောင် က ပြောသည်။

“စပါးဈေး တော်တော်လေးကျနေတယ်။ ကားလမ်းနီးရင် တင်း ၁၀၀ ကျပ်သုံးသိန်း နှစ်သောင်း၊ နည်းနည်း ဝေးရင် ကျပ်သုံးသိန်းလောက်ပဲ ရှိတယ်။ အရင်နှစ် ဒီအချိန်မှာ ကျပ်လေးသိန်းကို ဘယ်အချိန်ရောင်းရောင်း ရတယ်”ဟု ဆိုသည်။

ယခုနှစ် စက်တင်ဘာလလယ်အထိ စပါး တင်း ၁၀၀ လျှင် ကျပ်လေးသိန်းကျော် အနိမ့်ဆုံးရှိခဲ့သော်လည်း အောက်တိုဘာလ ဆန်းပိုင်း ကောက်စောစပါး စတင်ပေါ်ချိန်၌ ပြန်လည်ကျဆင်းလာကြောင်း၊ မကြာမီ မိုးစပါး နယ်စုံထွက်ရှိလာမှုကြောင့် စပါးဈေး ကျပ်သုံးသိန်းအောက်အထိ ရောက်ရှိ နိုင်သည်ဟု ၎င်းက ထပ်မံ ပြောသည်။

စပါးဈေး ထပ်မံကျဆင်းမည်ကို စိုးရိမ် နေခြင်းကြောင့် ဒေသအခြေစိုက် ဆန်စက် လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်များ လှောင်လက် စပါးများကိုပါ ထုတ်ရောင်းနေ ခြင်းကြောင့် စပါးဈေး ပိုမိုကျဆင်းနိုင် ကြောင်း လယ်သမားများက ပြောသည်။

မြန်မာနိုင်ငံ၏ဆန် ပြည်ပတင်ပို့မှုပမာဏ၏ ၇၀ ရာခိုင်နှုန်းကို ဝယ်ယူနေသည့် တရုတ် ဘက်ကလည်း ဆန်တင်ဝယ်မှု ရပ်ဆိုင်းနေသည့် အတွက် စပါးဈေးကျဆင်းခြင်းဖြစ်သည်ဟု ဆန်ကုန်သည်များက ပြော သည်။

ဝါးတန်းဆန်ကုန်စည်ဒိုင်မှ ဆန်ကုန်သည် ဦးထွန်းထွန်းဦးက “လယ်သမားတွေ ကတော့ ကုန်သည်ဈေး နှိမ်တယ်လို့ ထင်နေတယ်။ ကျွန်တော်တို့ကလည်း မူဆယ်လိုင်း မကောင်းရင် ဈေးမပေးနိုင်သေးဘူး။ အခု ဆန်စပါးအသင်းချုပ်က ဈေးထိန်းနိုင်အောင် တော့ လုပ်ပေးနေတယ်လို့ ပြောတယ်”ဟု ဆိုသည်။

မိုးစပါး တစ်ဧက စိုက်စရိတ်မှာ ကျပ် နှစ်သိန်းသုံးသောင်းဝန်းကျင်အထိ ရင်းနှီးထားရခြင်းကြောင့် စပါးဈေး ကျပ်သုံးသိန်းအောက်အထိ ကျဆင်းလာပါက စိုက်ဘဏ်ချေးငွေ ပြန်လည်ပေးဆပ်ရန် အခက်အခဲ ထပ်မံ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသည်ဟုလည်း လယ်သမားများက ပြောသည်။

သိုလှောင်ရုံစနစ်သည် စပါးဈေးကျချိန်တွင် ဘဏ်ချေးငွေရယူကာ စပါးသိုလှောင် ထားနိုင်ရန်ဆောင်ရွက် ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment