Friday 31 October 2014

ရေငုပ်သင်္ဘောဒုံးကျည် စမ်းသပ်မှု အောင်မြင်ဟု ရုရှားပြော

Photo: ရေငုပ်သင်္ဘောဒုံးကျည် စမ်းသပ်မှု အောင်မြင်ဟု ရုရှားပြော
Friday, October 31, 2014

ရုရှားအစိုးရဟာ ရေငုပ်သင်္ဘောမှာ တပ်ဆင်သုံးနိုင်တဲ့ ဗူလာဗာဒုံးကျည် SLBM ကို အောက်တိုဘာ ၂၉ ရက်နေ့က အောင်အောင် မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

Russiaရုရှားရဲ့ ကမ်ချတ်ကာ ကျွန်းဆွယ်  ကုရပစ်ကွင်းဆီကို ချိန်ရွယ်ပြီး ဘာရန့်စ်ပင်လယ်အတွင်း ဘိုရေးအဆင့် ယူရီ ဒေါ်ဂိုရုကီ (Yury Dolgoruky) နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောမှာ တပ်ဆင်ပစ်ခတ် စမ်းသပ်ခဲ့တာပါ။

၁၂ မီတာ ရှည်တဲ့ ဗူလာဗာဒုံးကျည်နဲ့ ပစ်မှတ် အတော်များများကို ပစ်ခတ်ခဲ့ပြီး တချို့က အောင်မြင်တယ်လို့ ဆိုပါတယ်။

ဒီရေငုပ်သင်္ဘောတပ် ဒုံးကျည်ဟာ ၁၉၄၅ ဟီရိုရှီးမားမြို့ကို ပြာချခဲ့တဲ့ အနုမြူဗုံးထက် အဆတရာ သက်ရောက်နိုင်စွမ်း ရှိပါတယ်။

တန်ချိန် ၃၆.၈ တန်လေးပြီး မိုင်ငါးထောင်အကွာကို ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။ နျူကလီးယားထိပ်ဖူး ၆ ခုကနေ ၁၀ ခုထိ တပ်ဆင်နိုင်စွမ်းလည်း ရှိပါတယ်။

ရုရှားဟာ သူရဲ့ထုံးတမ်းစဉ်လာ သြဇာလွှမ်းမိုးခံ နိုင်ငံလို့ ယူဆထားတဲ့ ယူကရိန်းအရှေ့ ပဋိပက္ခ စတင်ကတည်းက လက်နက်ကိုင်တပ်တွေရဲ့ စစ်သင်တန်းတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုလည်း စမ်းသပ်ချက်တွေကို တိုးမြှင့်နေတယ်လို့ မီဒီယာတွေက သုံးသပ် အစီရင်ခံထားပါတယ်။

ဒီဗွီဘီ
ရုရှားအစိုးရဟာ ရေငုပ်သင်္ဘောမှာ တပ်ဆင်သုံးနိုင်တဲ့ ဗူလာဗာဒုံးကျည် SLBM ကို အောက်တိုဘာ ၂၉ ရက်နေ့က အောင်အောင် မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

Russiaရုရှားရဲ့ ကမ်ချတ်ကာ ကျွန်းဆွယ်  ကုရပစ်ကွင်းဆီကို ချိန်ရွယ်ပြီး ဘာရန့်စ်ပင်လယ်အတွင်း ဘိုရေး အဆင့် ယူရီ ဒေါ်ဂိုရုကီ (Yury Dolgoruky) နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောမှာ တပ်ဆင် ပစ်ခတ် စမ်းသပ်ခဲ့တာပါ။

၁၂ မီတာ ရှည်တဲ့ ဗူလာဗာဒုံးကျည်နဲ့ ပစ်မှတ် အတော်များများကို ပစ်ခတ်ခဲ့ပြီး တချို့က အောင်မြင်တယ် လို့ ဆိုပါတယ်။

ဒီရေငုပ်သင်္ဘောတပ် ဒုံးကျည်ဟာ ၁၉၄၅ ဟီရိုရှီးမားမြို့ကို ပြာချခဲ့တဲ့ အနုမြူဗုံးထက် အဆတရာ သက် ရောက်နိုင်စွမ်း ရှိပါတယ်။

တန်ချိန် ၃၆.၈ တန်လေးပြီး မိုင်ငါးထောင်အကွာကို ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။ နျူကလီးယားထိပ်ဖူး ၆ ခုက နေ ၁၀ ခုထိ တပ်ဆင်နိုင်စွမ်းလည်း ရှိပါတယ်။

ရုရှားဟာ သူရဲ့ထုံးတမ်းစဉ်လာ သြဇာလွှမ်းမိုးခံ နိုင်ငံလို့ ယူဆထားတဲ့ ယူကရိန်းအရှေ့ ပဋိပက္ခ စတင် ကတည်းက လက်နက်ကိုင်တပ်တွေရဲ့ စစ်သင်တန်းတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုလည်း စမ်းသပ်ချက် တွေ ကို တိုးမြှင့်နေတယ်လို့ မီဒီယာတွေက သုံးသပ် အစီရင်ခံထားပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment