Monday 1 September 2014

IS အဖွဲ့အတွက် လူသစ်စုဆောင်းပေးသူဟု ယူဆရသည့် အမျိုးသားတစ်ဦးကို ပြင်သစ်တွင်ဖမ်းမိ

Photo: IS အဖွဲ့အတွက် လူသစ်စုဆောင်းပေးသူဟု ယူဆရသည့် အမျိုးသားတစ်ဦးကို ပြင်သစ်တွင်ဖမ်းမိ
Monday, September 1, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့အတွက် လူသစ်များ စုဆောင်းပေးနေသည်ဟု ယူဆရသူ တစ်ဦးကို ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အသက်(၂၂)နှစ် အရွယ်ရှိ အမျိုးသားသည် IS တို့အတွက် အဖွဲ့ဝင်သစ်များ ရရှိလာအောင် လှည့်လည် စည်းရုံးနေသူ တစ်ဦးဖြစ်ကြောင်း ဩဂုတ် (၃၁)ရက်တွင် ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ချီချန်ဒေသဖွား တစ်ဦးဖြစ်သည့် အမျိုးသားသည် ဩဂုတ်(၃၀)ရက်က နိုက်စ်လေဆိပ်တွင် အာဏာပိုင်များ၏ တားဆီးမှုကို ခံရပြီး ယခုအခါ ၎င်းကို ထိန်းသိမ်းထားလိုက်သည်။ ၎င်းသည် အသက်(၁၆)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို တူရကီသို့ သွားရောက်စေပြီး ထိုမှတစ်ဆင့် ဆီးရီးယားရှိ IS အဖွဲ့နှင့် သွားရောက်ပူးပေါင်းရန် ငွေကြေး ထောက်ပံ့ခဲ့သည်ဟု ယူဆရကြောင်း ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ် ကာဇီနူဗီက ပြောကြားခဲ့သည်။

မိန်းကလေးက သူမသည် အီစတန်ဘူလ်ရှိ အဖွားဖြစ်သူထံ သွားရောက်ရန် စီစဉ်ခဲ့ခြင်းဟု ပြောကြားသော်လည်း မသင်္ကာဖွယ် အခြေအနေများကြောင့် တူရကီ လေကြောင်းလိုင်းက ပြင်သစ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။ ထိုမှတစ်ဆင့် ပြင်သစ်လုံခြုံရေး အေဂျင်စီက မိန်းကလေး၏ ဖခင်ထံ ဖုန်းဆက်စုံစမ်းရာ မိမိတို့၏ မျိုးနွယ်ဆက်များ တူရကီတွင် ရှိမနေကြောင်း ၎င်းက အသိပေးခဲ့သည်။

ထို့နောက်တွင်မူ ပြင်သစ်လုံခြုံရေး အေးဂျင့်များက လျင်လျင်မြန်မြန် စုံစမ်းပြီး IS အဖွဲ့အတွက် လူသစ်စုဆောင်းသူကို ဖမ်းဆီးနိုင်ခဲ့ခြင်းဟု သိရသည်။ နိုက်စ်တွင် နေထိုင်သည့် မိန်းကလေး၏ မိသားစုမှာ သူမ၏ လုပ်ရပ်အတွက် အလွန် အံ့ဩတုန်လှုပ်နေကြောင်း နီးစပ်သူများက ဆိုသည်။

ဥရောပနိုင်ငံအချို့နည်းတူ ပြင်သစ်သည်လည်း ဆယ်ကျော်သက် လူငယ်လူရွယ်များကို အီရတ်နှင့် ဆီးရီးယားရှိ စစ်သွေးကြွများက စည်းရုံးပြီး နိုင်ငံအတွင်းမှ ခေါ်ထုတ်သွားမည့် အခြေအနေများအတွက် စိုးရိမ်နေရသည်။ ထို့အပြင် အဆိုပါ လူငယ်များသည် နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါက လုံခြုံရေးအတွက် ခြိမ်းခြောက်မှုများ ဖြစ်လာနိုင်သည်။

တရားဝင် သတင်းထုတ်ပြန်ချက်များအရ အမျိုးသမီးအချို့ အပါအဝင် ပြင်သစ်နိုင်ငံသားများနှင့် နိုင်ငံအတွင်း နေထိုင်ခွင့်ရသူ (၈၀၀)ခန့်သည် ဆီးရီးယားသို့ သွားရောက်ခဲ့ကြပြီး ပြင်သစ်သို့ ပြန်လည် ရောက်ရှိလာကြောင်း သိရှိရသည်။

_Ref: Channelnewsasia
7Day DAILY

ပြင်သစ်နိုင်ငံ နိုက်စ်မြို့ရှိ နိုင်ငံတကာလေဆိပ်ကို တွေ့ရစဉ်
ပြင်သစ်နိုင်ငံ နိုက်စ်မြို့ရှိ နိုင်ငံတကာလေဆိပ်ကို တွေ့ရစဉ်
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့အတွက် လူသစ်များ စုဆောင်းပေးနေသည်ဟု ယူဆရသူ တစ်ဦးကို ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အသက်(၂၂)နှစ် အရွယ်ရှိ အမျိုးသားသည် IS တို့အတွက် အဖွဲ့ဝင်သစ်များ ရရှိလာအောင် လှည့်လည် စည်း ရုံးနေသူ တစ်ဦးဖြစ်ကြောင်း ဩဂုတ် (၃၁)ရက်တွင် ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ခဲ့သည်။

ချီချန်ဒေသဖွား တစ်ဦးဖြစ်သည့် အမျိုးသားသည် ဩဂုတ်(၃၀)ရက်က နိုက်စ်လေဆိပ်တွင် အာဏာပိုင် များ၏ တားဆီးမှုကို ခံရပြီး ယခုအခါ ၎င်းကို ထိန်းသိမ်းထားလိုက်သည်။ ၎င်းသည် အသက်(၁၆)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို တူရကီသို့ သွားရောက်စေပြီး ထိုမှတစ်ဆင့် ဆီးရီးယားရှိ IS အဖွဲ့နှင့် သွားရောက် ပူးပေါင်းရန် ငွေကြေး ထောက်ပံ့ခဲ့သည်ဟု ယူဆရကြောင်း ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ် ကာဇီနူဗီက ပြောကြားခဲ့သည်။

မိန်းကလေးက သူမသည် အီစတန်ဘူလ်ရှိ အဖွားဖြစ်သူထံ သွားရောက်ရန် စီစဉ်ခဲ့ခြင်းဟု ပြောကြားသော် လည်း မသင်္ကာဖွယ် အခြေအနေများကြောင့် တူရကီ လေကြောင်းလိုင်းက ပြင်သစ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။ ထိုမှတစ်ဆင့် ပြင်သစ်လုံခြုံရေး အေဂျင်စီက မိန်းကလေး၏ ဖခင်ထံ ဖုန်းဆက်စုံစမ်းရာ မိမိတို့၏ မျိုးနွယ်ဆက်များ တူရကီတွင် ရှိမနေကြောင်း ၎င်းက အသိပေးခဲ့သည်။

ထို့နောက်တွင်မူ ပြင်သစ်လုံခြုံရေး အေးဂျင့်များက လျင်လျင်မြန်မြန် စုံစမ်းပြီး IS အဖွဲ့အတွက် လူသစ် စုဆောင်းသူကို ဖမ်းဆီးနိုင်ခဲ့ခြင်းဟု သိရသည်။ နိုက်စ်တွင် နေထိုင်သည့် မိန်းကလေး၏ မိသားစုမှာ သူမ၏ လုပ်ရပ် အတွက် အလွန် အံ့ဩတုန်လှုပ်နေကြောင်း နီးစပ်သူများက ဆိုသည်။

ဥရောပနိုင်ငံအချို့နည်းတူ ပြင်သစ်သည်လည်း ဆယ်ကျော်သက် လူငယ်လူရွယ်များကို အီရတ်နှင့် ဆီးရီး ယားရှိ စစ်သွေးကြွများက စည်းရုံးပြီး နိုင်ငံအတွင်းမှ ခေါ်ထုတ်သွားမည့် အခြေအနေများအတွက် စိုးရိမ်နေရ သည်။ ထို့အပြင် အဆိုပါ လူငယ်များသည် နိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါက လုံခြုံရေးအတွက် ခြိမ်းခြောက်မှုများ ဖြစ်လာနိုင်သည်။

တရားဝင် သတင်းထုတ်ပြန်ချက်များအရ အမျိုးသမီးအချို့ အပါအဝင် ပြင်သစ်နိုင်ငံသားများနှင့် နိုင်ငံအတွင်း နေထိုင်ခွင့်ရသူ (၈၀၀)ခန့်သည် ဆီးရီးယားသို့ သွားရောက်ခဲ့ကြပြီး ပြင်သစ်သို့ ပြန်လည် ရောက်ရှိ လာကြောင်း သိရှိရသည်။

Ref: Channelnewsasia
7Day DAILY

No comments:

Post a Comment