Monday 1 September 2014

ကျပ်သန်း နှစ်သောင်းရှစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးမှုမှ ဖမ်းမိသူများ၏ ပိုင်ဆိုင်မှုကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ စုံစမ်းမည်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် သြဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးရမိခဲ့သည့် ငွေကျပ် ၂၈ ဘီလီယံကျော် တန်ဖိုးရှိ (ကျပ်သန်း နှစ်သောင်းရှစ်ထောင်) မူးယစ်ဆေးဝါးများ၊ လက်နက်များနှင့်အတူ ဖမ်းမိသော အမျိုး သမီး၏ခင်ပွန်းမှာ ပြည်တွင်းကုမ္ပဏီတစ်ခု၏ လုပ်ငန်းရှင် ဖြစ်သောကြောင့် ၎င်းတို့၏ ပိုင်ဆိုင်မှု များကို မြန် မာနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ဆောက်လုပ်ရေးလုပ်ငန်း၊ ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းနှင့် ပြည်တွင်းပြည်ပ ကုန်စည်များ ပို့ဆောင်ပေးနေ သည့် ကုမ္ပဏီပိုင်ရှင်၏ဇနီး နေထိုင်ရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ကုန်းမြင့်သာလမ်း ရှိ နေအိမ်၌ ငွေကျပ် ၂၈ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားများ အပါအဝင် သေနတ်နှစ် လက်ကို ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့စု (၄၂) မှ ဝင်ရောက်ရှာဖွေခဲ့ရာမှ ဖမ်းမိခဲ့ခြင်း ဖြစ်ေ ကြာင်း ယင်း တပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

“ကုမ္ပဏီပိုင်ရှင် အမျိုးသားကို စုံစမ်းနေဆဲပါ။ လတ်တလော ဒီအမှုရဲ့ ကွင်းဆက်နဲ့ ပါဝင် ပတ်သက် သူတွေကို ထပ်မံဖမ်းဆီးဖို့ စုံစမ်းနေဆဲမို့ သံသယ ရှိသူတွေကို ဖမ်းမိတာနဲ့ သူတို့ပိုင်ဆိုင်မှုတွေကို စစ်ေ ဆးပေး ဖို့ မြန်မာနိုင်ငံ ငွေကြေးခဝါချမှု ဗဟိုအဖွဲ့ထံ တင်ပြသွားမှာပါ” ဟု ယင်းမူးယစ် တပ်ဖွဲ့စု (၄၂) မှ ရဲ အရာရှိက ပြောကြားသည်။

၂၀၁၄ ခုနှစ်အတွင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်းပြီး နောက်ပိုင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွှယ်နေသည့် အမှုငါးမှုကို စစ်ဆေးခဲ့ရာ၌ ထင်ရှားကျော်ကြားသည့် လုပ်ငန်းရှင် သူဌေးကြီး များ ပါဝင်ပတ်သက်မှု မရှိသေးသော်လည်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်အချို့ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း မြန်မာနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ ရဲမှူးချုပ်စိုးမြိုင် က ပြော ကြားသည်။

“မူးယစ်အမှုတွေကို ဖော်ထုတ် စစ်ဆေးတဲ့အခါ နောက်ကွယ်က စီးပွားရေးသမားတွေက တစ်စိတ် တစ်ပိုင်း နေရာတွေမှာ ပါဝင် ပတ်သက်နေတာကို တွေ့ရတယ်။ ဒီလူတွေက နာမည်ခံ စီးပွားရေး လုပ် ငန်းတွေ ဟန်ဆောင် ဗန်းပြထားတာ။ အမှုတွေက လတ်တလော စစ်ဆေးနေဆဲ ဖြစ်တာကြောင့် အသေး စိတ် သတင်းမထုတ်ပြန်နိုင်သေးဘူး” ဟု ၎င်းက ရှင်းပြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် သြဂုတ်လ ၂၉ ရက် ညနေပိုင်းက စိတ်ကြွဆေးပြား တစ်သိန်း သယ်ဆောင်လာသည့် မော်တော်ယာဉ်ပေါ်မှ အမျိုးသားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး စစ်ဆေး ခဲ့ရာမှ ပြည်တွင်းကုမ္ပဏီတစ်ခု၏ ပိုင်ရှင်နေအိမ်မှ စိတ်ကြွဆေးပြား နှစ်သိန်းကျော်၊ ဘိန်းဖြူ ၃၅၀ ကီလိုနှင့် လက်နက်များ ထပ်မံဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့စုမှ ရဲမှူးခင်မောင်သိန်းက ရှင်းပြသည်။

“Natural Force ကုမ္ပဏီအမည်နဲ့ လုပ်ငန်းတွေ အများကြီး လုပ်ကိုင်နေတဲ့ ပိုင်ရှင်အမျိုးသား က ရှော င်ပြေးနေ တယ်။ သူတို့ကုမ္ပဏီလုပ်ငန်း ပိုင်ဆိုင်မှု စာရင်းတွေကို စုံစမ်းနေပြီး ငွေကြေးခဝါချမှု တိုက် ဖျက်ရေး ဗဟိုအဖွဲ့ကို တင်ပြပေးသွားမှာပါ” ဟု ယင်းမူးယစ် တပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

မူးယစ်ဆေးဝါး ကုန်သွယ်ရောင်းဝယ်ရေးမှ ရရှိသည့် ငွေများဖြင့် လုပ်ငန်းများ လုပ်ကိုင်နေ သည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်အချို့ကို စစ်ဆေး တွေ့ရှိ ထားကြောင်း မြန်မာနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း Natural Force ကုမ္ပဏီ ပိုင်ရှင် ဖြစ်သူ၏ ဇနီးထံမှ ကျပ် ၂၈ ဘီလီယံ တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတောင်ပိုင်း ဒေသရှိ ကော့သောင်းခရိုင်အနီး မြန်မာ့ပင်လယ်ပြင်တွင် ယခုလအတွင်း ကန်ဒေါ်လာ သန်း ၂၀ ကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ထိုင်း-မြန်မာ-လာအို နယ်စပ်ရှိ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် ငွေကျပ် ၁၁ ဘီလီယံရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်တားဆီး နှိမ်နင်းရေး ဗဟိုထံမှ စုံစမ်းသိရှိရသည်။

အရှေ့ပစိဖိတ် ဒေသတွင်းရှိ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့၏ စောင့်ကြည့်စာရင်းတွင် ပါဝင် သည့် မြန်မာနိုင်ငံတွင် ပြီးခဲ့သော ၂၀၀၂ မှ ၂၀၁၄ ခုနှစ်အထိ ငွေကြေးခဝါချမှု စုစုပေါင်း ၇၀ ကျော်မှ အမေရိကန်ဒေါ်လာ သန်းနှစ်ရာကျော် သိမ်းဆည်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment