Monday 1 September 2014

မြင်းခြံဒေသတွင် မိုးနှစ်ရက်ခန့် ရွာသွန်းခဲ့သောကြောင့် တောင်သူအချို့ ကျွဲနွားစာနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးရန်အတွက် ထွန်ယက်မှု စတင်

 Photo: မြင်းခြံဒေသတွင် မိုးနှစ်ရက်ခန့် ရွာသွန်းခဲ့သောကြောင့် တောင်သူအချို့ ကျွဲနွားစာနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးရန်အတွက် ထွန်ယက်မှု စတင်
Monday, September 1, 2014 

မြင်းခြံဒေသတွင် သြဂုတ်လနောက်ဆုံးအပတ်မှစ၍ နှစ်ရက်ခန့် မိုးရွာသွန်း ခဲ့သဖြင့် တောင်သူအချို့ ကျွဲနွားစာနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးရန်အတွက် လယ်ယာမြေများအား ထွန်ယက်မှုများ စတင်ပြုလုပ်နေကြောင်း သိရသည်။

ယခုနှစ်အတွင်း မိုးခေါင်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ကန်ရေချောင်းရေများ ခန်းခြောက်ခဲ့ကာ ဒေသအတွင်းစိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် အခြားသီးနှံမျိုးစုံ စိုက်ပျိုးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

သို့ရာတွင် သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်များတွင် မြင်းခြံဒေသ အတွင်းရှိ ကျေးရွာ များတွင် မိုးရွာသွန်းခဲ့သဖြင့် ဒေသခံတောင်သူအချို့သည် ရာသီပေါ်သီးနှံ များဖြစ်သော ခရမ်းချဉ်သီး၊ ငရုတ်သီးနှင့် နွားစာပြောင်းများကို စတင်စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံတောင်သူများက ဆိုသည်။

“ဒီနှစ်မိုးခေါင်တော့ ဘာသီးနှံမှ မစိုက်ပျိုးနိုင်ခဲ့ပါဘူး။ မိုးမခေါင်ဘဲ စိုက်ပျိုးရေသာ ရမယ်ဆိုရင် ဒီအချိန်မှာ တောင်သူတွေ မြေပဲနဲ့ပဲမျိုးစုံ ရိတ်သိမ်းနေရမယ့်အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ မိုးအနည်းငယ်ရွာခဲ့တော့ ထွန်ယက်ပြီး နွားစာပြောင်းတွေ ပက်ကြဲထားပါတယ်။ တောင်သူအတွက် သီးနှံမရခဲ့ပေမယ့် ကျွဲနွားစာအတွက်တော့ ပြောင်းအချို့ စတင်စိုက်ပျိုးနေပါပြီ” သဲဖြူဝကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ဦးဝင်းမောင်က ဆိုသည်။

“မိုးနှစ်ရက်လောက်ရွာလိုက်တော့ မြေယာတွေ စတင်ထွန်ယက်မှု ပြုလုပ်နေပါပြီ။ ရာသီပေါ်သီးနှံမျိုးစုံ မစိုက်ပျိုးနိုင်ခဲ့ပေမယ့် ခရမ်းချဉ်သီးနဲ့ ငရုတ်စိုက်ပျိုးဖို့အတွက် ထွန်ယက်ပြီး မျိုးစေ့ပက်ကြဲထားပါတယ်။ မြေပဲစိုက်ပျိုးချင်ပေမယ့် မိုးရွာဖို့ မသေချာတော့တဲ့အချိန်ကို ရောက်နေပြီဖြစ်တဲ့အတွက် မိုးထပ်မရွာရင်တော့ စိုက်ပျိုးစရိတ်နဲ့ မျိုးစေ့ဖိုးတွေ ရှုံးမှာဖြစ်တဲ့ ကျနော်တို့ဒေသက တောင်သူတွေ စိုက်ပျိုးမှာ မဟုတ်တော့ပါဘူး။ မိုးမရွာရင် တောင်သူတွေအတွက် အခက်ကြုံရပါတယ်” ဟု ဆားခါးကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ဦးရဲမြင့်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုနှစ်အတွင်း မိုးခေါင်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် တောင်သူများ သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ယခုရက်ပိုင်းအတွင်း နှစ်ရက်ခန့် မိုးရွာသွန်းခဲ့သောကြောင့် ကုန်းတောင်သူများ စတင်ထွန်ယက်လျက်ရှိသော်လည်း ကျွန်းတောင်သူများမှာ ဧရာဝတီမြစ်ရေ တိုးမြင့်လာသဖြင့် စိုက်ပျိုးမြေများတွင် မြစ်ရေ၀င်ရောက်နေသည့်အတွက် ရာသီပေါ်သီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း သိရသည်။

Eleven Media Group 

မြင်းခြံဒေသရှိတောင်သူများ ရာသီပေါ်သီးနှံများ စိုက်ပျိုးရန် ထွန်ယက်နေကြစဉ်
မြင်းခြံဒေသရှိတောင်သူများ ရာသီပေါ်သီးနှံများ စိုက်ပျိုးရန် ထွန်ယက်နေကြစဉ်
မြင်းခြံဒေသတွင် သြဂုတ်လနောက်ဆုံးအပတ်မှစ၍ နှစ်ရက်ခန့် မိုးရွာသွန်း ခဲ့သဖြင့် တောင်သူအချို့ ကျွဲနွား စာနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးရန်အတွက် လယ်ယာမြေများအား ထွန်ယက်မှုများ စတင်ပြု လုပ်နေကြောင်း သိရသည်။
ယခုနှစ်အတွင်း မိုးခေါင်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး ကန်ရေချောင်းရေများ ခန်းခြောက်ခဲ့ကာ ဒေသ အတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် အခြားသီးနှံမျိုးစုံ စိုက် ပျိုးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

သို့ရာတွင် သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်များတွင် မြင်းခြံဒေသ အတွင်းရှိ ကျေးရွာ များတွင် မိုးရွာ သွန်းခဲ့သဖြင့် ဒေသခံတောင်သူအချို့သည် ရာသီပေါ်သီးနှံ များဖြစ်သော ခရမ်းချဉ်သီး၊ ငရုတ်သီးနှင့် နွား စာပြောင်း များကို စတင်စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံတောင်သူများက ဆိုသည်။

“ဒီနှစ်မိုးခေါင်တော့ ဘာသီးနှံမှ မစိုက်ပျိုးနိုင်ခဲ့ပါဘူး။ မိုးမခေါင်ဘဲ စိုက်ပျိုးရေသာ ရမယ်ဆိုရင် ဒီအချိန် မှာ တောင်သူတွေ မြေပဲနဲ့ပဲမျိုးစုံ ရိတ်သိမ်းနေရမယ့်အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ မိုးအနည်းငယ် ရွာခဲ့တော့ ထွန်ယက်ပြီး နွားစာပြောင်းတွေ ပက်ကြဲထားပါတယ်။ တောင်သူအတွက် သီးနှံမရခဲ့ပေမယ့် ကျွဲနွားစာအတွက်တော့ ပြောင်းအချို့ စတင်စိုက်ပျိုးနေပါပြီ” သဲဖြူဝကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ဦးဝင်းမောင်က ဆိုသည်။

“မိုးနှစ်ရက်လောက်ရွာလိုက်တော့ မြေယာတွေ စတင်ထွန်ယက်မှု ပြုလုပ်နေပါပြီ။ ရာသီပေါ်သီးနှံမျိုးစုံ မစိုက် ပျိုးနိုင် ခဲ့ပေမယ့် ခရမ်းချဉ်သီးနဲ့ ငရုတ်စိုက်ပျိုးဖို့အတွက် ထွန်ယက်ပြီး မျိုးစေ့ပက်ကြဲထား ပါ တယ်။ မြေပဲ စိုက်ပျိုး ချင်ပေမယ့် မိုးရွာဖို့ မသေချာတော့တဲ့အချိန်ကို ရောက်နေပြီဖြစ်တဲ့အတွက် မိုးထပ်မရွာရင်တော့ စိုက်ပျိုးစရိတ်နဲ့ မျိုးစေ့ဖိုးတွေ ရှုံးမှာဖြစ်တဲ့ ကျနော်တို့ဒေသက တောင်သူတွေ စိုက်ပျိုးမှာ မဟုတ်တော့ပါဘူး။ မိုးမရွာရင် တောင်သူတွေအတွက် အခက်ကြုံရပါတယ်” ဟု ဆားခါးကျေးရွာ မှ တောင် သူ တစ်ဦးဖြစ်သူ ဦးရဲမြင့်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုနှစ်အတွင်း မိုးခေါင်မှုများ ဖြစ်ပေါ်ခဲ့ သည့် အတွက် တောင်သူများ သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ ယခုရက်ပိုင်းအတွင်း နှစ်ရက်ခန့် မိုးရွာ သွန်း ခဲ့သောကြောင့် ကုန်းတောင်သူများ စတင်ထွန်ယက်လျက်ရှိသော်လည်း ကျွန်းတောင်သူများမှာ ဧရာဝတီမြစ်ရေ တိုးမြင့်လာသဖြင့် စိုက်ပျိုးမြေများတွင် မြစ်ရေ၀င်ရောက်နေသည့်အတွက် ရာသီပေါ်သီးနှံ များ စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment