Monday 1 September 2014

လာမည့်ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရရေး ဆောင်ရွက် မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: လာမည့်ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရရေး ဆောင်ရွက် မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Monday, September 1, 2014

လာမည့်ရွေး ကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မြို့နယ်အလိုက် လွှတ် တော်ကိုယ်စားလှယ်ရရှိရေး ဆောင်ရွက် သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၃ဝ ရက်တွင် ကော့မှူးမြို့နယ် ဒေ သခံများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

''ကျွန်မတို့အနေနဲ့ လာမယ့် ရွေးကောက်ပွဲတိုင်းမှာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အနေနဲ့ မြို့နယ်တိုင်းမှာ လွှတ် တော်ကိုယ်စားလှယ်ရရှိရေး ဆောင်ရွက် မယ်။ အဲဒီလို လွှတ်တော်ကိုယ်စားလှယ် တွေရှိမှ တောင်သူတွေရဲ့ အခက်အခဲကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မှာပါ။ လူထုအနေနဲ့လဲ လာမယ့်ရွေးကောက်ပွဲ တိုင်းမှာ ကျွန်မတို့ပါတီကို မဲပေးကြပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ယင်းတွေ့ ဆုံပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါတောင်သူများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲတွင် ဒေသခံ တောင်သူ ၂ဝဝ ခန့် တက်ရောက် ၍ ၄င်းတို့၏ အခက်အခဲများကို တင်ပြခဲ့ သည်။ တောင်သူများသည် မိမိတို့အနေ ဖြင့် ဘိုးဘွားပိုင် လယ်ယာမြေများကို တန် ဖိုးထားသော်လည်း လက်ရှိအချိန် စိုက် ပျိုးစရိတ် အခက်အခဲများ ရှိနေသည့်အ တွက်ကြောင့် လယ်ယာမြေများ ကို ပေါင် နှံ၊ ရောင်းချခြင်းများ ပြုလုပ်နေရကြောင်း အဆိုပါတွေ့ ဆုံပွဲတွင် ဒေါ်အောင်ဆန်းစု ကြည်ကို တင်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ''မိမိ ပိုင် လယ်ယာမြေတွေကို တောင်သူတွေ အနေနဲ့ မရောင်းချကြပါနဲ့။ တောင်သူတွေ ရဲ့ လယ်ယာမြေစိုက်ပျိုးရေးမှာ စိုက်ပျိုး စရိတ်၊ စက်ကိရိယာတွေ အခက်အခဲရှိ တယ်ဆိုရင် ကျွန်မတို့အဖွဲ့ကို လာတိုင်ပင် ပါ။ အခု ကျွန်မအနေဖြင့် တောင်သူတွေ ကို လောက်ငတဲ့ စိုက်ပျိုးစရိတ်ရရှိဖို့ရယ် လယ်ယာသုံး စက်ကိရိယာတွေ တောင် သူတွေကိုချပေးနိုင်ဖို့ ဆောင်ရွက်နေပါ တယ်''ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ရာ ၄၃ နေရာအနိုင် ရရှိခဲ့သော ပါတီတစ်ခုလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ၍ ရွေးကောက်ပွဲများတွင် မိမိတို့ ကိုယ်စားလှယ်များ မဲအနိုင်ရရှိရေးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လူထုအ နေဖြင့် မိမိတို့ပါတီကို မဲပေးကြရန် ကော့ မှူးဒေသခံ တောင်သူများကို ပြောကြား သွားခဲ့သည်။

Yangaon Media Group
လာမည့်ရွေး ကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မြို့နယ်အလိုက် လွှတ် တော် ကိုယ် စားလှယ် ရရှိရေး ဆောင်ရွက် သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က သြဂုတ် ၃ဝ ရက်တွင် ကော့မှူးမြို့နယ် ဒေ သခံများနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
''ကျွန်မတို့အနေနဲ့ လာမယ့် ရွေးကောက်ပွဲတိုင်းမှာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အနေနဲ့ မြို့နယ်တိုင်းမှာ လွှတ် တော်ကိုယ်စားလှယ်ရရှိရေး ဆောင်ရွက်မယ်။ အဲဒီလို လွှတ်တော်ကိုယ်စားလှယ် တွေ ရှိမှ တောင် သူတွေရဲ့ အခက်အခဲကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မှာပါ။ လူထုအနေနဲ့လဲ လာမယ့်ရွေးကောက် ပွဲ တိုင်းမှာ ကျွန်မတို့ပါတီကို မဲပေးကြပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ယင်းတွေ့ ဆုံပွဲတွင် ပြောကြား ခဲ့သည်။

အဆိုပါတောင်သူများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲတွင် ဒေသခံ တောင်သူ ၂ဝဝ ခန့် တက်ရောက် ၍ ၄င်းတို့၏ အခက်အခဲများကို တင်ပြခဲ့ သည်။ တောင်သူများသည် မိမိတို့အနေ ဖြင့် ဘိုးဘွားပိုင် လယ်ယာမြေများကို တန် ဖိုးထားသော်လည်း လက်ရှိအချိန် စိုက် ပျိုးစရိတ် အခက်အခဲများ ရှိနေသည့်အ တွက်ကြောင့် လယ်ယာမြေများ ကို ပေါင် နှံ၊ ရောင်းချခြင်းများ ပြုလုပ်နေရကြောင်း အဆိုပါတွေ့ ဆုံပွဲ တွင် ဒေါ်အောင်ဆန်းစု ကြည်ကို တင်ပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ''မိမိ ပိုင် လယ်ယာမြေတွေကို တောင်သူတွေ အနေနဲ့ မရောင်းချကြ ပါနဲ့။ တောင်သူတွေ ရဲ့ လယ်ယာမြေစိုက်ပျိုးရေးမှာ စိုက်ပျိုး စရိတ်၊ စက်ကိရိယာတွေ အခက်အခဲရှိ တယ်ဆိုရင် ကျွန်မတို့အဖွဲ့ကို လာတိုင်ပင် ပါ။ အခု ကျွန်မအနေဖြင့် တောင်သူတွေ ကို လောက်ငတဲ့ စိုက်ပျိုးစရိတ်ရရှိဖို့ရယ် လယ်ယာသုံး စက်ကိရိယာတွေ တောင် သူတွေကိုချပေးနိုင်ဖို့ ဆောင်ရွက်နေပါ တယ်''ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ရာ ၄၃ နေရာအနိုင် ရရှိခဲ့သော ပါတီတစ်ခုလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ၍ ရွေးကောက်ပွဲများတွင် မိမိတို့ ကိုယ်စားလှယ်များ မဲအနိုင်ရရှိရေး ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လူထုအ နေဖြင့် မိမိတို့ပါတီကို မဲပေးကြရန် ကော့ မှူးဒေသခံ တောင် သူ များကို ပြောကြား သွားခဲ့သည်။

Yangaon Media Group

No comments:

Post a Comment