Monday 1 September 2014

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ဆောင်မှု ခရီးမပေါက်ဟု ဒုတိယသမ္မတ ပြော

Photo: အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးလုပ်ဆောင်မှု ခရီးမပေါက်ဟု ဒုတိယသမ္မတ ပြော
Monday, September 1, 2014

မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှုများမှာ မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ စိန်ခေါ်ချက်များနှင့် ရင်ဆိုင်မှုများစွာ ကြုံတွေ့နေရသည်ဟု အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉဏ်ထွန်းက ပြောသည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းကော်မတီ အစည်းအဝေး၌ ပြောသည်ဟု သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့ပြင် အာဆီယံအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း မူဝါဒညွှန်းကိန်းများ ၂၀၁၄  (ASEAN SMEs Policy Index ၂၀၁၄)တွင်လည်း အကောင်းဆုံးနိုင်ငံများ၏ ရမှတ်မှာ ၅ ဒသမ ၄ ရှိနေသော်လည်း မြန်မာနိုင်ငံအနေက ၂ ဒသမ ၉ ရာခိုင်နှုန်းသာရှိနေခြင်းဖြစ်ရာ မြန်မာ့အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးတိုးတက်မှု ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးသွားရန် အထူးလိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“မူဝါဒ လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော်ရန် မူဝါဒ၊ ဥပဒေ၊ ဆက်စပ်ဥပဒေများ ပြုစုရေးဆွဲရေး၊ လုပ်ငန်းစတင်ရေး ၊ ငွေကြေးအရင်းအနှီးလွယ်ကူစေရေး၊ လူ့အရင်းအမြစ် တိုးတက်ရေး၊ နည်းပညာ မြှင့်တင်မှု စံချိန်စံညွှန်းများ သတ်မှတ်ရေး ၊ သတင်းအချက်အလက်နှင့် သုတေသနများလုပ်ဆောင်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဈေးကွက်မြှင့်တင်ရေး၊ စောင့်ကြည့်အကဲဖြတ်ရေးနှင့် လုပ်ငန်းအစုအဖွဲ့များ ဖွဲ့စည်းလုပ်နေသော်လည်း မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ SMEs ဖွံ့ဖြိုးမှုများအတွက် လိုအပ်ချက်နှင့် စိန်ခေါ်ချက်များ ရင်ဆိုင်နေရတယ်”ဟု ဒုတိယသမ္မတ ဦးဉဏ်ထွန်းက ပြောသည်။

သို့ဖြစ်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ နည်းပညာအကူအညီများနှင့် ပူးပေါင်း ဆောင်ရွက်မှုများရယူခြင်း၊ အစိုးရကလည်း စီးပွားရေးလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ ကောင်းကျိုးဆိုးကျိုး သက်ရောက်မှုများကို တာဝန်ခံမှု ( Regulatory Inpact Analysis - RIA) ပိုမိုတိုးတက်လာစေရန် စနစ်တကျဆောင်ရွက်ရေးတို့အတွက် ၎င်းက တိုက်တွန်းသည်။

ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များကမူ မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှုဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရာတွင် မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကိုသာ ဆောင်ရွက်နေသော်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာန တာဝန်ရှိသူများက အောက်ခြေသို့ ဆင်းကြည့်ကာ လိုအပ်သည်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းလျက်ရှိသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က မီဒီယာများကို ပြောထားသည်။

စီးပွာရေးပညာရှင် ဦးလှမောင်က “SMEs တစ်ခုတည်း မဟုတ်ပါဘူး စီးပွားရေး တိုးတက်မှုတွေကို လုပ်တဲ့ နေရာမှာ မူတွေ၊ ဥပဒေတွေ ထုတ်ပြန်နေရုံနဲ့မပြီးဘူး တကယ်အကောင်အထည်ပေါ်လာဖို့ ဘာတွေလုပ်ရမယ်ဆိုတာကို လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လိုအပ်တယ်။ ဒီအပိုင်းတွေက ဟိုးအရင်ကတည်းက အားနည်းသလို အခုလည်း အားနည်းတုန်းပါပဲ”ဟု မဇ်္ဈိမကို ပြောသည်။

အာဆီယံအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း မူဝါဒညွှန်းကိန်းများ ၂၀၁၄(ASEAN SME Policy Index ၂၀၁၄) ကိုမူ အရှေ့အာရှစီးပွားရေးသုတေသနအဖွဲ့ (Economic Reserch Institute of ASEAN and East Asia-ERIA) က ပြုစုထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ယင်းမှတ်တမ်းတွင်မူ အကောင်းဆုံးနိုင်ငံ၏ ညွှန်းကိန်းရမှတ်ကို ၅ ဒသမ ၄ နှင့် ပျမ်းမျှညွှန်းကိန်းရမှတ်ကို ၃ ဒသမ ၇ ရာခိုင်နှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်ရာ မြန်မာနိုင်ငံသည် ပျမ်းမျှရမှတ်အောက်သို့ ကျဆင်းခြင်းဖြစ်သည်။

Mizzima - News in Burmese 

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးတွင် အမှာစကားပြောနေသည့် ဒုတိယသမ္မတ ဦးးဉဏ်ထွန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - သမ္မတရုံး
နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် အသေးစားနှင့် အလတ်စား စီး ပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးတွင် အမှာစကားပြောနေသည့် ဒုတိယ သမ္မတ ဦးးဉဏ်ထွန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - သမ္မတရုံး
မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှု များမှာ မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ စိန်ခေါ်ချက်များနှင့် ရင်ဆိုင်မှုများစွာ ကြုံတွေ့နေရသည်ဟု အသေး စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြန်မာနိုင် ငံတော် ဒုတိယသမ္မတ ဦးဉဏ်ထွန်းက ပြောသည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ရှိ စက်မှုဝန်ကြီး ဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းကော်မတီ အစည်းအဝေး၌ ပြောသည်ဟု သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့ပြင် အာဆီယံအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း မူဝါဒညွှန်းကိန်းများ ၂၀၁၄  (ASEAN SMEs Policy Index ၂၀၁၄)တွင်လည်း အကောင်းဆုံးနိုင်ငံများ၏ ရမှတ်မှာ ၅ ဒသမ ၄ ရှိနေသော် လည်း မြန်မာနိုင်ငံ အနေက ၂ ဒသမ ၉ ရာခိုင်နှုန်းသာရှိနေခြင်းဖြစ်ရာ မြန်မာ့အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးတိုးတက်မှု ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးသွားရန် အထူး လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“မူဝါဒ လမ်းညွှန်ချက်များအတိုင်း အကောင်အထည်ဖော်ရန် မူဝါဒ၊ ဥပဒေ၊ ဆက်စပ်ဥပဒေများ ပြုစုရေး ဆွဲရေး၊ လုပ်ငန်းစတင်ရေး ၊ ငွေကြေးအရင်းအနှီးလွယ်ကူစေရေး၊ လူ့အရင်းအမြစ် တိုးတက်ရေး၊ နည်း ပညာ မြှင့်တင်မှု စံချိန်စံညွှန်းများ သတ်မှတ်ရေး ၊ သတင်းအချက်အလက်နှင့် သုတေသနများ လုပ်ဆော င်ရေး၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဈေးကွက်မြှင့်တင်ရေး၊ စောင့်ကြည့်အကဲဖြတ်ရေးနှင့် လုပ်ငန်းအစုအဖွဲ့များ ဖွဲ့စည်းလုပ်နေသော်လည်း မျှော်မှန်းသလောက် ခရီးမပေါက်ဘဲ SMEs ဖွံ့ဖြိုးမှုများအတွက် လိုအပ်ချက်နှင့် စိန်ခေါ်ချက်များ ရင်ဆိုင်နေရတယ်”ဟု ဒုတိယသမ္မတ ဦးဉဏ်ထွန်းက ပြောသည်။

သို့ဖြစ်ရာ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ နည်းပညာအကူအညီများနှင့် ပူးပေါင်း ဆောင် ရွက်မှုများရယူခြင်း၊ အစိုးရကလည်း စီးပွားရေးလုပ်ငန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့် စပ်လျဉ်း၍ ကောင်းကျိုးဆိုးကျိုး သက်ရောက်မှုများကို တာဝန်ခံမှု ( Regulatory Inpact Analysis - RIA) ပိုမိုတိုးတက်လာစေရန် စနစ်တကျဆောင်ရွက်ရေးတို့အတွက် ၎င်းက တိုက်တွန်းသည်။

ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များကမူ မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှုဆိုင်ရာ အကောင် အထည် ဖော်ဆောင် ရာ တွင် မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ကိုသာ ဆောင်ရွက်နေသော်လည်း သက်ဆိုင် ရာ ၀န်ကြီးဌာန တာဝန်ရှိသူများက အောက်ခြေသို့ ဆင်းကြည့်ကာ လိုအပ်သည်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းလျက်ရှိသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က မီဒီယာများကို ပြောထားသည်။

စီးပွာရေးပညာရှင် ဦးလှမောင်က “SMEs တစ်ခုတည်း မဟုတ်ပါဘူး စီးပွားရေး တိုးတက်မှုတွေကို လုပ် တဲ့ နေရာမှာ မူတွေ၊ ဥပဒေတွေ ထုတ်ပြန်နေရုံနဲ့မပြီးဘူး တကယ်အကောင်အထည်ပေါ်လာဖို့ ဘာတွေ လုပ်ရမယ်ဆိုတာကို လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လိုအပ်တယ်။ ဒီအပိုင်းတွေက ဟိုးအရင်ကတည်းက အားနည်းသလို အခုလည်း အားနည်းတုန်းပါပဲ”ဟု မဇ်္ဈိမကို ပြောသည်။

အာဆီယံအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း မူဝါဒညွှန်းကိန်းများ ၂၀၁၄(ASEAN SME Policy Index ၂၀၁၄) ကိုမူ အရှေ့အာရှစီးပွားရေးသုတေသနအဖွဲ့ (Economic Reserch Institute of ASEAN and East Asia-ERIA) က ပြုစုထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ယင်းမှတ်တမ်းတွင်မူ အကောင်းဆုံးနိုင်ငံ ၏ ညွှန်းကိန်းရမှတ်ကို ၅ ဒသမ ၄ နှင့် ပျမ်းမျှညွှန်းကိန်းရမှတ်ကို ၃ ဒသမ ၇ ရာခိုင်နှုန်းသတ်မှတ် ခဲ့ခြင်းဖြစ် ရာ မြန်မာနိုင်ငံသည် ပျမ်းမျှရမှတ်အောက်သို့ ကျဆင်းခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment