Monday 1 September 2014

ရွှေဘိုတွင် ရေကာတာကျိုး၍ မျိုးစပါးတင်း တစ်ထောင်နီးပါး ပျက်စီး

Photo: ရွှေဘိုတွင် ရေကာတာကျိုး၍ မျိုးစပါးတင်း တစ်ထောင်နီးပါး ပျက်စီး
Monday, September 1, 2014

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အရှေ့မြောက်ဘက်ရှိ ဆင်းကွတ်ဆည် ရေကာတာသည် သြဂုတ်လ ၃၀ ရက်၊ နံနက်ပိုင်းက ကျိုးပျက်ခဲ့သဖြင့် ရွာသုံးရွာမှ မိုးစပါး စိုက်ပျိုးရန် ချန်ထားသော မျိုးစပါးတင်း တစ်ထောင်ခန့် ပျက်စီးခဲ့ကြောင်း အဆိုပါကျေးရွာမှ ဒေသခံများက ပြောကြားသည်။

ရေကာတာ ကျိုးပျက်၍ ဆင်းကွတ်ကျေးရွာ၊ မင်းကျောင်းကျေးရွာနှင့် ပဂိုးကုန်းကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီး မျိုးစပါးတင်း တစ်ထောင်နီးပါးခန့် ရေဝင်၍ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းနှင့် ပဂိုးကုန်းကျေးရွာမှ ဒေသခံများက ပြောကြားသည်။

“ရေဝင်တဲ့အချိန်က မနက်ပိုင်း ဆိုပေမယ့် ရေစီးအားက အတင်းသန်တယ်။ စပါးကျီထဲက မျိုးစပါးတွေ ဆွဲထုတ်ဖို့ မပြောနဲ့ အိမ်ပေါ်က ပစ္စည်းတွေတောင် မသယ်လိုက်နိုင်ဘူး။ မင်းကျောင်းကတော့ တစ်ရွာလုံးနီးပါး ပဲမျိုးစပါးတွေ အကုန်ပျက်စီးသွားတယ်။ အခုထိ စပါးကျီထဲမှာပဲ မထုတ်ရသေးဘူး အားလုံး ရေစိုပြီး ပျက်ဆီးကုန်ပြီ၊ ကြိတ်လို့လဲ မရတော့ဘူး” ဟု မင်းကျောင်းကျေးရွာနေ တောင်သူ ဦးမျိုးဆွေက ဆိုသည်။

သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက ရေဝင်ရောက်ခဲ့ပြီး သြဂုတ်လ ၃၁ ရက်တွင် ရေပြန်ကျသွားခဲ့သော်လည်း ရွာအတွင်း ပျက်စီးမှုများ ရှိသည့်အတွက် ရွာထဲတွင် မနေနိုင်သေးဘဲ ရွှေဘို-ကျောက်မြောင်း ကားလမ်းမကြီးပေါ်တွင် နေထိုင်နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရေကျတယ် ဆိုပေမယ့် နှစ်ရက် သုံးရက် ဒါမှမဟုတ် တစ်ပတ်နေမှ ရွာထဲ ပြန်နေလို့ရမယ်။ တချို့အိမ်မြင့်တဲ့ သူတွေတော့ ပြန်နေတာ ရှိတယ်။ ဒီလိုပဲ ရေထဲဖြတ်ပြီး သွားရတာပေါ့။ ရွာအဝင်မှာကို ရေက လူကြီးရင် ခေါင်းလောက်တော့ မြုပ်သေးတယ်၊ ဒီနေ့ထိ” ဟု မင်းကျောင်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဝင်ရောက်လာသည့် ရေမျိုးမင်းကျောင်း ကျေးရွာတွင် နေထိုင်စဉ် မကြုံဖူးသေးဘဲ ယခင်က မိုးကြီးချိန် ရေဝင်မှု ရှိသော်လည်း ယခုကဲ့သို့ အလုံးအရင်း ဝင်ရောက်လာခြင်း မဟုတ်ကြောင်း၊ ယခုရေဝင်မှုကြောင့် မျိုးစပါးများအပြင် စားသုံးရန် စုဆောင်းထားသည့် ဆန်များပါ ရေမြုပ်ပျက်စီးခဲ့ကြောင်း မင်းကျောင်းရွာမှ ဦးလှမော်က ပြောကြားသည်။

မင်းကျောင်းရွာမှာ မြေနိမ့်ပိုင်းတွင် ရှိသောကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့ရပြီး ဆင်းကွက်ရွာနှင့် ပဂိုးကုန်းရွာတို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိကာ မင်းကျောင်းရွာ တစ်ရွာတည်းတွင်ပင် မျိုးစပါးတင်း ခုနစ်ရာနီးပါး ပျက်စီးခဲ့ကြောင်း ကောက်ခံရရှိထားသည့် စာရင်းများပေါ် မူတည်၍ မင်းကျောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ဆင်းကွတ်ဆည် ရေကာတာမှ ရှပ်တန်း ကျိုးကျခဲ့ခြင်းကြောင့် ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာသုံးရွာတွင် သြဂုတ်လ ၃၀ ရက်မှစ၍ ရေဝင်ရောက်မှုများ ရှိခဲ့ပြီး အိမ်ခြေပေါင်း လေးရာကျော် ရေဝင်ရောက်ခဲ့ပြီး လူဦးရေ နှစ်ထောင်ကျော်ခန့် ရေဘေးသင့်ခဲ့ကြောင်း ကယ်ဆယ်ရေး စခန်းများ၏ စာရင်းများအရ သိရသည်။

လက်ရှိ ရေဝင်ခဲ့သော ကျေးရွာများကို အနီးပတ်ဝန်းကျင် ကျေးရွာများနှင့် ရွှေဘိုမြို့ပေါ်ရှိ ပရဟိတအသင်းများမှ ထမင်းထုပ်များ ရေသန့်ဘူးများ လာရောက်ပို့ဆောင် လှူဒါန်းလျက် ရှိသည်။

The Voice Weekly
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အရှေ့မြောက်ဘက်ရှိ ဆင်းကွတ်ဆည် ရေကာတာသည် သြဂုတ်လ ၃၀ ရက်၊ နံနက်ပိုင်းက ကျိုးပျက်ခဲ့သဖြင့် ရွာသုံးရွာမှ မိုးစပါး စိုက်ပျိုးရန် ချန်ထားသော မျိုးစပါးတင်း တစ်ထောင် ခန့် ပျက်စီးခဲ့ကြောင်း အဆိုပါကျေးရွာမှ ဒေသခံများက ပြောကြားသည်။
ရေကာတာ ကျိုးပျက်၍ ဆင်းကွတ်ကျေးရွာ၊ မင်းကျောင်းကျေးရွာနှင့် ပဂိုးကုန်းကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီး မျိုးစပါးတင်း တစ်ထောင်နီးပါးခန့် ရေဝင်၍ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းနှင့် ပဂိုးကုန်းကျေးရွာ မှ ဒေသခံများက ပြောကြားသည်။

“ရေဝင်တဲ့အချိန်က မနက်ပိုင်း ဆိုပေမယ့် ရေစီးအားက အတင်းသန်တယ်။ စပါးကျီထဲက မျိုးစပါးတွေ ဆွဲထုတ် ဖို့ မပြောနဲ့ အိမ်ပေါ်က ပစ္စည်းတွေတောင် မသယ်လိုက်နိုင်ဘူး။ မင်းကျောင်းကတော့ တစ်ရွာလုံး နီးပါး ပဲမျိုးစပါးတွေ အကုန်ပျက်စီးသွားတယ်။ အခုထိ စပါးကျီထဲမှာပဲ မထုတ်ရသေးဘူး အားလုံး ရေစိုပြီး ပျက်ဆီးကုန်ပြီ၊ ကြိတ်လို့လဲ မရတော့ဘူး” ဟု မင်းကျောင်းကျေးရွာနေ တောင်သူ ဦးမျိုးဆွေက ဆိုသည်။

သြဂုတ်လ ၃၀ ရက် နံနက်ပိုင်းက ရေဝင်ရောက်ခဲ့ပြီး သြဂုတ်လ ၃၁ ရက်တွင် ရေပြန်ကျသွားခဲ့သော်လည်း ရွာအတွင်း ပျက်စီးမှုများ ရှိသည့်အတွက် ရွာထဲတွင် မနေနိုင်သေးဘဲ ရွှေဘို-ကျောက်မြောင်း ကားလမ်း မကြီးပေါ် တွင် နေထိုင်နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရေကျတယ် ဆိုပေမယ့် နှစ်ရက် သုံးရက် ဒါမှမဟုတ် တစ်ပတ်နေမှ ရွာထဲ ပြန်နေလို့ရမယ်။ တချို့အိမ်မြင့် တဲ့ သူတွေတော့ ပြန်နေတာ ရှိတယ်။ ဒီလိုပဲ ရေထဲဖြတ်ပြီး သွားရတာပေါ့။ ရွာအဝင်မှာကို ရေက လူကြီး ရင် ခေါင်းလောက်တော့ မြုပ်သေးတယ်၊ ဒီနေ့ထိ” ဟု မင်းကျောင်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ဝင်ရောက်လာသည့် ရေမျိုးမင်းကျောင်း ကျေးရွာတွင် နေထိုင်စဉ် မကြုံဖူးသေးဘဲ ယခင်က မိုးကြီးချိန် ရေဝင်မှု ရှိသော်လည်း ယခုကဲ့သို့ အလုံးအရင်း ဝင်ရောက်လာခြင်း မဟုတ်ကြောင်း၊ ယခုရေ ဝင်မှုကြောင့် မျိုးစပါးများအပြင် စားသုံးရန် စုဆောင်းထားသည့် ဆန်များပါ ရေမြုပ်ပျက်စီးခဲ့ကြောင်း မင်းကျောင်း ရွာမှ ဦးလှမော်က ပြောကြားသည်။

မင်းကျောင်းရွာမှာ မြေနိမ့်ပိုင်းတွင် ရှိသောကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့ရပြီး ဆင်းကွက်ရွာနှင့် ပဂိုးကုန်းရွာ တို့တွင်လည်း ပျက်စီးဆုံးရှုံးမှုများ ရှိကာ မင်းကျောင်းရွာ တစ်ရွာတည်းတွင်ပင် မျိုးစပါးတင်း ခုနစ်ရာနီးပါး ပျက်စီးခဲ့ကြောင်း ကောက်ခံရရှိထားသည့် စာရင်းများပေါ် မူတည်၍ မင်းကျောင်းကျေးရွာ အုပ်ချုပ်ရေး မှူးက ပြောကြားသည်။

ဆင်းကွတ်ဆည် ရေကာတာမှ ရှပ်တန်း ကျိုးကျခဲ့ခြင်းကြောင့် ရွှေဘိုမြို့နယ် အတွင်းရှိ ကျေးရွာသုံးရွာတွင် သြဂုတ်လ ၃၀ ရက်မှစ၍ ရေဝင်ရောက်မှုများ ရှိခဲ့ပြီး အိမ်ခြေပေါင်း လေးရာကျော် ရေဝင်ရောက်ခဲ့ပြီး လူဦးရေ နှစ်ထောင်ကျော်ခန့် ရေဘေးသင့်ခဲ့ကြောင်း ကယ်ဆယ်ရေး စခန်းများ၏ စာရင်းများအရ သိရ သည်။

လက်ရှိ ရေဝင်ခဲ့သော ကျေးရွာများကို အနီးပတ်ဝန်းကျင် ကျေးရွာများနှင့် ရွှေဘိုမြို့ပေါ်ရှိ ပရဟိတအသင်း များမှ ထမင်းထုပ်များ ရေသန့်ဘူးများ လာရောက်ပို့ဆောင် လှူဒါန်းလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment