Monday 1 September 2014

ဓမ္မစေတီခေါင်းလောင်း ရှာဖွေဆယ်ယူရာသို့ လာရောက်ကြည့်ရှုသူ ဦးရေ လျော့ကျ သွားဟုဆို

Photo: ဓမ္မစေတီခေါင်းလောင်း ရှာဖွေဆယ်ယူရာသို့ လာရောက်ကြည့်ရှုသူ ဦးရေ လျော့ကျ သွားဟုဆို
Monday, September 1, 2014

ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ်ယူမှုကို စိတ်ဝင်စားစွာဖြင့် နေ့စဉ်ရက်ဆက် လာရောက်ကြည့်ရှုကြသူများ ရှိသကဲ့ သို့ ယခုအခါ ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးသည့်အတွက် စိတ်ဝင်စားမှု လျော့ကျကာ လာရောက်ကြည့်ရှုသူ လူဦးရေ လျော့ကျသွားကြောင်း သိရ သည်။

ယခင်အပတ် တနင်္ဂနွေနေ့က ဆိုလျှင် လာရောက်ကြည့်ရှုသူဦးရေ သုံးရာခန့်ရှိခဲ့ပြီး ပြည်သူလူထု၏ စိတ် ဝင်စားမှု အမြင့်မားဆုံးအခြေအနေ သို့ ရောက်ရှိခဲ့သော်လည်း ယခု သြ ဂုတ် ၃၁ရက် တနင်္ဂနွေနေ့တွင် ခေါင်း လောင်း ရှာဖွေဆယ်ယူသည့် ၂၃ရက် မြောက်နေ့၌ လာရောက်ကြည့်ရှုသူ မှာ အတော်လျော့ကျသွားကာ လူဦး ရေ ၈ဝခန့်ရှိကြောင်း သိရသည်။

''လာတာကတော့ နေ့တိုင်းပဲ။ လှိုင်မြို့နယ် ကျောင်းကွေ့က လာတာ။ စာစောင်တွေကလဲ ရေးနေကြတာပဲ။ ထူးခြားတာတော့ မကြားသေးဘူး။ နေ့တိုင်းတော့ ရောက်ဖြစ်တယ်''ဟု လှိုင်မြို့နယ်မှ လာရောက်ကြည့်ရှု သူ ကိုမင်းမင်းက ပြောသည်။

ခေါင်းလောင်းဆယ်ယူမှုမှာ တွေ့ရှိပြီဆိုသည့်သတင်းထုတ်ပြန် ချက်တစ်ခုကိုသာ သိရှိထားပြီးလာ ရောက် ကြည့်ရှုသော်လည်း ထူးခြား မှုတစ်စုံတစ်ရာမရှိဘဲ သောင်တူးစက် တူးဖော်ခြင်းကိုသာ မြင်တွေ့ခဲ့ရ ကြောင်း ကုန်းပေါ်ရောက်ရှိမှသာ အဖြေပေါ်မည်ဖြစ်ကြောင်း စမ်း ချောင်းမြို့နယ်မှ လာရောက်ကြည့် ရှုသူ ဒေါ်ခင်ခင်ဝင်းက ပြောသည်။

မွန်ဓမ္မစေတီခေါင်းလောင်း တော် ဆယ်ယူရေးအထောက်အကူ ပြု ဆပ်ကော်မတီမှနေ့လယ် ၁၂နာရီ တွင် အေးရှားပွိုင့်ဘိုးလိန်းကမ်းနား တွင် လာရောက်ကြည့်ရှုသူများကို စတု ဒိသာ မုန့်များ ကျွေးမွေးခဲ့ကာ သောက် ရေသန့်ဘူးများကို လာရောက်လှူဒါန်း သူများရှိကြောင်းလည်း သိရသည်။

''မနက်ကကမ်းနားမှာ ဖာလူဒါ တိုက်ပါတယ်။ ဆုတောင်းပွဲမလုပ် ဖြစ်ဘူး''ဟုမွန်ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အထောက်အကူပြုအဖွဲ့ မှ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မင်းအောင်က ပြောသည်။
သြဂုတ်လ ၃၁ရက်တွင် ခေါင်း လောင်းဆယ်ယူရေးအတွက် သောင် တူးခြင်းကို နံနက်၉နာရီတွင် စတင် လုပ်ကိုင်နေကြောင်း သမ္ဗန်သမား ကို ထက်အောင်လှိုင်က ပြောသည်။

''သောင်တူးစက်က မနက် ကတည်းက အလုပ်လုပ်တာ တွေ့ တယ်။ မွန်းလွဲ ၁နာရီခွဲလောက်မှာ သောင်တူးစက်ရပ်ပြီး ရေငုပ်သမ္ဗန် နဲ့ ရေငုပ်တာတွေ့တယ်'' ဟု ယင်းက ဆက်လက်ပြောသည်။

ရေငုပ်သမ္ဗန်၏ ဘေးပတ်လည် တွင် လုံခြုံရေးရဲတပ်ဖွဲ့ကလဲ သင်္ဘော ဖြင့်စောင့်ကြပ်ပေးနေကာသွားရောက် ကြည့်ရှုသူများကို လုပ်ငန်းလုပ် ကိုင်ရာ အနီးသို့မလာရန်သတိပေး ကြေညာခြင်းများကို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

ခေါင်းလောင်းရှာဖွေမှုကိုကြည့် ရှုနိုင်သည့် အေးရှားပွိုင့်ဘိုးလိန်းဝင်း အတွင်း အစားအစာရောင်းချသူ များအပြင်၊ ကွမ်းယာရောင်းချသူများ ဆေးဝါးရောင်းချသူများရှိကြောင်း သိရသည်။

''ကျွန်တော်ကတော့ အောင်မြင် မယ်လို့ယုံကြည်တယ်။ အနားကိုသွား ကြည့်တာတော့ သဲစုပ်နေတာကို တွေ့ ခဲ့တယ်။ အောင်မြင်မယ်ဆိုရင်တော့ သာသနာအတွက် မှတ်ကျောက်တစ်ခု ပဲ။ ဦးစံလင်းတို့လုပ်တာမှန်တယ်လို့ ထင်တယ်''ဟု လှိုင်မြို့နယ်မှ လာ ရောက်ကြည့်ရှုသူ ကိုသန့်ဇင်က ပြော သည်။

ခေါင်းလောင်းတော် ဆယ်ယူ ခြင်းအတွက် အမျိုးမျိုးသော ဝေဖန်မှု များရှိသော်လည်း မေတ္တာတရားဖြင့် ခေတ္တစောင့်ကြည့်ပေးစေလိုကြောင်း ပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက သြဂုတ် ၃ဝရက်က ပြောသည်။

MTZ
Yangon Media Group
ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ်ယူမှုကို စိတ်ဝင်စားစွာဖြင့် နေ့စဉ်ရက်ဆက် လာရောက်ကြည့်ရှုကြသူ များ ရှိသကဲ့သို့ ယခုအခါ ထူးခြားမှုတစ်စုံတစ်ရာ မရှိသေးသည့်အတွက် စိတ်ဝင်စားမှု လျော့ကျကာ လာရောက်ကြည့်ရှုသူ လူဦးရေ လျော့ကျသွားကြောင်း သိရ သည်။
ယခင်အပတ် တနင်္ဂနွေနေ့က ဆိုလျှင် လာရောက်ကြည့်ရှုသူဦးရေ သုံးရာခန့်ရှိခဲ့ပြီး ပြည်သူလူထု၏ စိတ် ဝင်စားမှု အမြင့်မားဆုံးအခြေအနေသို့ ရောက်ရှိခဲ့သော်လည်း ယခု သြ ဂုတ် ၃၁ရက် တနင်္ဂနွေနေ့ တွင် ခေါင်း လောင်း ရှာဖွေဆယ်ယူသည့် ၂၃ရက် မြောက်နေ့၌ လာရောက်ကြည့်ရှုသူ မှာ အတော်လျော့ကျ သွားကာ လူဦး ရေ ၈ဝခန့်ရှိကြောင်း သိရသည်။

''လာတာကတော့ နေ့တိုင်းပဲ။ လှိုင်မြို့နယ် ကျောင်းကွေ့က လာတာ။ စာစောင်တွေကလဲ ရေးနေကြတာပဲ။ ထူးခြားတာတော့ မကြားသေးဘူး။ နေ့တိုင်းတော့ ရောက်ဖြစ်တယ်''ဟု လှိုင်မြို့နယ်မှ လာရောက်ကြည့်ရှု သူ ကိုမင်းမင်းက ပြောသည်။

ခေါင်းလောင်းဆယ်ယူမှုမှာ တွေ့ရှိပြီဆိုသည့်သတင်းထုတ်ပြန် ချက်တစ်ခုကိုသာ သိရှိထားပြီးလာ ရောက် ကြည့်ရှုသော်လည်း ထူးခြား မှုတစ်စုံတစ်ရာမရှိဘဲ သောင်တူးစက် တူးဖော်ခြင်း ကိုသာ မြင်တွေ့ ခဲ့ရ ကြောင်း ကုန်းပေါ်ရောက်ရှိမှသာ အဖြေပေါ်မည်ဖြစ်ကြောင်း စမ်း ချောင်းမြို့နယ်မှ လာရောက်ကြည့် ရှုသူ ဒေါ်ခင်ခင်ဝင်းက ပြောသည်။

မွန်ဓမ္မစေတီခေါင်းလောင်း တော် ဆယ်ယူရေးအထောက်အကူ ပြု ဆပ်ကော်မတီမှနေ့လယ် ၁၂နာရီ တွင် အေးရှားပွိုင့်ဘိုးလိန်းကမ်းနားတွင် လာရောက်ကြည့်ရှုသူများကို စတုဒိသာမုန့်များ ကျွေးမွေးခဲ့ ကာ သောက် ရေ သန့် ဘူးများကို လာရောက်လှူဒါန်း သူများရှိကြောင်းလည်း သိရသည်။

''မနက်ကကမ်းနားမှာ ဖာလူဒါ တိုက်ပါတယ်။ ဆုတောင်းပွဲမလုပ် ဖြစ်ဘူး''ဟုမွန်ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေး အထောက်အကူပြုအဖွဲ့ မှ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မင်းအောင်က ပြောသည်။
သြဂုတ်လ ၃၁ရက်တွင် ခေါင်း လောင်းဆယ်ယူရေးအတွက် သောင် တူးခြင်းကို နံနက်၉နာရီတွင် စတင် လုပ်ကိုင်နေကြောင်း သမ္ဗန်သမား ကို ထက်အောင်လှိုင်က ပြောသည်။

''သောင်တူးစက်က မနက် ကတည်းက အလုပ်လုပ်တာ တွေ့ တယ်။ မွန်းလွဲ ၁နာရီခွဲလောက်မှာ သောင် တူး စက်ရပ်ပြီး ရေငုပ်သမ္ဗန် နဲ့ ရေငုပ်တာတွေ့တယ်'' ဟု ယင်းက ဆက်လက်ပြောသည်။

ရေငုပ်သမ္ဗန်၏ ဘေးပတ်လည် တွင် လုံခြုံရေးရဲတပ်ဖွဲ့ကလဲ သင်္ဘော ဖြင့်စောင့်ကြပ်ပေးနေကာ သွားရောက် ကြည့်ရှုသူများကို လုပ်ငန်းလုပ် ကိုင်ရာ အနီးသို့မလာရန်သတိပေး ကြေညာခြင်းများကို လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

ခေါင်းလောင်းရှာဖွေမှုကိုကြည့် ရှုနိုင်သည့် အေးရှားပွိုင့်ဘိုးလိန်းဝင်း အတွင်း အစားအစာရောင်းချသူ များအပြင်၊ ကွမ်းယာရောင်းချသူများ ဆေးဝါးရောင်းချသူများရှိကြောင်း သိရသည်။

''ကျွန်တော်ကတော့ အောင်မြင် မယ်လို့ယုံကြည်တယ်။ အနားကိုသွား ကြည့်တာတော့ သဲစုပ်နေတာ ကို တွေ့ ခဲ့ တယ်။ အောင်မြင်မယ်ဆိုရင်တော့ သာသနာအတွက် မှတ်ကျောက်တစ်ခု ပဲ။ ဦးစံလင်းတို့ လုပ်တာမှန်တယ်လို့ ထင်တယ်''ဟု လှိုင်မြို့နယ်မှ လာ ရောက်ကြည့်ရှုသူ ကိုသန့်ဇင်က ပြော သည်။

ခေါင်းလောင်းတော် ဆယ်ယူ ခြင်းအတွက် အမျိုးမျိုးသော ဝေဖန်မှု များရှိသော်လည်း မေတ္တာ တရားဖြင့် ခေတ္တစောင့်ကြည့်ပေးစေ လိုကြောင်း ပြန်ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက သြဂုတ် ၃ဝ ရက်က ပြော သည်။

MTZ
Yangon Media Group

No comments:

Post a Comment