Monday 1 September 2014

လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် များစွာအထောက်အကူဖြစ်စေ ၍ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး အမြန်ဆုံးဖြစ်လာရန် မျှော် လင့်ကြောင်း မြန် မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

Photo: လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် များစွာအထောက်အကူဖြစ်စေ ၍ နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်စဲရေး အမြန်ဆုံးဖြစ်လာရန် မျှော် လင့်ကြောင်း မြန် မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Monday, September 1, 2014 

အပစ်ရပ်စဲပြီး ငြိမ်းချမ်းရေးရပါက လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် များစွာအထောက်အကူဖြစ်စေ၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်းဆောင်ရွက်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးဖြစ်လာရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ပြောကြားသည်။

မြန်မာပြည်၌ လွတ်လပ်ရေးရပြီးကာလနောက်ပိုင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒုက္ခရောက်ခဲ့ကြရသည့် ပြည်သူများစွာရှိနေပြီး လက်ရှိအစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများကြောင့် ကချင်ဒေသတွင် စစ်ဘေးဒုက္ခသည်ပြည်သူ သိန်းချီရှိနေသေးပြီး စားဝတ်နေရေးများစွာ အခက်အခဲဖြစ်နေကာ ကျန်းမာရေး၊ ပညာရေးမှာလည်း များစွာနိမ့်ကျလျက်ရှိသည်။

ဦးဝင်းမြက “ကျွန်တော်တို့ကတော့ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပြောရမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး ရရှိသွားခြင်းအားဖြင့် လူသားတွေအတွက် ခံစားမှုတွေက အများကြီးရရှိလာမှာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီအပစ်အခတ်ရပ်စဲရေး အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ပါစေလို့ပဲ ကျွန်တော်တို့ကနေ မျှော်လင့်တယ်။ အားပေးတယ်။ တိုက်တွန်းတယ်။

တကယ့်လုပ်ငန်းစဉ်ကတော့ သက်ဆိုင်တဲ့သူတွေက ဆောင်ရွက်နေကြတာပေါ့။ ဒါရလာခြင်းအားဖြင့် ဒေသမှာရှိနေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ အကျိုးခံစားရမှာ ဖြစ်တဲ့အတွက်ကြောင့် ရရှိမယ်ဆိုရင် အထူးပဲဝမ်းသာမယ်လို့ ပြောချင်ပါတယ်။ အမြန်ဆုံး ဖြစ်လာပါစေလို့ မျှော်လင့်တယ်။ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရသွားမယ် ဆိုရင်တော့ လူ့အခွင့်အရေး မြှင့်တင်တိုးမြှင့်ရေးအတွက် အများကြီးအထောက်အကူ ဖြစ်စေမှာ။ ဒါကြောင့်မို့လို့ အဲဒီရှုထောင့်ကနေ ကျွန်တော်ကြိုဆိုတယ်လို့ ပြောခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီး စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို အကူအညီပေးရန်နှင့် ကချင်ပြည်နယ် ပဋိပက္ခသည် လူတို့၏ အသက်အိုးအိမ် စည်းစိမ်အပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုအပေါ်တွင် လည်းကောင်း ထိခိုက်မှုများရှိနေ၍ နှစ်ဖက်လက်ခံနိုင်သော အခြေအနေတစ်ခုကို အမြန်ဆုံးရရှိရေး အားထုတ်ရန်လည်း တိုက်တွန်းထားသည်။

“ကျွန်တော့်အမြင် ပြောရရင်တော့ အပစ်အခတ်ရပ်စဲရေးရရုံ သက်သက်နဲ့တော့ မဟုတ်သေးဘူးပေါ့။ ငြိမ်းချမ်းရေးဆိုတာ အပစ်အခတ်ရပ်စဲရေးက ပထမအဆင့်ပဲ ရှိတာပဲ။ ကျန်တာတွေလည်း အများကြီးလုပ်ပေးရမှာ ပညာရေးတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ အများကြီးဆိုင်နေပါတယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့ ဒီပြဿနာကြီး အမြန်ဆုံးပြီးအောင် ဆွေးနွေးနေတဲ့ဟာကို အားပေးတာကလွဲလို့ ဘာလုပ်နိုင်မှာလဲ။ အောင်မြင်ပါစေလို့တော့ အားပေးတာပေါ့” ဟု ဦးဝင်းမြက ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ပြီးမှသာ နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ပဋိပက္ခဖြစ်နေသည့် ဒေသများတွင် ငြိမ်းချမ်းရေးရရန် အပစ်အခတ်ရပ်စဲရေးသည် ပထမဆုံးလိုအပ်သည့် အချက်ဖြစ်နေ၍ အမြန်ဆုံးဖြစ်လာစေရန် မျှော်လင့်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

Eleven Media Group 

ကချင်ပြည်နယ် လိုင်ဇာဒေသရှိ စစ်ဘေးဒုက္ခသည်စခန်းမှ ကလေးငယ်များအား ဇူလိုင် ၂၇ ရက် က တွေ့ရ စဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)
ကချင်ပြည်နယ် လိုင်ဇာဒေသရှိ စစ်ဘေးဒုက္ခသည်စခန်းမှ ကလေးငယ်များအား ဇူလိုင် ၂၇ ရက် က တွေ့ရ စဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)
အပစ်ရပ်စဲပြီး ငြိမ်းချမ်းရေးရပါက လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် များစွာအထောက်အကူဖြစ်စေ၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်းဆောင်ရွက်နေသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အမြန်ဆုံးဖြစ်လာရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ က ပြောကြားသည်။
မြန်မာပြည်၌ လွတ်လပ်ရေးရပြီးကာလနောက်ပိုင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒုက္ခရောက်ခဲ့ကြရ သည့် ပြည်သူများစွာရှိနေပြီး လက်ရှိအစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲများကြောင့် ကချင်ဒေသတွင် စစ်ဘေးဒုက္ခသည်ပြည်သူ သိန်းချီ ရှိနေသေးပြီး စားဝတ်နေရေးများစွာ အခက်အခဲဖြစ်နေကာ ကျန်းမာရေး၊ ပညာရေးမှာလည်း များစွာနိမ့်ကျ လျက်ရှိသည်။

ဦးဝင်းမြက “ကျွန်တော်တို့ကတော့ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ပြောရမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေး ရရှိသွားခြင်းအားဖြင့် လူသားတွေအတွက် ခံစားမှုတွေက အများကြီးရရှိလာမှာ ဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့က ဒီအပစ်အခတ်ရပ်စဲရေး အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ပါစေလို့ပဲ ကျွန်တော်တို့ကနေ မျှော်လင့်တယ်။ အားပေးတယ်။ တိုက်တွန်းတယ်။

တကယ့်လုပ်ငန်းစဉ်ကတော့ သက်ဆိုင်တဲ့သူတွေက ဆောင်ရွက်နေကြတာပေါ့။ ဒါရလာခြင်း အားဖြင့် ဒေသ မှာ ရှိနေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ အကျိုးခံစားရမှာ ဖြစ်တဲ့အတွက်ကြောင့် ရရှိမယ် ဆိုရင် အထူးပဲဝမ်းသာမယ်လို့ ပြောချင်ပါတယ်။ အမြန်ဆုံး ဖြစ်လာပါစေလို့ မျှော်လင့်တယ်။ အပစ် အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရသွားမယ် ဆိုရင်တော့ လူ့အခွင့်အရေး မြှင့်တင်တိုးမြှင့်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာ။ ဒါကြောင့်မို့လို့ အဲဒီရှုထောင့်ကနေ ကျွန်တော်ကြိုဆိုတယ်လို့ ပြောခြင်းဖြစ် ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီး စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူများကို အကူအညီပေးရန်နှင့် ကချင်ပြည်နယ် ပဋိပက္ခသည် လူတို့၏ အသက်အိုးအိမ် စည်းစိမ်အပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းအားထုတ်မှုအပေါ်တွင် လည်းကောင်း ထိခိုက်မှုများရှိနေ၍ နှစ်ဖက် လက်ခံနိုင်သော အခြေအနေတစ်ခုကို အမြန်ဆုံးရရှိရေး အားထုတ်ရန်လည်း တိုက်တွန်းထားသည်။

“ကျွန်တော့်အမြင် ပြောရရင်တော့ အပစ်အခတ်ရပ်စဲရေးရရုံ သက်သက်နဲ့တော့ မဟုတ်သေးဘူးပေါ့။ ငြိမ်းချမ်းရေး ဆိုတာ အပစ်အခတ်ရပ်စဲရေးက ပထမအဆင့်ပဲ ရှိတာပဲ။ ကျန်တာတွေလည်း အများကြီး လုပ်ပေး ရမှာ ပညာရေးတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ အများကြီးဆိုင်နေပါတယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့ ဒီပြဿနာကြီး အမြန်ဆုံးပြီးအောင် ဆွေးနွေးနေတဲ့ဟာကို အားပေးတာကလွဲလို့ ဘာလုပ်နိုင်မှာလဲ။ အောင်မြင် ပါစေ လို့တော့ အားပေးတာပေါ့” ဟု ဦးဝင်းမြက ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ပြီးမှသာ နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ပဋိပက္ခဖြစ်နေသည့် ဒေသများတွင် ငြိမ်းချမ်းရေး ရရန် အပစ်အခတ်ရပ်စဲရေးသည် ပထမဆုံးလိုအပ်သည့် အချက်ဖြစ်နေ၍ အမြန်ဆုံးဖြစ်လာစေရန် မျှော် လင့်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment