Monday 1 September 2014

ပြည်ဘူတာကြီးမှ ရထားဖြင့်ခရီးသွားသူနည်းလာ

Photo: ပြည်ဘူတာကြီးမှ ရထားဖြင့်ခရီးသွားသူနည်းလာ
Monday, September 1, 2014

ပြည်မြို့တွင် ရထားဖြင့် ခရီးသွားသူနည်းပါးလာကြောင်း ပြည်ဘူတာကြီးမှ သတင်း ရရှိ သည်။

‘‘မီးရထားတွေပြေးဆွဲချိန် တွေပြောင်းလိုက်တာရယ်။ လက် မှတ် ခတွေဈေးမြှင့်ပြီး ဈေးနှုန်း ပြောင်းလဲလိုက်တဲ့အချိန်တွေက စပြီးခရီးသွားတွေ တဖြည်းဖြည်း လျော့လာတယ်။အခုဆို သိသိသာသာကို နည်းသွားတယ်’’ဟု ပြည်ဘူတာလက်မှတ်အရောင်းဌာနမှ ၀န်ထမ်းတစ်ဦးကပြောသည်။

ရန်ကုန်-ပြည် ရထားခရီး စဉ်တွင် ၂၀၁၁ခုနှစ်မှစတင်ကာ ရထားလက်မှတ်ခများတိုးမြှင့်ခဲ့ ပြီး ပြည်ဘူတာကြီးမှ မီးရထား ထွက်ခွာချိန်များကိုလည်းပြောင်း လဲခဲ့ရာ ယင်းနောက်ပိုင်းမှစတင် ၍ရထားဖြင့် ခရီးသွားသူလျော့ နည်းလာခဲ့ခြင်းဖြစ်သည်။

ယခင်က ပြည်ဘူတာကြီးမှ စာပို့ရထားထွက်ခွာချိန်တွင်ခရီး သည်တစ်ရာကျော် လိုက်ပါခဲ့ သော်လည်း ယခုအခါ နှစ်ဆယ် ခန့်သာရှိကြောင်း၊ အမြန်ရထား ထွက်ခွာချိန်တွင်လည်း ယခင်က ခရီးသည် နှစ်ရာကျော်လိုက်ပါ သော်လည်း ယခုအခါတစ်ရာ ကျော်သာရှိကြောင်း၊ ကားရထား မှာယခင်ကတစ်ရာကျော်လိုက်ပါ ခဲ့သော်လည်းယခုအခါ ၆၀ခန့် သာရှိကြောင်းသိရသည်။

ယခင်က စာပို့ရထားသည် ပြည်ဘူတာကြီးမှ နံနက် ၆နာရီ တွင် ထွက်ခွာခဲ့သော်လည်းယခု အခါ ည ၁နာရီခွဲတွင်ထွက်ခွာ ကြောင်း အမြန်ရထားမှာ ယခင် က ည ၁၀နာရီတွင်ထွက်ခွာပြီးယခု ည၁၁နာရီခွဲတွင်ထွက်ခွာကာ အ မြန်ရထားမှာ ယခင်ကပြည်-ရန် ကုန်ရိုးရိုးတန်း ၆၅၀ကျပ်ဖြစ်ပြီး ယခု ၁၉၅၀ကျပ်၊အထက်တန်းမှာ ယခင် ၁၃၉၀ကျပ်ဖြစ်ပြီး ယခု ၃၉၀၀ကျပ်ဖြစ်သည်။

‘‘လက်မှတ်ခတွေတက်တာ ကြောင့် ခရီးသည်တွေနည်းသွား တာလို့ အဓိကပြောလို့မရဘူး။ ခရီးသွားဝန်ဆောင်မှု ကောင်း ကောင်းမပေးနိုင်တာ။ ရထားထွက်ခွာချိန်တွေနဲ့လည်းဆိုင်သလို အဓိကရထားတွဲတွေ၊ သံလမ်းတွေ မကောင်းဘူး၊ ရထားစီးရင်အချိန်ပေးရသလို သက်ဆိုင်ရာလူကြီးတွေ ရန်ကုန်-ပြည်မီးရထားကို လိုက်စီးကြည့်ပါ။ ရထားခုန်လို့ထိုင်ခုံကနေ တစ်ပေလောက်မြောက်တက်မသွားဘူးဆိုရင် ကြိုက်သလိုပြော။ အရသာသိသွား မယ်’’ဟု ပြည်မြို့ခံမီးရထားဖြင့် ခရီးသွားသူတစ်ဦးက ပြောသည်။

 ရန်ကုန်-ပြည် ရထားလမ်း သည် မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးသော ရထားလမ်းဖြစ်ပြီး နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီဖြစ်  သည်။ ပြေးဆွဲနေသောရထားများ ရှိ တွဲများကြံ့ခိုင်မှုအားနည်းခြင်း၊ သံလမ်းများ ပျက်စီးလာခြင်းတို့ ကြောင့် ရထားခုတ်မောင်းရချိန် ကြာမြင့်လာသလို ဘူတာများသို့ ၀င်ချိန်မမှန်ခြင်း၊ ထွက်ခွာချိန် မ မှန်ခြင်းစသည့်အကြောင်းအရာ များကြောင့် ခရီးသည်များအသုံး ပြုမှုနည်းပါးလာခဲ့ရပြီး လမ်းတို ခရီးသည်အချို့သာ အသုံးပြုမှုရှိ တော့ကြောင်းမီးရထားဝန်ထမ်း တစ်ဦးကသုံးသပ်သည်။

‘‘အမြန်မီးရထား အထက် တန်းလက်မှတ်ခနဲ့ ပြည်-ရန်ကုန် ကားလက်မှတ်ခကလည်း တစ် ထောင်ပဲကွာတယ်။ ခရီးသွားအ ဆင်ပြေတာချင်းယှဉ်စီးကြမှာပဲ။  ပြည်ဘူတာကြီးဟာ ဂိတ်စ၊ဂိတ် ဆုံးဘူတာကြီးဖြစ်တဲ့အတွက် အဆင်သင့် ရထားတစ်စီးရှိရင် ပိုကောင်းတာပေါ့။ အခုတော့ ရန် ကုန်ကလာတဲ့ ရထားကိုစောင့်ပြီး ပြန်ထွက်နေရတော့ ၀င်တာ နောက်ကျရင် ပြန်ထွက်တာရော နောက်ကျမယ်’’ဟု ပြည်ဒေသခံ တစ်ဦးကပြောသည်။

ပြည်ဘူတာကြီးမှ နေ့စဉ် ရန်ကုန်-ပြည်အစုန်၊ အဆန်အ မြန်ရထား၊ ပြည်-ကြည့်မြင် တိုင် စာပို့ရထား၊ ပြည်-နေပြည်တော် ရထား၊ လက်ပံတန်း-ပြည်ကား ရထားစသည်တို့ ပြေးဆွဲနေပြီး ပြည်-ပေါက်ခေါင်းရထားလမ်း မှာ သံလမ်းအခြေအနေမကောင်း သောကြောင့် ရပ်နားထားရ ကြောင်း သိရသည်။

7Day DAILY 

ရထားစောင့်ဆိုင်းနေသော ခရီးသွားအချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ − ဇော်မင်းထိုက်)
ရထားစောင့်ဆိုင်းနေသော ခရီးသွားအချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ − ဇော်မင်းထိုက်)
ပြည်မြို့တွင် ရထားဖြင့် ခရီးသွားသူနည်းပါးလာကြောင်း ပြည်ဘူတာကြီးမှ သတင်းရရှိ သည်။
‘‘မီးရထားတွေပြေးဆွဲချိန် တွေပြောင်းလိုက်တာရယ်။ လက်မှတ်ခတွေဈေးမြှင့်ပြီး ဈေးနှုန်း ပြောင်းလဲလိုက် တဲ့ အချိန်တွေက စပြီးခရီးသွားတွေ တဖြည်းဖြည်း လျော့လာတယ်။အခုဆို သိသိသာသာကို နည်းသွား တယ်’’ဟု ပြည်ဘူတာလက်မှတ်အရောင်းဌာနမှ ၀န်ထမ်းတစ်ဦးကပြောသည်။

ရန်ကုန်-ပြည် ရထားခရီး စဉ်တွင် ၂၀၁၁ခုနှစ်မှစတင်ကာ ရထားလက်မှတ်ခများတိုးမြှင့်ခဲ့ပြီး ပြည်ဘူတာ ကြီးမှ မီးရထား ထွက်ခွာချိန်များကိုလည်းပြောင်းလဲခဲ့ရာ ယင်းနောက်ပိုင်းမှစတင် ၍ရထားဖြင့် ခရီးသွား သူလျော့ နည်းလာခဲ့ခြင်းဖြစ်သည်။

ယခင်က ပြည်ဘူတာကြီးမှ စာပို့ရထားထွက်ခွာချိန်တွင်ခရီး သည်တစ်ရာကျော် လိုက်ပါခဲ့ သော်လည်း ယခုအခါ နှစ်ဆယ် ခန့်သာရှိကြောင်း၊ အမြန်ရထား ထွက်ခွာချိန်တွင်လည်း ယခင်က ခရီး သည် နှစ်ရာကျော်လိုက်ပါ သော်လည်း ယခုအခါတစ်ရာ ကျော်သာရှိကြောင်း၊ ကားရထား မှာယခင်က တစ်ရာကျော် လိုက်ပါ ခဲ့သော်လည်းယခုအခါ ၆၀ခန့် သာရှိကြောင်းသိရသည်။

ယခင်က စာပို့ရထားသည် ပြည်ဘူတာကြီးမှ နံနက် ၆နာရီ တွင် ထွက်ခွာခဲ့သော်လည်းယခု အခါ ည ၁နာရီခွဲတွင်ထွက်ခွာ ကြောင်း အမြန်ရထားမှာ ယခင် က ည ၁၀နာရီတွင်ထွက်ခွာပြီးယခု ည၁၁နာရီခွဲတွင် ထွက်ခွာကာ အ မြန်ရထားမှာ ယခင်ကပြည်-ရန် ကုန်ရိုးရိုးတန်း ၆၅၀ကျပ်ဖြစ်ပြီး ယခု ၁၉၅၀ကျပ်၊ အထက် တန်းမှာ ယခင် ၁၃၉၀ကျပ်ဖြစ်ပြီး ယခု ၃၉၀၀ကျပ်ဖြစ်သည်။

‘‘လက်မှတ်ခတွေတက်တာ ကြောင့် ခရီးသည်တွေနည်းသွား တာလို့ အဓိကပြောလို့မရဘူး။ ခရီးသွား ၀န်ဆောင်မှု ကောင်း ကောင်းမပေးနိုင်တာ။ ရထားထွက်ခွာချိန်တွေနဲ့လည်းဆိုင်သလို အဓိကရထားတွဲတွေ၊ သံလမ်းတွေ မကောင်းဘူး၊ ရထားစီးရင်အချိန်ပေးရသလို သက်ဆိုင်ရာလူကြီးတွေ ရန်ကုန်-ပြည်မီးရထား ကို လိုက် စီးကြည့် ပါ။ ရထားခုန်လို့ထိုင်ခုံကနေ တစ်ပေလောက်မြောက်တက်မသွားဘူးဆိုရင် ကြိုက် သလိုပြော။ အရသာသိသွား မယ်’’ဟု ပြည်မြို့ခံမီးရထားဖြင့် ခရီးသွားသူတစ်ဦးက ပြောသည်။

 ရန်ကုန်-ပြည် ရထားလမ်း သည် မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးသော ရထားလမ်းဖြစ်ပြီး နှစ်ပေါင်း တစ် ရာကျော်ခဲ့ပြီဖြစ်  သည်။ ပြေးဆွဲနေသောရထားများ ရှိ တွဲများကြံ့ခိုင်မှုအားနည်းခြင်း၊ သံလမ်းများ ပျက်စီး လာခြင်းတို့ ကြောင့် ရထားခုတ်မောင်းရချိန် ကြာမြင့်လာသလို ဘူတာများသို့ ၀င်ချိန်မမှန်ခြင်း၊ ထွက်ခွာချိန် မ မှန်ခြင်းစသည့်အကြောင်းအရာ များကြောင့် ခရီးသည်များအသုံး ပြုမှုနည်းပါးလာခဲ့ရပြီး လမ်းတို ခရီးသည် အချို့သာ အသုံးပြုမှုရှိ တော့ကြောင်းမီးရထားဝန်ထမ်း တစ်ဦးကသုံးသပ်သည်။

‘‘အမြန်မီးရထား အထက် တန်းလက်မှတ်ခနဲ့ ပြည်-ရန်ကုန် ကားလက်မှတ်ခကလည်း တစ် ထောင်ပဲ ကွာ တယ်။ ခရီးသွားအ ဆင်ပြေတာချင်းယှဉ်စီးကြမှာပဲ။  ပြည်ဘူတာကြီးဟာ ဂိတ်စ၊ဂိတ် ဆုံးဘူတာကြီးဖြစ်တဲ့ အတွက် အဆင်သင့် ရထားတစ်စီးရှိရင် ပိုကောင်းတာပေါ့။ အခုတော့ ရန် ကုန်ကလာတဲ့ ရထားကိုစောင့်ပြီး ပြန်ထွက်နေရတော့ ၀င်တာ နောက်ကျရင် ပြန်ထွက်တာရော နောက် ကျမယ်’’ ဟု ပြည်ဒေ သခံ တစ်ဦးကပြောသည်။

ပြည်ဘူတာကြီးမှ နေ့စဉ် ရန်ကုန်-ပြည်အစုန်၊ အဆန်အ မြန်ရထား၊ ပြည်-ကြည့်မြင် တိုင် စာပို့ရထား၊ ပြည် -နေပြည်တော် ရထား၊ လက်ပံတန်း-ပြည်ကား ရထားစသည် တို့ ပြေးဆွဲနေပြီး ပြည်-ပေါက်ခေါင်း ရထားလမ်း မှာ သံလမ်းအခြေအနေမကောင်း သောကြောင့် ရပ်နားထားရ ကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment