Monday 1 September 2014

ကျောက်မဲလက်ဖက် ဈေးတက်

Photo: ကျောက်မဲလက်ဖက် ဈေးတက်
Monday, September 1, 2014

ကျောက်မဲမြို့ လက်ဖက်ဈေးကွက်တွင် လက်ဖက်ဈေးနှုန်း များ ယခင်နှစ် ကထက် မြင့်တက်နေကြောင်း ကျောက်မဲမြို့ လက်ဖက်ကုန်သည်များထံမှ သိရသည်။

‘‘ဒီနှစ် ရွှေဖီချိန်မှာ လက်ဖက်အထွက်နည်းခဲ့တယ်။ လက်ဖက် ခူးတဲ့သူတွေလည်း လာတာနည်း လို့ လက်ဖက်ရရှိမှုလည်း နည်း တယ်။ အရင်နှစ်ကလက်ဖက် လက်ကျန်တွေလည်း မရှိသလောက် ဖြစ်သွားတာကြောင့် အခုချိန်မှာ လက်ဖက်ဈေးနှုန်း က အရင်နှစ်ထက် တစ်ပိဿာကို တစ်ထောင် လောက်တက်သွားတယ်’’ ဟု နှစ်ပေါင်းလေးဆယ်ကျော် လက်ဖက်လုပ်ငန်း လုပ်ကိုင်နေသည့် ကျောက်မဲမြို့မှ ပွဲစားကြီးဦးစိုင်းကျော်ထင်က ပြောသည်။

 သြဂုတ်နှင့် စက်တင်ဘာလ သည် လက်ဖက်အရောင်းအ၀ယ်အေးသည့် ကာလဖြစ်သော်လည်း ပုံမှန်အရောင်းအ၀ယ် ဖြစ်နေ ကြောင်း သိရသည်။ ကုန်သည်များထံတွင် ယခင်နှစ်ကလက်ဖက် လက်ကျန်ကုန်သလောက်ဖြစ်နေ ကာ မိုးတွင်းကာလခါးကန်လက် ဖက်ခူးရာသီလက်ဖက်ရရှိမှုမှာ လည်း နည်းပါးခဲ့ကြောင်း ကုန် သည်အချို့က ပြောသည်။

လက်ဖက်ဈေးနှုန်းရရှိမှု နည်း ပါး၍ အိမ်နီးချင်းနိုင်ငံများသို့ သွား ရောက်အလုပ်လုပ်ကိုင်ကြသဖြင့် ယခင်နှစ်ထက် လက်ဖက်ခူးသူ ခေါ်ယူမရခြင်းနှင့် နယ်မြေမတည်ငြိမ်မှုကြောင့် လက်ဖက်ခူးသူများလာရောက်မှုနည်းပါးသဖြင့် လက်ဖက်ရရှိမှု နည်းပါးခဲ့ခြင်း ဖြစ်သည်။

လက်ဖက်အထွက်နှုန်းနည်း ပါးခဲ့၍ လက်ဖက်အစိုဈေးနှုန်း လည်း မြင့်တက်ခဲ့ကြောင်း ကုန် သည်အချို့က ပြောသည်။ လက် ဖက်အစိုဈေးကွက်တွင် ဈေးနှုန်း သက်သာသည့် လက်ဖက်သား များ အဓိကအရောင်းအ၀ယ်ဖြစ် နေပြီး တစ်ပိဿာလျှင် ကျပ်နှစ်ရာခန့် ဈေးမြင့်တက်ခဲ့သည်။

လက်ရှိကျောက်မဲမြို့ လက် ဖက်ပေါက်ဈေးမှာ လက်ဖက် ခြောက်အနေအထားပေါ်မူတည် ၍ ယခင်နှစ်ပေါက်ဈေးထက် ကျပ်တစ်ထောင်ပိုကာ တစ်ပိဿာ လျှင် ကျပ်ငါးထောင်ဈေးရှိနေပြီး လက်ဖက်အစိုမှာ အနိမ့်ဆုံးကျပ် ရှစ်ရာမှ တစ်ထောင့်ခြောက်ရာ ဈေးနှုန်းအထိ ရှိနေကြောင်း ကျောက်မဲမြို့ လက်ဖက်ကုန် သည်များထံမှ သတင်းရရှိသည်။

7Day DAILY 

လက်ဖက်ပွဲရုံတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ − ကံသာ)
လက်ဖက်ပွဲရုံတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ − ကံသာ)
ကျောက်မဲမြို့ လက်ဖက်ဈေးကွက်တွင် လက်ဖက်ဈေးနှုန်းများ ယခင်နှစ် ကထက် မြင့် တက်နေကြော င်း ကျောက် မဲ မြို့ လက်ဖက်ကုန်သည်များထံမှ သိရသည်။
‘‘ဒီနှစ် ရွှေဖီချိန်မှာ လက်ဖက်အထွက်နည်းခဲ့တယ်။ လက်ဖက် ခူးတဲ့သူတွေလည်း လာတာနည်း လို့ လက် ဖက် ရရှိမှုလည်း နည်း တယ်။ အရင်နှစ်ကလက်ဖက် လက်ကျန်တွေလည်း မရှိသလောက် ဖြစ်သွား တာကြောင့် အခုချိန်မှာ လက်ဖက်ဈေးနှုန်းက အရင်နှစ်ထက် တစ်ပိဿာကို တစ်ထောင် လောက်တက် သွား တယ်’’ ဟု နှစ်ပေါင်းလေးဆယ်ကျော် လက်ဖက်လုပ်ငန်း လုပ်ကိုင်နေသည့် ကျောက်မဲမြို့မှ ပွဲစားကြီး ဦးစိုင်းကျော်ထင်က ပြောသည်။

 သြဂုတ်နှင့် စက်တင်ဘာလသည် လက်ဖက်အရောင်းအ၀ယ်အေးသည့် ကာလဖြစ်သော်လည်း ပုံမှန် အရောင်း အ၀ယ် ဖြစ်နေ ကြောင်း သိရသည်။ ကုန်သည်များထံတွင် ယခင်နှစ်ကလက်ဖက် လက်ကျန် ကုန်သလောက်ဖြစ်နေ ကာ မိုးတွင်းကာလခါးကန်လက် ဖက်ခူးရာသီလက်ဖက်ရရှိမှုမှာလည်း နည်းပါး ခဲ့ကြောင်း ကုန် သည်အချို့က ပြောသည်။

လက်ဖက်ဈေးနှုန်းရရှိမှု နည်း ပါး၍ အိမ်နီးချင်းနိုင်ငံများသို့ သွား ရောက်အလုပ်လုပ်ကိုင်ကြသဖြင့် ယခင်နှစ် ထက် လက်ဖက်ခူးသူ ခေါ်ယူမရခြင်းနှင့် နယ်မြေမတည်ငြိမ်မှုကြောင့် လက်ဖက်ခူးသူများလာရောက်မှု နည်းပါးသဖြင့် လက်ဖက်ရရှိမှု နည်းပါးခဲ့ခြင်း ဖြစ်သည်။

လက်ဖက်အထွက်နှုန်းနည်း ပါးခဲ့၍ လက်ဖက်အစိုဈေးနှုန်းလည်း မြင့်တက်ခဲ့ကြောင်း ကုန်သည် အချို့ က ပြောသည်။ လက် ဖက်အစိုဈေးကွက်တွင် ဈေးနှုန်း သက်သာသည့် လက်ဖက်သား များ အဓိက အရောင်း အ၀ယ်ဖြစ် နေပြီး တစ်ပိဿာလျှင် ကျပ်နှစ်ရာခန့် ဈေးမြင့်တက်ခဲ့သည်။

လက်ရှိကျောက်မဲမြို့ လက် ဖက်ပေါက်ဈေးမှာ လက်ဖက် ခြောက်အနေအထားပေါ်မူတည် ၍ ယခင်နှစ်ပေါက်ဈေးထက် ကျပ်တစ်ထောင်ပိုကာ တစ်ပိဿာ လျှင် ကျပ်ငါးထောင်ဈေးရှိနေပြီး လက်ဖက်အစိုမှာ အနိမ့်ဆုံးကျပ် ရှစ်ရာမှ တစ်ထောင့်ခြောက်ရာ ဈေးနှုန်းအထိ ရှိနေကြောင်း ကျောက်မဲမြို့ လက်ဖက်ကုန် သည်များထံမှ သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment