Monday 1 September 2014

ရှေ့ပြေးလူဦးရေစာရင်းတွင် နိုင်ငံခြားရောက်နေသူများမပါ၍ ပင်မစာရင်းထုတ်ပြန်လျှင် စာရင်းကွာဟမည်

အစိုးရက ထုတ်ပြန်သောရှေ့ပြေးလူဦးရေစာရင်းတွင် နိုင်ငံ ခြားရောက်ရှိနေသူ များမပါရှိ သောကြောင့် ၂၀၁၅ နှစ် ဆန်း ပိုင်းတွင် ထုတ်ပြန်မည့် ပင်မလူဦး ရေစာရင်းနှင့် ကွာဟမှုရှိနိုင် ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြော သည်။
‘‘နိုင်ငံခြားမှာရောက်နေတဲ့ မြန်မာနိုင်ငံက လူတွေကိုရည် ညွှန်းတဲ့ မေးခွန်းအမှတ် (၄၀)က စာရင်းသွင်းနေ ဆဲ မို့ မပါသေးပါ ဘူး။ ဘယ်လောက်ရှိလဲ အတိအ ကျမပြောနိုင်ပေမယ့် သန်း ခြောက်ဆယ်တော့ မကျော်နိုင် ပါဘူး’’ ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

နိုင်ငံခြားသို့ ရောက်ရှိနေ သော ရွှေ့ပြောင်းအလုပ်လုပ်ကိုင် နေသူများ၊ ဒုက္ခသည်များ၏ လူဦး ရေစာရင်းကို ၂၀၁၅ နှစ်ဆန်းပိုင်း တွင်ထုတ်ပြန်မည့် ပင်မလူဦးရေ စာရင်းတွင် ထုတ်ပြန်ကြေညာ မည်ဖြစ်သည်။

‘‘နိုင်ငံခြားကိုရောက်နေတဲ့ သူသန်းဂဏန်းလောက်ရှိတယ်။ တရားဝင်သွားလာတဲ့သူ စာရင်း က လ၀ကမှာ နဂိုကတည်းရှိပေ မယ့် တရားမ၀င်နည်းလမ်းနဲ့သွား တဲ့ စာရင်းက လ၀ကမှမရှိဘူး။ အဲဒီတော့ ခန့်မှန်း ဘယ်လော က် ရှိတယ်လို့ ပြောလို့မရဘူး’’ဟု ပြည်သူ့အင်အားဦးစီးဌာန ညွှန် ကြားရေးမှူး ဦးညီညီကပြော သည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်ကိုင်သူများအများစုသည် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် ကိုရီးယား၊ ယူအေအီးနိုင်ငံများ တွင် အများဆုံးအလုပ်လုပ်ကိုင် ကြပြီး အခြားနိုင်ငံများတွင် သွား ရောက် အလုပ်လုပ် ကိုင်နေသူ မြန်မာနိုင်ငံသား သုံးသန်းကျော်ရှိ သည်ဟု အစိုးရက တရားဝင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်း အစိုးရ တပ်နှင့် လက်နက်ကိုင်များအ ကြားဖြစ်ပွားခဲ့သော လက်နက် ကိုင်ပဋိပက္ခ များကြောင့် ထိုင်း နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူ မြန်မာတိုင်းရင်းသားဒုက္ခသည် တစ်သိန်းကျော်ရှိသည် ဟု ထိုင်း -မြန်မာနယ်စပ်ဒုက္ခသည်များ ပူး ပေါင်းကူညီပေးရေးအဖွဲ့(တီဘီဘီစီ)၏ ထုတ်ပြန်ချက်အရ သိရသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခများ ကြောင့် တရုတ်နိုင်ငံသို့ ၀င်ရောက်သော မြန် မာ ဒုက္ခသည်မှာ တစ် ထောင်အောက်သာရှိကြောင်း တရုတ်နိုင်ငံယူနန်ပြည်နယ်၏ ထုတ်ပြန်ချက်အရ သိရသည်။ မလေးရှားနိုင်ငံတွင်လည်း မြန်မာ ဒုက္ခသည် ကိုးသောင်းငါးထောင် နီးပါးရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ အေဂျင်စီမှ ထုတ်ပြန်ထားသည်။

၂၀၁၄ ခုနှစ်က ကောက်ယူ ခဲ့သောလူဦးရေရှေ့ပြေးသန်း ခေါင်စာရင်း အရ မြန်မာနိုင်ငံ တွင် နေထိုင် သူများနှင့် အခြားနိုင်ငံ ရောက် မြန်မာသံရုံးမိသားစုဝင်များအပါအ၀င် လူဦးရေ ၅၁ ဒသမ ၄ သန်းကျော် ရှိသည်ဟု အစိုးရကထုတ်ပြန်ထားသည်။

7Day DAILY

No comments:

Post a Comment