Monday 1 September 2014

တိုင်းရင်းသားလူမျိုးစုများ၏ အရေအတွက် ၂၀၁၅ နှစ်ကုန်တွင် ကြေညာနိုင်ဖွယ်ရှိ

တိုင်းရင်းသားလူမျိုးဆိုင်ရာအငြင်းပွားမှုများကို ညီလာခံ အဆင့်ဖြေရှင်းပြီးမှသာ လူမျိုးအ ရေအတွက် ထုတ်ပြန် မည်ဖြစ်၍ ၂၀၁၅ နှစ်ဆန်းတွင် ထုတ်ပြန် မည့် သန်းခေါင်စာရင်း လူဦးရေ အသေးစိတ်စာရင်း တွင် လူမျိုးစု များ၏ အရေအတွက်ထည့်သွင်း ကြေညာမည်မဟုတ်ဟု ပြည်သူ့ အင်အားဦးစီး ဌာန ညွှန် ကြားရေး မှူးချုပ် ဦးမြင့်ကြိုင် က ပြောသည်။လူမျိုးအမည်နာမများနှင့် လူမျိုးစုမဟုတ်ဘဲ သီးသန့်လူမျိုးဖြစ်သည် ဟု အငြင်းပွားနေသည့် လူမျိုးအရေ အတွက် ၁၀၀ ရှိနေပြီးအဆိုပါပြဿနာများနှင့် ပတ်သက်၍ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနသို့ အကြံပြုချက် များ ပေးပို့ထားသည်ဟု သိရသည်။
ချင်းလူမျိုးစာရင်းတွင် နာဂ လူမျိုးကို စာရင်းထည့်သွင်းထား ခြင်း၊ ကယားလူမျိုးတွင် ထည့် သွင်း ထားေ သာ ဂေခို၊ ဂေဘား တိုင်းရင်းသားများအကြား ကရင် လူမျိုးထည့်သွင်းပေးရန် တောင်း ဆိုခြင်း၊ လူမျိုးအမည် မတူသော လူမျိုးနွယ်စုများ အိမ်ထောင်ကျ ရာမှ ပေါက်ဖွားလာသော သား သမီးများ၏ လူမျိုးသတ်မှတ်ခြင်း၊ ကချင်ပြည်နယ်မြောက်ဖျားပိုင်း တွင် လူမျိုးအနည်းငယ်သာကျန် တော့သော ထရုမ်းလူမျိုးများအား သီးသန့် လူမျိုးသတ်မှတ်ခြင်းကိစ္စစသည့် ရှုပ်ထွေးသော လူမျိုးပြဿ နာများစွာရှိနေသည်။

‘‘တိုင်းရင်းသား ပြဿနာ တွေကရှိနေတော့ တိုင်းရင်းသား ကိစ္စကို ဘယ်တော့လောက် ဖြေ ရှင်းဆောင် ရွက်ပေး မလဲ ဆိုတာ သိချင်ပါတယ်’’ဟု ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်း အမျိုးသားအထောက် အကူပြု ကော်မတီမှ ဆလိုင်းအိုက်ဇင်က ပြောသည်။

လူမျိုးစာရင်းကို လူဦးရေ အသေးစိတ်စာရင်းထုတ်ပြန်ပြီး နောက်ပိုင်း ၂၀၁၅ နှစ်လယ်တွင် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များ၊ သမိုင်းပညာရှင်၊ ဥပဒေပညာရှင်များ ပါဝင်သော တိုင်းရင်းသား ညီလာခံ ကျင်းပ၍ ဆွေးနွေးဆုံးဖြတ်ပြီးမှသာ ထုတ်ပြန်မည်ဟု ဆလိုင်းအိုက်ဇင်က ပြောသည်။

‘‘လူမျိုးကိစ္စက မပြေလည် သေးတော့ အကုန်လုံးပါတဲ့ ညီ လာခံတွေ လုပ်ပြီး ငြင်းခုံပြီးမှ လွှတ်တော် တင် မယ်။ ပြီးတော့မှ လူမျိုးစာရင်းထုတ်ပြန်မယ်’’ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင် က ပြောသည်။

သန်းခေါင်စာရင်းမကောက် မီကတည်းက တိုင်းရင်းသားများ က ၎င်းတို့လူမျိုးအတွင်း မျိုးနွယ်စု အသစ် နာမည် များ အစိုးရထည့် သွင်းထားခြင်းကို ပယ်ဖျက်ပေး ရန်နှင့် ရောထွေးနေသော လူမျိုး များကို သီးသန့် နာမည် တစ်ခုစီ မသတ်မှတ်ဘဲ လူမျိုးတစ်ခုတည်း သတ်မှတ်ပေးရန် တောင်းဆိုမှု များရှိသလို လူမျိုးသီးသန့် ခွဲထုတ် ရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်။

၂၀၁၅ မေလဆန်းတွင် နိုင်ငံ၏ လူဦးရေ စာရင်းကို အသေးစိတ်ထုတ်ပြန်ပြီးနောက် တိုင်းရင်းသား ညီလာခံ များ ခေါ်ယူဆွေး နွေးကြပြီးမှသာ ဆုံးဖြတ်မည်ဖြစ် ၍ တိုင်းရင်းသားအရေအတွက်ကို ၂၀၁၅ နှစ်ကုန်ပြီးမှ သာ ထုတ်ပြန် နိုင်လိမ့်မည်ဟု အစိုးရ တာဝန်ရှိသူများက ခန့်မှန်းပြောဆိုထား သည်။ တိုင်းရင်းသား လူမျိုး များ၏ အရေအတွက်သည် ရွေးကောက် ပွဲဝင်ပြိုင်ရာတွင်လည်းကောင်း၊ တိုင်းရင်းသားရေးရာ ၀န်ကြီး အဖြစ် ရွေးချယ်ရာတွင်လည်း ကောင်း အသုံးဝင်သည့် အချက် အလက်တစ်ခု ဖြစ်သည်။

7Day DAILY

No comments:

Post a Comment