Monday 1 September 2014

အိမ်အကူလုပ်သားပြည်ပစေလွှတ်မှု ပြန်လည်ခွင့်ပြုရန်မရှိသေးဟု ၀န်ကြီးပြော

Photo: အိမ်အကူလုပ်သားပြည်ပစေလွှတ်မှု ပြန်လည်ခွင့်ပြုရန်မရှိသေးဟု ၀န်ကြီးပြော
Monday, September 1, 2014

ပြည်ပသို့ မြန်မာအိမ် အကူအမျိုးသမီးအလုပ်သမားစေ လွှတ်မှုပြန်လည်ခွင့်ပြုရန် အစီအ စဉ်မရှိသေးကြောင်း အလုပ်သ မား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်က ပြောသည်။

ပြီးခဲ့သည့် မေလပိုင်းမှစ၍ စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အ ကူလုပ်သားပြဿနာများဖြစ်ပေါ် ခဲ့ပြီးနောက် ပြည်ပသို့ မြန်မာအိမ် အကူတရားဝင်စေလွှတ်မှုကို ခေ တ္တရပ်ဆိုင်းခဲ့သည်။ ယခင်ကနှစ် နိုင်ငံသဘောတူစာချုပ် (MOU) လက်မှတ်ရေးထိုးထားခြင်းမရှိ သော်လည်း ယခုအခါ နှစ်နိုင်ငံ အေဂျင်စီအသင်းချုပ်ချင်း သဘောတူ စာချုပ်လက်မှတ်ရေးထိုးနိုင်ရန် မြန်မာဘက်က ညှိနှိုင်းဆွေးနွေး လျက်ရှိသည်။

‘‘အိမ်အကူလုပ်သားလွှတ်ဖို့ သိပ်စိတ်မ၀င်စားဘူး။ နောက် ထပ်လည်း လွှတ်ဖို့ကမရှိဘူး။ အ ရင်က ဒီအတိုင်းသွားနေတာ။ နောက်ဆိုရင် အေဂျင်စီအဖွဲ့ချုပ် အချင်းချင်း စာချုပ်စာတမ်းထိုးပြီး မှပဲ စဉ်းစားမယ်။ အခုလောလော ဆယ်တော့ အိမ်အကူအလုပ်သ မားတွေလွှတ်ဖို့ လုံးဝမစဉ်းစား ဘူး။ ဘယ်နိုင်ငံမှ မလွှတ်ဘူး’’ဟု ဦးအေးမြင့်က ပြောသည်။

ထို့အပြင် စင်ကာပူသို့ မြန် မာအိမ်အကူလုပ်သားစေလွှတ်မှု နှင့်ပတ်သက်ပြီး ပထမဆုံးချုပ်ဆို မည့် MOU စာချုပ်တွင် လုပ်သား အခွင့်အရေးပိုင်းနှင့် ပတ်သက်ပြီး အကြံပြုတင်ပြနိုင်ရန် စင်ကာပူ နိုင်ငံအခြေစိုက် HOME အဖွဲ့က ရန်ကုန်မြို့ရှိ လုပ်သားအဖွဲ့အ  စည်းများနှင့် ၈၈ မျိုးဆက်အဖွဲ့အ စည်းတို့ဖြင့် လာရောက်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့ နောက် အကြံပြုချက်အချက်(၁၂) ချက်ထွက်ရှိခဲ့ပြီး နှစ်နိုင်ငံအစိုးရ ထံသို့တင်ပြသွားမည် ဖြစ်သည်။

နှစ်နိုင်ငံဘာသာစကားဖြင့် ချုပ်ရန်၊ အိမ်ရှင်မှ သင့်တင့်သော အစားအစာကျွေးရန်၊ အခြေခံကျ ကျလုပ်ငန်းခွင် အကြိုသင်တန်း ပေးရန်၊ အလုပ်ခန့်ထားမှုသဘော တူစာချုပ်တွင် ခွင့်ရက်အပြည့် အ၀ပေးရန်၊ ဖုန်းအသုံးပြုခွင့် လွတ်လပ်စွာပေးရန်၊ ပိတ်ရက် တွင် မည်သည့်အလုပ်မခိုင်းစေ ရန်၊ အလုပ်ဆက်လက်မလုပ်ကိုင်လိုပါက အလုပ်ရှင်၊ အလုပ်သမားမှ တစ်လကြိုတင်အသိပေးရန်နှင့် မြန်မာအစိုးရဘက်မှ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုသည့် စမတ် ကတ်ပါမှ စင်ကာပူအစိုးရဘက်မှ လုပ်ကိုင်ခွင့်ပြုရန်စသည့် အချက် များပါဝင်ဆွေးနွေးခဲ့သည်။

‘‘အခု ဆွေးနွေးချက်တွေကို မြန်မာအစိုးရဘက်ရော စင်ကာ ပူအစိုးရဘက်ကရော ဒီအခက်အခဲတွေ တင်ပြမယ်။ MOU မထိုးခင် ဒီအချက်တွေ ထည့်သွင်းဖို့။ မပါခဲ့ရင်လည်း နောက်တစ်ကြိမ်မှာပါဖို့အတွက် တိုက်တွန်းသွားမယ်’’ဟု HOME အဖွဲ့ ဒါရိုက်တာ ဦးသိန်းသန်းဝင်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ ယခုနှစ် ဇူလိုင်အထိ စင်ကာပူနိုင်ငံရှိ နိုင်ငံခြားသား အိမ်အကူလုပ်သားများထံ ဒေတာ စာရင်းကောက်ခံမှုများ လကြာ ကောက်ယူခဲ့သည်။ အဆိုပါ ကောက်ခံမှုတွင် အိမ်အကူလုပ် သား ၇၆၀ ကျော်ကောက်ယူခဲ့ သည့်အနက် မြန်မာအိမ်အကူ လုပ်သား ၁၀၄ ဦးသာကောက်ယူ ရရှိခဲ့သည်။ ယင်းကောက်ယူမှုကို စင်ကာပူနိုင်ငံ ပနီဆူလာပလာဇာ နှင့် HOME သင်တန်းကျောင်းတို့ တွင် စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်တမ်းကောက်ယူ မှုတွင် မြန်မာအိမ်အကူလုပ်သား များမှာ ပညာအရည်အချင်းအား ဖြင့် အခြားနိုင်ငံခြားသားအိမ်အ ကူ လုပ်သားများနှင့် နှိုင်းယှဉ်ပါ က ပညာအရေးနိမ့်မှုမရှိသော် လည်း ဘာသာစကားကျွမ်းကျင် အားနည်းမှုတို့ရှိကြောင်း တွေ့ရ သည်။ ထို့အပြင် မြန်မာအိမ်အကူ လုပ်သားများသည် အခြားနိုင်ငံ ခြားသားအိမ်အကူလုပ်သားများ ထက် လုပ်ခလစာလျော့နည်းစွာ ရရှိကြပြီး အလုပ်နားရက်ရရှိမှုကို နှိုင်းယှဉ်ပါက တစ်လလျှင် တစ် ပတ်နားရက်ရရှိမှုနည်းကြောင်း တွေ့ရသည်။ လက်ရှိသွားရောက် လုပ်ကိုင်သူများသည် အိမ်ရှင်နှစ် ဦးထံ လုပ်ကိုင်ရသူများပြီး ၅၄ ရာခိုင်နှုန်းခန့်သာ အဆင်ပြေပြေ စားသောက်ရကြောင်း လေ့လာ တွေ့ရှိခဲ့သည်။

7Day DAILY 

သြဂုတ် ၃၀ ရက်တွင်ပြုလုပ်ခဲ့သည့် သင်တန်းဖွင့်ပွဲ၌ ၀န်ကြီးဦးအေးမြင့် စကားပြောကြားစဉ်(ဓာတ်ပုံ − အေးမြတ်သူ)
သြဂုတ် ၃၀ ရက်တွင်ပြုလုပ်ခဲ့သည့် သင်တန်းဖွင့်ပွဲ၌ ၀န်ကြီးဦးအေးမြင့် စကားပြောကြားစဉ်
ပြည်ပသို့ မြန်မာအိမ် အကူအမျိုးသမီးအလုပ်သမားစေ လွှတ်မှုပြန်လည်ခွင့်ပြုရန် အစီအစဉ် မရှိသေးကြော င်းအလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်က ပြော သည်။
ပြီးခဲ့သည့် မေလပိုင်းမှစ၍ စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အ ကူလုပ်သားပြဿနာများဖြစ်ပေါ် ခဲ့ပြီးနောက် ပြည် ပ သို့ မြန်မာအိမ် အကူတရားဝင်စေလွှတ်မှုကို ခေ တ္တရပ်ဆိုင်းခဲ့သည်။ ယခင်ကနှစ် နိုင်ငံသဘောတူစာချုပ် (MOU) လက်မှတ်ရေးထိုးထားခြင်းမရှိ သော်လည်း ယခုအခါ နှစ်နိုင်ငံ အေဂျင်စီအသင်းချုပ်ချင်း သဘောတူ စာချုပ်လက်မှတ်ရေးထိုးနိုင်ရန် မြန်မာဘက်က ညှိနှိုင်းဆွေးနွေး လျက်ရှိသည်။

‘‘အိမ်အကူလုပ်သားလွှတ်ဖို့ သိပ်စိတ်မ၀င်စားဘူး။ နောက် ထပ်လည်း လွှတ်ဖို့ကမရှိဘူး။ အ ရင်က ဒီအတိုင်း သွားနေတာ။ နောက်ဆိုရင် အေဂျင်စီအဖွဲ့ချုပ် အချင်းချင်း စာချုပ်စာတမ်းထိုးပြီး မှပဲ စဉ်းစားမယ်။ အခုလောလော ဆယ်တော့ အိမ်အကူအလုပ်သ မားတွေလွှတ်ဖို့ လုံးဝမစဉ်းစား ဘူး။ ဘယ်နိုင်ငံမှ မလွှတ်ဘူး’’ဟု ဦးအေးမြင့်က ပြောသည်။

ထို့အပြင် စင်ကာပူသို့ မြန် မာအိမ်အကူလုပ်သားစေလွှတ်မှု နှင့်ပတ်သက်ပြီး ပထမဆုံးချုပ်ဆို မည့် MOU စာချုပ်တွင် လုပ်သား အခွင့်အရေးပိုင်းနှင့် ပတ်သက်ပြီး အကြံပြုတင်ပြနိုင်ရန် စင်ကာပူ နိုင်ငံအခြေစိုက် HOME အဖွဲ့က ရန်ကုန်မြို့ရှိ လုပ်သားအဖွဲ့အ  စည်းများနှင့် ၈၈ မျိုးဆက်အဖွဲ့အ စည်းတို့ဖြင့် လာရောက် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့ နောက် အကြံပြုချက်အချက်(၁၂) ချက်ထွက်ရှိခဲ့ပြီး နှစ်နိုင်ငံအစိုးရ ထံသို့တင်ပြသွားမည် ဖြစ်သည်။

နှစ်နိုင်ငံဘာသာစကားဖြင့် ချုပ်ရန်၊ အိမ်ရှင်မှ သင့်တင့်သော အစားအစာကျွေးရန်၊ အခြေခံကျ ကျလုပ်ငန်း ခွင် အကြိုသင်တန်း ပေးရန်၊ အလုပ်ခန့်ထားမှုသဘော တူစာချုပ်တွင် ခွင့်ရက်အပြည့် အ၀ပေးရန်၊ ဖုန်းအသုံးပြုခွင့် လွတ်လပ်စွာပေးရန်၊ ပိတ်ရက် တွင် မည်သည့်အလုပ်မခိုင်းစေ ရန်၊ အလုပ်ဆက်လက် မလုပ်ကိုင် လိုပါက အလုပ်ရှင်၊ အလုပ်သမားမှ တစ်လကြိုတင်အသိပေးရန်နှင့် မြန်မာအစိုးရဘက်မှ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုသည့် စမတ် ကတ်ပါမှ စင်ကာပူအစိုးရဘက်မှ လုပ်ကိုင်ခွင့်ပြုရန်စသည့် အချက် များပါဝင်ဆွေးနွေးခဲ့သည်။

‘‘အခု ဆွေးနွေးချက်တွေကို မြန်မာအစိုးရဘက်ရော စင်ကာ ပူအစိုးရဘက်ကရော ဒီအခက်အခဲတွေ တင်ပြမယ်။ MOU မထိုးခင် ဒီအချက်တွေ ထည့်သွင်းဖို့။ မပါခဲ့ရင်လည်း နောက်တစ်ကြိမ်မှာပါဖို့အတွက် တိုက်တွန်းသွားမယ်’’ဟု HOME အဖွဲ့ ဒါရိုက်တာ ဦးသိန်းသန်းဝင်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ ယခုနှစ် ဇူလိုင်အထိ စင်ကာပူနိုင်ငံရှိ နိုင်ငံခြားသား အိမ်အကူ လုပ်သားများထံ ဒေတာ စာရင်းကောက်ခံမှုများ လကြာ ကောက်ယူခဲ့သည်။ အဆိုပါ ကောက်ခံမှုတွင် အိမ် အကူ လုပ် သား ၇၆၀ ကျော်ကောက်ယူခဲ့ သည့်အနက် မြန်မာအိမ်အကူ လုပ်သား ၁၀၄ ဦးသာကောက် ယူ ရရှိခဲ့သည်။ ယင်းကောက်ယူမှုကို စင်ကာပူနိုင်ငံ ပနီဆူလာပလာဇာ နှင့် HOME သင်တန်းကျောင်းတို့ တွင် စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါစစ်တမ်းကောက်ယူမှုတွင် မြန်မာအိမ်အကူလုပ်သား များမှာ ပညာအရည်အချင်းအား ဖြင့် အခြားနိုင်ငံခြားသား အိမ်အ ကူ လုပ်သားများနှင့် နှိုင်းယှဉ်ပါ က ပညာအရေးနိမ့်မှုမရှိသော် လည်း ဘာသာစကား ကျွမ်းကျင် အားနည်းမှုတို့ရှိကြောင်း တွေ့ရသည်။ ထို့အပြင် မြန်မာအိမ်အကူ လုပ်သား များသည် အခြားနိုင်ငံ ခြားသားအိမ်အကူလုပ်သားများ ထက် လုပ်ခလစာလျော့နည်းစွာ ရရှိကြပြီး အလုပ်နားရက် ရရှိမှုကို နှိုင်းယှဉ်ပါက တစ်လလျှင် တစ် ပတ်နားရက်ရရှိမှုနည်းကြောင်း တွေ့ရသည်။ လက်ရှိ သွားရောက် လုပ်ကိုင်သူများသည် အိမ်ရှင်နှစ် ဦးထံ လုပ်ကိုင်ရသူများပြီး ၅၄ ရာခိုင်နှုန်းခန့်သာ အဆင်ပြေပြေ စားသောက်ရကြောင်း လေ့လာ တွေ့ရှိခဲ့သည်။

7Day DAILY

No comments:

Post a Comment