Monday 1 September 2014

သာကေတ၌ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ရိုက်နှက်မှု တွင် သေနတ်ပစ်ဖောက်ခဲ့ခြင်း မရှိဟု ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်

သာကေတမြို့နယ်၌ ဖြစ် ပွားခဲ့သော အုပ်စုဖွဲ့ရိုက်နှက်မှုတွင် သေနတ်ပစ် ဖောက်ခဲ့ခြင်းမရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရသည်။
သြဂုတ်၂၈ရက် မွန်းတည့်၁၂နာရီ ခန့်မှစတင်ကာ သာကေတမြို့နယ်၊ ၁ဝ/တောင် (၁၃)ရပ်ကွက်၊ ခိုင်ရွှေ ဝါလမ်းမဘေးတွင် လူအများ အုပ်စုဖွဲ့ကာ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန် ဖြစ်ပွားခဲ့ပြီးနောက် လူတစ်ဦး ထိခိုက်ဒဏ်ရာရ မှုနှင့် ကားတစ်စီးပျက်စီးမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။

သာကေတမြို့နယ် ၁/ထူပါရုံရပ်ကွက် နေ ကိုလေး(ခ)မြင့်အောင်(ခ) စောဇော်မှိုင်းပါ ရှစ်ဦးခန့်နှင့် သာကေတမြို့နယ် ၁ဝ/တောင်(၁၄) ရပ်ကွက်နေ နေမျိုးအောင်ပါ၁ဝဦးခန့် ခဲများဖြင့် အပြန်အလှန် ပစ်ပေါက်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ ကြောင်း၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကိုလေး (ခ)မြင့်အောင်(ခ)စောဇော်မှိုင်း ၏ နစ်ဆန်းယာဉ်မှာ ရှေ့လေကာမှန် ကွဲသွားခဲ့ကြောင်း၊ အခင်းဖြစ်ပွား ရာအနီး၌ ရပ်ကြည့်နေသူတစ်ဦး၏ ဦးခေါင်းကို ခဲထိမှန်ခဲ့သဖြင့် ဖူးရောင်နာကျင်ဒဏ်ရာ ရရှိခဲ့ ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ပြင်ပလူနာ အ ဖြစ် ကုသခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်အ ရ သိရသည်။

ခိုက်ရန်ဖြစ်ပွားခဲ့သည့် အဖွဲ့တစ်ဖွဲ့မှ ဦးဆောင်သူကိုလေးအား ဖမ်းဆီးပြီးစစ်ဆေးရှာ ဖွေခဲ့ရာ ယင်းထံမှ အရိုးအသွားခြောက်လက်မခန့် ရှိ ခေါက်ဓားတစ်ချောင်း၊ လက်လေးချောင်းစွပ် သတ္တုသံလက်သီးကွင်း တစ်ကွင်း၊ စက္ကူပတ်လျက် ဗျောက်အိုးတစ်ခု၊ ဖုန်းနှင့်ဖုန်းအိတ်၊ ခါးပတ် စ သည်တို့ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖစ်စဉ်နှင့်ပတ်သက်ပြီး ကို လေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်းအား မင်္ဂလာတောင် ညွန့်မြို့မရဲစခန်းမှ(ပ) ၅၂၇/၂ဝ၁၄၊ လက်နက် ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်း၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ကို ထိပါးနှောင့်ယှက်မှုပြုလုပ်ခဲ့သဖြင့် သာကေတ မြို့မရဲစခန်းမှ (ပ)၄၁၄/၂ဝ၁၄ ခြေချုပ်နှင့်ခံဝန် အက်ဥပဒေပုဒ်မ- ၅(၁)(စ)(ဆ)ဖြင့်လည်းကောင်း အခင်းဖြစ်ပွားစဉ်က ဗျောက်အိုးနှစ်ချက်ပစ်ဖောက် ခဲ့သည့် အတွက် သာကေတနယ်မြေရဲစခန်းမှ (ပ) ၅ဝ၇/၂ဝ၁၄ပြစ်မှု ပုဒ်မ-၂၈၆ဖြင့်လည်းကောင်း အမှုများ အသီးသီးရေးဖွင့်ကာ အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ကျန်အဖွဲ့မှဦးဆောင်သူ နေမျိုးအောင် ၃၇နှစ်ကိုလည်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိပါးနှောင့်ယှက်မှုပြု လုပ်ခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး သာကေတနယ်မြေရဲ စခန်းမှ (ပ) ၅ဝ၆/၂ဝ၁၄၊ ခြေချုပ်နှင့် ခံဝန်အက် ဥပဒေ ပုဒ်မ-၅(၁)(စ)(ဆ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ မီဒီယာတချို့တွင်ဖော် ပြပါရှိသကဲ့သို့ သေနတ်သံနှစ်ချက် ပစ်ဖောက်ခဲ့ ခြင်း မဟုတ် ဘဲ ဗျောက်အိုးနှစ်ချက်ဖောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

Yangon Media Group

No comments:

Post a Comment