Monday 1 September 2014

မိုးတွင်းကာလအတွင်း ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တောကားလမ်းများ သွားလာမှုခက်ခဲသောကြောင့် ရေလမ်းခရီးဖြင့်သာ သွားလာနေကြရ

Photo: မိုးတွင်းကာလအတွင်း ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တောကားလမ်းများ သွားလာမှုခက်ခဲသောကြောင့် ရေလမ်းခရီးဖြင့်သာ သွားလာနေကြရ
Monday, September 1, 2014 

မိုးတွင်းကာလအတွင်း ဟုမ္မလင်း-နောင်ပိုအောင်-နန်တောကားလမ်းများသည် သွားလာမှုခက်ခဲလာသောကြောင့် ခရီးသည်များအနေဖြင့် ရေလမ်းခရီးကိုသာ အဓိကအားထား သွားလာနေရကြောင်း သိရပါသည်။

“ဟုမ္မလင်း-နောင်ပိုအောင်လမ်းမှာက လမ်းကတအားဆိုးတယ်။ ရာဘာခင်းတွေရှိတဲ့ နေရာမှာဆို ပိုဆိုးတယ်၊ လမ်းတွေက ကားတွေဆိုင်ကယ်တွေ တော်တော်မောင်းယူရတယ်၊ နောင်ပိုအောင်-နမ့်တောလမ်းမှာဆိုရင် ကားတွေက မသွားသလောက်ပဲ လမ်းမှာ ကချောင်းကို ဖောင်နဲ့ကူးရသေးတယ်။ နမ့်တောကနေပြီး တစ်ခါတစ်ခါ ကားနဲ့ထွက်လာရင် အခုအချိန်ဆိုရင် ကားကို စုတ်ပြတ်သတ်နေတာပဲ။ အခုဆိုရင် ခရီးသည်တွေ တော်တော်များများက ရေလမ်းက ရှော်တယ်တွေနဲ့ပဲ သွားကြတယ်။ ခရီးသည်တစ်ဦးကို ရှော်တယ်စီးခက ၇၀၀၀-၈၀၀၀ ကနေ အထူးတန်းဆိုရင် ၁၂၀၀၀ လောက်ရှိတယ်” ဟု ဟုမ္မလင်းမြို့ နယ်ခံကိုမိုးယံက ပြောပြသည်။ ဟုမ္မလင်း-နောင်ပိုအောင်-နန်တောလမ်းသည် ရွှေမှော်များသို့သွားရာ အဓိကလမ်းမကြီးဖြစ်ပြီး ဥရုမြစ်ဘေးရှိ ကျေးရွာများနှင့် အဓိကချိတ်ဆက်သော လမ်းမကြီးလည်းဖြစ်သည်” ဟုသိရှိရပါသည်။ “ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တောကားလမ်းက အခုလို မိုးများနေတဲ့ အချိန်ဆိုရင် မသွားကြဘဲ နားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းပိုင်းမှာရှိတဲ့ တချို့နေရာတွေမှာ ရေကျော်နေလို့ပါ။ နေပူမှ ပြန်သွားကြတာပေါ့။ မသွားမဖြစ် သွားရတော့မယ်ဆိုရင်တော့ စက်လှေနဲ့ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ ဖြစ်ဖြစ် သွားကြရတာပေါ့။ အများစုကတော့ စက်လှေနဲ့ သွားကြပါတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူတွေကတော့ ပါဂျဲရိုးကားနဲ့ဆို ချောင်းရေကျတယ်ဆိုလည်း ခဏစောင့်ပြီး သွားကြတယ်” ဟု နောင်ပိုအောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

Eleven Media Group 

ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တောလမ်းပေါ်ရှိ ကွမ်းတောင်းရွာနှင့် နောင် ပိုအောင် ကျေးရွာကြားတွင် လမ်းပျက်စီးနေမှုကို တွေ့ရစဉ်
ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တောလမ်းပေါ်ရှိ ကွမ်းတောင်းရွာနှင့် နောင်ပိုအောင် ကျေးရွာကြားတွင် လမ်း ပျက်စီးနေမှုကို တွေ့ရစဉ်
မိုးတွင်းကာလအတွင်း ဟုမ္မလင်း-နောင်ပိုအောင်-နန်တောကားလမ်းများသည် သွားလာမှုခက်ခဲလာသောေ ကြာ င့် ခရီးသည်များ အနေဖြင့် ရေလမ်းခရီးကိုသာ အဓိကအားထား သွားလာနေရကြောင်း သိရပါသည်။
“ဟုမ္မလင်း-နောင်ပိုအောင်လမ်းမှာက လမ်းကတအားဆိုးတယ်။ ရာဘာခင်းတွေရှိတဲ့ နေရာမှာဆို ပိုဆိုး တယ်၊ လမ်းတွေက ကားတွေဆိုင်ကယ်တွေ တော်တော်မောင်းယူရတယ်၊ နောင်ပိုအောင်-နမ့်တော လမ်း မှာ ဆိုရင် ကားတွေက မသွားသလောက်ပဲ လမ်းမှာ ကချောင်းကို ဖောင်နဲ့ကူးရသေးတယ်။ နမ့်တောကနေ ပြီး တစ်ခါတစ်ခါ ကားနဲ့ထွက်လာရင် အခုအချိန်ဆိုရင် ကားကို စုတ်ပြတ်သတ်နေတာပဲ။ အခုဆိုရင် ခရီးသည်တွေ တော်တော်များများက ရေလမ်းက ရှော်တယ်တွေနဲ့ပဲ သွားကြတယ်။ ခရီးသည်တစ်ဦး ကို ရှော်တယ်စီးခက ၇၀၀၀-၈၀၀၀ ကနေ အထူးတန်းဆိုရင် ၁၂၀၀၀ လောက်ရှိတယ်” ဟု ဟုမ္မလင်းမြို့ နယ်ခံကိုမိုးယံက ပြောပြသည်။ ဟုမ္မလင်း-နောင်ပိုအောင်-နန်တောလမ်းသည် ရွှေမှော်များသို့သွားရာ အဓိက လမ်းမကြီးဖြစ်ပြီး ဥရုမြစ်ဘေးရှိ ကျေးရွာများနှင့် အဓိကချိတ်ဆက်သော လမ်းမကြီးလည်းဖြစ်သည်” ဟုသိရှိရပါသည်။ “ဟုမ္မလင်း-နောင်ပိုအောင်-နမ့်တောကားလမ်းက အခုလို မိုးများနေတဲ့ အချိန်ဆိုရင် မသွားကြဘဲ နားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လမ်းပိုင်းမှာရှိတဲ့ တချို့နေရာတွေမှာ ရေကျော်နေ လို့ပါ။ နေပူမှ ပြန်သွားကြတာပေါ့။ မသွားမဖြစ် သွားရတော့မယ်ဆိုရင်တော့ စက်လှေနဲ့ဖြစ်ဖြစ်၊ ဆိုင် ကယ်နဲ့ ဖြစ်ဖြစ် သွားကြရတာပေါ့။ အများစုကတော့ စက်လှေနဲ့ သွားကြပါတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူတွေ ကတော့ ပါဂျဲရိုးကားနဲ့ဆို ချောင်းရေကျတယ်ဆိုလည်း ခဏစောင့်ပြီး သွားကြတယ်” ဟု နောင် ပိုအောင်ကျေး ရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment