Monday 1 September 2014

သီလ၀ါအထူးစီးပွားရေးဇုန် ဟက်တာ ၂၀၀၀ အတွင်း ပါဝင်သူများအနေဖြင့် မိမိတို့ရရှိမည့် လျော်ကြေးများနှင့် ပတ်သက်၍ တိတိကျကျ ထုတ်ပြန်ပေးရန် တောင်းဆိုထား

Photo: သီလ၀ါအထူးစီးပွားရေးဇုန် ဟက်တာ ၂၀၀၀ အတွင်း ပါဝင်သူများအနေဖြင့် မိမိတို့ရရှိမည့် လျော်ကြေးများနှင့် ပတ်သက်၍ တိတိကျကျ ထုတ်ပြန်ပေးရန် တောင်းဆိုထား
Monday, September 1, 2014 

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
သီလ၀ါအထူးစီးပွားရေးဇုန် ဒုတိယအဆင့် ဟက်တာ ၂၀၀၀ အတွင်း ပါဝင်သူများအနေဖြင့် စီမံကိန်းကြောင့် ဒေသခံများအနေဖြင့် လက်ရှိလုပ်ကိုင်စားသောက်ရာ နေရာများမှ ရွှေ့ပြောင်းပေးရပါက ယင်းတို့ရရှိမည့် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး စသည်တို့နှင့် ပတ်သက်၍ တိတိကျကျ ထုတ်ပြန်ပေးရန် တောင်းဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန် ဟက်တာ ၂၀၀၀ အတွင်း ပါဝင်သည့် ဒေသခံများနှင့် သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ JICA မှ တာဝန်ရှိသူများသည် ဩဂုတ် ၂၅ ရက်က သန်လျင်မြို့နယ် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ တွေ့ဆုံပွဲကျင်းပရာတွင် ဒေသခံများက အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့က ဟက်တာ ၂ဝဝဝ ထဲမှာပါတဲ့ ဒေသခံတွေပါ။ ဒေသခံတွေနဲ့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရယ် JICA က တာဝန်ရှိသူတွေရယ် ဩဂုတ် ၂၅ ရက်က တွေ့တုန်းက ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရမယ့် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ ကြက်တစ်ကောင်၊ ဝက်တစ်ကောင်တို့ရဲ့ စသဖြင့်ပေါ့ တိတိကျကျ သိချင်ပါတယ်လို့ တောင်းဆိုခဲ့တယ်။ ဘာလို့လဲဆိုတော့ ဟက်တာ ၄ဝဝ မှာတုန်းက မြေယာလျော်ကြေးမပေးတဲ့ လယ်သမားတွေကို သီးနှံလျော်ကြေးကို ခြောက်နှစ်စာဆိုပြီး တွက်ပေးတယ်။ ပြောင်းရွှေ့ပေးရတဲ့သူတွေကို သူတို့ပြန်ပေးတဲ့ နေရာကလည်း အဲဒီကြက်တွေ ဝက်တွေကို မွေးထားလို့ မရတဲ့အတွက် ဒေသခံတွေ အတော်ဒုက္ခရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့လျော်ကြေးနဲ့ ပတ်သက်ပြီး တိတိကျကျ သိချင်ပါတယ်ဆိုပြီး တောင်းဆိုထားပါတယ” ဟု ဟက်တာ ၂ဝဝဝ စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် သရက်သီတာမြိုင်မှ ဦးအေးဋ္ဌေးက ပြောပြသည်။

သီလဝါ အထူးစီးပွားရေးဇုန် ဟက်တာ ၂ဝဝဝ အကောင်အထည်ဖော်နိုင်ရေးအတွက် ဒေသခံများနှင့် စီမံကိန်းနှင့်ပတ်သက်သည့် တာဝန်ရှိသူများအနေဖြင့် တစ်လလျှင်တစ်ကြိမ် တွေ့ဆုံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ အဆိုပါ ဒုတိယအဆင့် စီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း(Strategic Environmental Assessment-SEA) နှင့်ပတ်သက်၍ stakeholder meeting ကို ၂ဝ၁၄ ခုနှစ် ဇွန် ၃ဝ ရက်က မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန မြေယာရုံးခွဲ(၂)၊ သန်လျင်မြို့နယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းတွင် စုစုပေါင်းဧရိယာ ၂၃၄၂ ဟက်တာ (၅၇၈၇ ဒသမ ၁၇၈ ဧက) ရှိပြီး ပထမအဆင့်အပိုင်း(က) ဧရိယာတွင် ၃၉၆ ဒသမ ဝ၆၂ ဟက်တာ (၉၇၈ ဒသမ ၆၉၁ ဧက)ရှိကာ ဒုတိယအဆင့်တွင်မူ ဟက်တာ ၂ဝဝဝ ပါဝင်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

Eleven Media Group
သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းလုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
သီလ၀ါအထူးစီးပွားရေးဇုန် ဒုတိယအဆင့် ဟက်တာ ၂၀၀၀ အတွင်း ပါဝင်သူများအနေဖြင့် စီမံကိန်းကြောင့် ဒေသခံများအနေဖြင့် လက်ရှိလုပ်ကိုင်စားသောက်ရာ နေရာများမှ ရွှေ့ပြောင်းပေးရပါက ယင်းတို့ရရှိမည့် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး စသည်တို့နှင့် ပတ်သက်၍ တိတိကျကျ ထုတ်ပြန်ပေး ရန် တောင်းဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။
သီလ၀ါအထူးစီးပွားရေးဇုန် ဟက်တာ ၂၀၀၀ အတွင်း ပါဝင်သည့် ဒေသခံများနှင့် သီလ၀ါအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ JICA မှ တာဝန်ရှိသူများသည် ဩဂုတ် ၂၅ ရက်က သန်လျင်မြို့ နယ် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ တွေ့ဆုံပွဲကျင်းပရာတွင် ဒေသခံများက အထက်ပါ အတိုင်း တောင်း ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့က ဟက်တာ ၂ဝဝဝ ထဲမှာပါတဲ့ ဒေသခံတွေပါ။ ဒေသခံတွေနဲ့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရယ် JICA က တာဝန်ရှိသူတွေရယ် ဩဂုတ် ၂၅ ရက်က တွေ့တုန်းက ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ရမယ့် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ ကြက်တစ်ကောင်၊ ဝက်တစ်ကောင်တို့ရဲ့ စသဖြင့်ပေါ့ တိတိကျကျ သိချင်ပါတယ်လို့ တောင်းဆိုခဲ့တယ်။ ဘာလို့လဲဆိုတော့ ဟက်တာ ၄ဝဝ မှာ တုန်းက မြေယာလျော်ကြေးမပေးတဲ့ လယ်သမားတွေကို သီးနှံလျော်ကြေးကို ခြောက်နှစ်စာဆိုပြီး တွက်ပေး တယ်။ ပြောင်းရွှေ့ပေးရတဲ့သူတွေကို သူတို့ပြန်ပေးတဲ့ နေရာကလည်း အဲဒီကြက်တွေ ဝက်တွေ ကို မွေးထားလို့ မရတဲ့အတွက် ဒေသခံတွေ အတော်ဒုက္ခရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့လျော်ကြေးနဲ့ ပတ်သက်ပြီး တိတိကျကျ သိချင်ပါတယ်ဆိုပြီး တောင်းဆို ထားပါ တယ” ဟု ဟက်တာ ၂ဝဝဝ စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် သရက်သီတာမြိုင်မှ ဦးအေးဋ္ဌေး က ပြောပြသည်။

သီလဝါ အထူးစီးပွားရေးဇုန် ဟက်တာ ၂ဝဝဝ အကောင်အထည်ဖော်နိုင်ရေးအတွက် ဒေသခံများနှင့် စီမံကိန်းနှင့်ပတ်သက်သည့် တာဝန်ရှိသူများအနေဖြင့် တစ်လလျှင်တစ်ကြိမ် တွေ့ဆုံမှုများ ပြုလုပ် သွား မည်ဖြစ်ကြောင်း သိရသည်။ အလားတူ အဆိုပါ ဒုတိယအဆင့် စီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်း အကောင်အထည်ဖော်နိုင်ရန်အတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (Strategic Environmental Assessment-SEA) နှင့်ပတ်သက်၍ stakeholder meeting ကို ၂ဝ၁၄ ခုနှစ် ဇွန် ၃ဝ ရက်က မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန မြေယာရုံးခွဲ(၂)၊ သန်လျင်မြို့နယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းတွင် စုစုပေါင်းဧရိယာ ၂၃၄၂ ဟက်တာ (၅၇၈၇ ဒသမ ၁၇၈ ဧက) ရှိပြီး ပထမအဆင့်အပိုင်း(က) ဧရိယာတွင် ၃၉၆ ဒသမ ဝ၆၂ ဟက်တာ (၉၇၈ ဒသမ ၆၉၁ ဧက)ရှိကာ ဒုတိယအဆင့်တွင်မူ ဟက်တာ ၂ဝဝဝ ပါဝင်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

Eleven Media Group

No comments:

Post a Comment