Monday 1 September 2014

အောင်လံဒေသထွက်ပြောင်းများ ရန်ကုန်ဈေးကွက်သို့ တင်ပို့မှုများလာ

Photo: အောင်လံဒေသထွက်ပြောင်းများ ရန်ကုန်ဈေးကွက်သို့ တင်ပို့မှုများလာ
Monday, September 1, 2014

 အောင်လံဒေသတွင် ပြောင်းဖူးများ လှိုင်လှိုင်ပေါ်ချိန်ပြောင်းစိုက်တောင်သူ များကိုယ် တိုင်ရန်ကုန်ဈေးကွက်သို့ကိုယ်တိုင် တင်ပို့မှုများလာကြောင်း ပြောင်း ဈေး ကွက်မှ သတင်းရရှိသည်။

‘‘ပြီးခဲ့တဲ့နှစ်ကတော့အခင်း ပြတ်ရောင်းလိုက်တာ။ ဒီနှစ်က တော့ ကိုယ်တိုင်ရန်ကုန်ပို့တယ်။ ဒုက္ခတော့များတယ်’’ဟု မိုး ကောင်း နယ်မှ ပြောင်းစိုက်တောင် သူတစ်ဦးကပြောသည်။

ရန်ကုန်ဒိုင်ဝယ်ယူဈေးကျပ် ၁၈၀၊၂၀၀ရေရှိပြီး ကျေးရွာအ ရောက် ပြောင်းကုန်သည်ဝယ်ဈေး မှာအဖူးလှလျှင် ၁၀၀ကျပ်ဈေးသာ ပေးသဖြင့် ကိုယ်တိုင်တင်ပို့ကြ ခြင်းဖြစ်သည်။ ကားခပျမ်းမျှတစ် ဖူးလျှင်သုံးဆယ်ဝန်းကျင်သာကုန် ကျပြီး ကိုယ်တိုင်ပြောင်းချိုး၊ ကိုယ် တိုင်လှည်းတိုက်၊ ကိုယ်တိုင်ကား တင်ပြုလုပ်သောကြောင့်သာ တွက်ခြေကိုက်ခြင်းဖြစ်ကြောင်း ပြောင်းစိုက်တောင်သူကိုသာထူးကပြောသည်။

ချိုးပြီးစ လတ်လတ်ဆတ် ဆတ်ပြောင်းများကို စိုက်ခင်းမှ ကားလမ်းအရောက် နွားလှည်း များဖြင့်အမြန်တင်ကြရပြီး အဖူးအကြီးရွေး၍ ဈေးကွက်အကြိုက် ပြောင်းဖူးအစိမ်းရောင်မပျောက် မီ အမြန်တင်ပို့နိုင်ပါက ဈေး ကောင်းရသည်ဟု တောင်သူများ ကပြောသည်။

ပြောင်းခွံအ၀ါရောင်ပေါက် နေပြီး ပြောင်းချိုးရက်ကြာသော ပြောင်းကိုမူ ရန်ကုန်ဒိုင်ကြီးများအ ကြိုက်နည်းပြီး လမ်းခရီးတွင် ကြာမြင့်ကာ ပြောင်းခွံဝါသွားပါက ဈေးနှိမ်ခံရသည်ဟုဆိုသည်။

ပန်ပြောင်းအမျိုးအစားအ နေဖြင့် ရက်၇၀သာ စိုက်ပျိုးရသည်။ ပြုစုစောင့်ရှောက်ရမှု ပိုသော် လည်း ပြောင်းဖူးလှပြီးဝယ်လက် ကြိုက်သောကြောင့် ပြလို့ပြောင်း ဟုနာမည်ကျော်သည်။ အောင် လံနယ်တွင် ဒေသမျိုးရင်းဗမာ ပြောင်းထက် ပန်ပြောင်းကိုသာအများစု စိုက်ပျိုးနေကြသည်။ ပန်ပြောင်းအဖြူ၊ အ၀ါနှစ်မျိုးစလုံး စိုက်ပျိုးကြပြီး အ၀ါပြောင်းမှာ လူကြိုက်ပိုများသည်။

ယခုရက်ပိုင်းအတွင်းအောင် လံနယ်အစုံမှ ရန်ကုန်ဈေးကွက်သို့ ဆယ်ဘီးကား၊ ခြောက်ဘီးကားများဖြင့်တစ်နေ့လျင် ပျှမ်းမျှခြောက်စီးဝန်းကျင်ခန့်ပုံမှန်တင်ပို့နေကြကြောင်းလည်း အောင်လံကုန် တင်ကားဂိတ်များကပြောသည်။

7Day DAILY 

ပြောင်းဖူးများကားတင်ရန် စိုက်ခင်းမှလမ်းဘေးသို့သယ်ယူစုပုံထားစဉ်(ဓာတ်ပုံ − လင်းသက်နိုင်)
ပြောင်းဖူးများကားတင်ရန် စိုက်ခင်းမှလမ်းဘေးသို့သယ်ယူစုပုံထားစဉ်(ဓာတ်ပုံ − လင်းသက်နိုင်)
 အောင်လံဒေသတွင် ပြောင်းဖူးများ လှိုင်လှိုင်ပေါ်ချိန်ပြောင်းစိုက်တောင်သူ များကိုယ် တိုင်ရန်ကုန်ဈေးကွက် သို့ ကိုယ်တိုင် တင်ပို့မှုများလာကြောင်း ပြောင်း ဈေး ကွက်မှ သတင်းရရှိသည်။
‘‘ပြီးခဲ့တဲ့နှစ်ကတော့အခင်း ပြတ်ရောင်းလိုက်တာ။ ဒီနှစ်က တော့ ကိုယ်တိုင်ရန်ကုန်ပို့တယ်။ ဒုက္ခတော့ များ တယ်’’ဟု မိုး ကောင်း နယ်မှ ပြောင်းစိုက်တောင် သူတစ်ဦးကပြောသည်။

ရန်ကုန်ဒိုင်ဝယ်ယူဈေးကျပ် ၁၈၀၊၂၀၀ရေရှိပြီး ကျေးရွာအ ရောက် ပြောင်းကုန်သည်ဝယ်ဈေး မှာအဖူးလှလျှင် ၁၀၀ ကျပ်ဈေးသာ ပေးသဖြင့် ကိုယ်တိုင်တင်ပို့ကြ ခြင်းဖြစ်သည်။ ကားခပျမ်းမျှတစ် ဖူးလျှင်သုံးဆယ် ၀န်း ကျင်သာကုန်ကျပြီး ကိုယ်တိုင်ပြောင်းချိုး၊ ကိုယ် တိုင်လှည်းတိုက်၊ ကိုယ်တိုင်ကား တင်ပြုလုပ်သောကြောင့် သာ တွက်ခြေကိုက်ခြင်းဖြစ်ကြောင်း ပြောင်းစိုက်တောင်သူကိုသာထူးကပြောသည်။

ချိုးပြီးစ လတ်လတ်ဆတ် ဆတ်ပြောင်းများကို စိုက်ခင်းမှ ကားလမ်းအရောက် နွားလှည်း များဖြင့်အမြန် တင်ကြရပြီး အဖူးအကြီးရွေး၍ ဈေးကွက်အကြိုက် ပြောင်းဖူးအစိမ်းရောင်မပျောက် မီ အမြန်တင်ပို့နိုင်ပါ က ဈေး ကောင်းရသည်ဟု တောင်သူများ ကပြောသည်။

ပြောင်းခွံအ၀ါရောင်ပေါက် နေပြီး ပြောင်းချိုးရက်ကြာသော ပြောင်းကိုမူ ရန်ကုန်ဒိုင်ကြီးများအ ကြိုက်နည်းပြီး လမ်းခရီးတွင် ကြာမြင့်ကာ ပြောင်းခွံဝါသွားပါက ဈေးနှိမ်ခံရသည်ဟုဆိုသည်။

ပန်ပြောင်းအမျိုးအစားအ နေဖြင့် ရက်၇၀သာ စိုက်ပျိုးရသည်။ ပြုစုစောင့်ရှောက်ရမှု ပိုသော် လည်း ပြောင်းဖူး လှပြီးဝယ်လက် ကြိုက်သောကြောင့် ပြလို့ပြောင်း ဟုနာမည်ကျော်သည်။ အောင် လံနယ်တွင် ဒေသမျိုးရင်း ဗမာ ပြောင်းထက် ပန်ပြောင်းကိုသာအများစု စိုက်ပျိုးနေကြသည်။ ပန်ပြောင်းအဖြူ၊ အ၀ါနှစ်မျိုးစလုံး စိုက် ပျိုးကြပြီး အ၀ါပြောင်းမှာ လူကြိုက်ပိုများသည်။

ယခုရက်ပိုင်းအတွင်းအောင် လံနယ်အစုံမှ ရန်ကုန်ဈေးကွက်သို့ ဆယ်ဘီးကား၊ ခြောက်ဘီးကားများဖြင့် တစ်နေ့လျင် ပျှမ်းမျှခြောက်စီးဝန်းကျင်ခန့်ပုံမှန်တင်ပို့နေကြကြောင်းလည်း အောင်လံကုန် တင်ကားဂိတ်များ ကပြော သည်။

7Day DAILY

No comments:

Post a Comment