Monday 1 September 2014

အသစ်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာများ မြေတန်ဖိုးထည့်မတွက်ရန် သမ္မတညွှန်ကြား

အစိုးရက မြို့ကြီးငါးမြို့ တွင် တည်ဆောက်မည့် တန်ဖိုး နည်းအိမ်ရာစီမံကိန်းများ၌ မြေ တန်ဖိုးကို တွက်ချက် ထည့်သွင်း မတည်ဆောက်ဘဲ ဈေးသက်သာ စွာ ရောင်းချရန် နိုင်ငံတော်သမ္မ တက ညွှန်ကြားထားကြောင်း မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးကပြော သည်။
‘‘နောက်ပိုင်းဆောက်မယ့် အိမ်ရာတွေမှာ မြေတန်ဖိုးကို ထည့်သွင်းတွက်ချက်တည်ဆောက်မှာ မဟုတ်တော့ ဘူး’’ဟု အထက်ပါ ညွှန်ကြားရေးမှူးကဆိုသည်။

လက်ရှိတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက မြို့ကြီးငါးမြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ တောင်ကြီး၊ မော်လမြိုင်မြို့များ၌ ကနဦးတည်ဆောက်ရာတွင် မြေတန်ဖိုးကို ထည့်သွင်းတွက်ချက် တည်ဆောက်ခြင်းမပြုရန် သမ္မတက ညွှန်ကြားထားကြောင်း အထက်ပါ ညွှန်ကြားရေးမှူးကဆိုသည်။

သို့သော် တစ်ဖက်တွင်လည်း အိမ်ရာများတည်ဆောက် ရာတွင် အခြေခံအဆောက်အအုံများ၌ အသုံးပြု သည့် ဆောက် လုပ်မှုကုန်ကျစရိတ်က ကြီးမြင့် နေသဖြင့် အစိုးရအတွက် စိန်ခေါ် မှုတစ်ခုဖြစ်နေကြောင်း ၎င်းက ဆို သည်။

အိမ်နီးချင်း နိုင်ငံများတွင် အိမ်ရာစီမံကိန်းများ ဖော်ဆောင် ပါက အမျိုးသားအိမ်ရာဖွံ့ဖြိုးရေး အာဏာပိုင်ဟု ဆိုပြီး အဖွဲ့အစည်း များသီးခြားဖွဲ့စည်းကာ မြေဈေး တက်လာမည်စိုးသဖြင့် အစိုးရက မြေကို သိမ်း ဆည်းခြင်း၊ ၀ယ် ယူ ခြင်းမပြုလုပ်ဘဲ ဆောက်လုပ် မည့် ကန်ထရိုက်တာကသာမြေ ကို ပေါက်ဈေးဖြင့် ၀ယ် ယူပြီး အ စိုးရထံ အဆိုပြုရကြောင်း မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနတွင် အကြံပေးအဖြစ် ပြန်လည် လုပ် ဆောင်နေသူ အငြိမ်းစား ညွှန် ကြားရေးမှူး တစ်ဦးက ပြော ကြားသည်။

လက်ရှိတွင် အစိုးရက လူဦး ရေထူထပ်မှုအများဆုံးဖြစ်သည့် ရန်ကုန်တွင် အိမ်ရာစီမံကိန်းများ ကို ဆောင်ရွက်လျက်ရှိရာ ရွှေ လင်ပန်းတန်ဖိုးနည်းအိမ်ရာစီမံ ကိန်းကို စတင်မဲဖောက်ရောင်း ချ တော့ မည်ဖြစ်ပြီး အခန်းပေါင်း ထောင်ကျော်ပါဝင်မည့် အပိုင်း ၂ နှင့် အပိုင်း ၃ တို့ကိုလည်း ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်။

ထို့အပြင် အခန်းပေါင်း ရှစ်သောင်းကျော်ပါဝင်မည့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် အကောင်အထည်ဖော် မည့် ရတ နာနှင့် သရ၀ဏ် အိမ်ရာစီမံကိန်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိ သည်။

7Day DAILY

No comments:

Post a Comment