Monday 1 September 2014

ဆွီဒင်တွင် အီဘိုလာ သံသယလူနာ တစ်ဦးကို တွေ့ရှိ

Photo: ဆွီဒင်တွင် အီဘိုလာ သံသယလူနာ တစ်ဦးကို တွေ့ရှိ
Monday, September 1, 2014

ဆွီဒင်နိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု ယူဆရသည့် သံသယလူနာတစ်ဦးကို တွေ့ရှိခဲ့ကြောင်း နိုင်ငံ၏ ကျန်းမာရေးဌာန အရာရှိများက ပြောကြားခဲ့သည်။

စတော့ခ်ဟုမ်း မြို့တော်တွင် အီဘိုလာ ရောဂါသည် တွေ့ရှိသည်ဆိုသော သတင်းကို သက်ဆိုင်ရာ အရာရှိတစ်ဦးက ငြင်းဆိုပြီး “အတည်ပြုနိုင်ဖို့ အဝေးကြီးပါ။ ဒါဟာ သံသယဝင်စရာအဆင့်မျိုးလောက်သာ ဖြစ်ပါတယ်”ဟု AFP သို့ ဖြေရှင်းချက် ပေးခဲ့သည်။ သို့သော်လည်း ၎င်းက အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိချေ။

အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု သံသယရှိသော လူနာသည် အီဘိုလာရောဂါ ကူးစက်နေသည့် ဒေသတစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ပြီး နာမကျန်း ဖြစ်လာခြင်းဟု ဆိုသည်။ ၎င်းကို လတ်တလောတွင် သီးခြားခွဲထားကြောင်း သိရသည်။ အဆိုပါလူနာ မည်သည့်ဒေသသို့ သွားရောက်ခဲ့သည် ဆိုခြင်းကိုမူ ဆွီဒင် အာဏာပိုင်များက သတင်း မထုတ်ပြန်ခဲ့ချေ။

စတော့ခ်ဟုမ်းရှိ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနမှ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သော အေကီ အော့စ်ကွစ်ဗ်က ဆွီဒင်နိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးကြောင်း မှတ်ချက်ပေးခဲ့သည်။ “ဒီဗိုင်းရပ်စ်က လေထဲက ကူးစက်တာမျိုးမှ မဟုတ်တာ။ လူအချင်းချင်း ထိတွေ့မှုကနေ တိုက်ရိုက်ဖြစ်စေ၊ သွေးနဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကဖြစ်စေပဲ ကူးစက်တတ်တာပါ”ဟု ၎င်းက ဆိုသည်။

ယခုနှစ်အတွင်း အနောက်အာဖရိက ဒေသတွင် ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည့် အီဘိုလာ ကူးစက်မှုများကြောင့် ဩဂုတ်(၂၆)ရက်ထိ စာရင်းအရ သေဆုံးသူ အရေအတွက်သည် (၁၅၅၂)ဦး ရှိနေခဲ့ပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာထားသည်။

Ref: Channelnewsasia
7Day DAILY
ဆွီဒင်နိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု ယူဆရသည့် သံသယလူနာတစ်ဦးကို တွေ့ရှိခဲ့ကြောင်း နိုင်ငံ၏ ကျန်းမာရေးဌာန အရာရှိများက ပြောကြားခဲ့သည်။

စတော့ခ်ဟုမ်း မြို့တော်တွင် အီဘိုလာ ရောဂါသည် တွေ့ရှိသည်ဆိုသော သတင်းကို သက်ဆိုင်ရာ အရာရှိ တစ်ဦးက ငြင်းဆိုပြီး “အတည်ပြုနိုင်ဖို့ အဝေးကြီးပါ။ ဒါဟာ သံသယဝင်စရာအဆင့်မျိုးလောက်သာ ဖြစ်ပါ တယ်”ဟု AFP သို့ ဖြေရှင်းချက် ပေးခဲ့သည်။ သို့သော်လည်း ၎င်းက အသေးစိတ် အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိချေ။

အီဘိုလာရောဂါ ကူးစက်ခံရသည်ဟု သံသယရှိသော လူနာသည် အီဘိုလာရောဂါ ကူးစက်နေသည့် ဒေသ တစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ပြီး နာမကျန်း ဖြစ်လာခြင်းဟုဆိုသည်။ ၎င်းကို လတ်တလောတွင် သီးခြား ခွဲထားကြောင်း သိရသည်။ အဆိုပါလူနာ မည်သည့်ဒေသသို့ သွားရောက်ခဲ့သည် ဆိုခြင်းကိုမူ ဆွီဒင် အာဏာပိုင် များက သတင်း မထုတ်ပြန်ခဲ့ချေ။

စတော့ခ်ဟုမ်းရှိ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနမှ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သော အေကီအော့စ် ကွစ်ဗ် က ဆွီဒင်နိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးကြောင်း မှတ်ချက်ပေးခဲ့ သည်။ “ဒီဗိုင်းရပ်စ်က လေထဲက ကူးစက်တာမျိုးမှ မဟုတ်တာ။ လူအချင်းချင်း ထိတွေ့မှုကနေ တိုက် ရိုက်ဖြစ်စေ၊ သွေးနဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကဖြစ်စေပဲ ကူးစက်တတ်တာပါ”ဟု ၎င်းကဆိုသည်။

ယခုနှစ်အတွင်း အနောက်အာဖရိက ဒေသတွင် ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည့် အီဘိုလာ ကူးစက်မှု များကြောင့် ဩဂုတ်(၂၆)ရက်ထိ စာရင်းအရ သေဆုံးသူ အရေအတွက်သည် (၁၅၅၂)ဦး ရှိနေ ခဲ့ပြီးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာထားသည်။

Ref: Channelnewsasia
7Day DAILY

No comments:

Post a Comment