Monday 1 September 2014

သဘာဝခေါ်သံဖောင်ဒေးရှင်း တောင်တက်အဖွဲ့ ခါကာဘိုရာဇီရေခဲတောင် သို့ အောင်မြင်စွာတက်ရောက်

မန်မာနိုင်ငံတွင် အမြင့် ဆုံးအဖြစ် သတ်မှတ်ထားသည့်  ခါကာဘိုရာဇီ ရေခဲတောင် တက်နေသော တက္ကသိုလ်ခြေ လျင်နှင့် တောင်တက်အသင်း (သဘာဝ ခေါ်သံဖောင်ဒေးရှင်း)မှ တောင် တက်သမား များ  တောင် ထိပ် သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သဘာဝခေါ်သံ ဖောင်ဒေး ရှင်း တောင်တက်အဖွဲ့သည် သြဂုတ် ၃၁ ရက် ညနေ ၅ နာရီက ခါကာ ဘိုရာဇီတောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း အသင်းပြန်ကြားရေး တာဝန်ခံ မပပစိုးက ပြောသည်။

ခါကာဘိုရာဇီ တောင်ထိပ် သို့ တောင်တက်သမား နှစ်ဦး တက်ရောက်နိုင်ခဲ့ကာ တောင် ထိပ် တွင် မြန်မာနိုင်ငံ အလံနှင့် တက္ကသိုလ်ခြေလျင်နှင့် တောင် တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း) ၏ အလံ တို့ကို စိုက်ထူနိုင်ခဲ့ပြီး ပူတာအိုဆရာ တော် ပေးအပ်လိုက်သော ဘုရားလေးဆူနှင့် ဓာတ်တော်မွေတော် တို့ကို တောင်ထိပ်တွင် ဌာပနာခဲ့သည်ဟု ဆိုသည်။        

မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင် ဖြစ်သည့် ခါကာဘိုရာဇီရေခဲတောင်ကို ၁၉၉၆ ခုနှစ် တွင် ဂျပန်လူမျိုး အိုဇာကီနှင့် တိဗက်လူမျိုး မြန်မာနိုင်ငံသား နမားဂျွန်ဆင်တို့ တက်ရောက်နိုင်ခဲ့ပြီး ၁၈ နှစ် အကြာတွင် မြန်မာနိုင်ငံသားများ ပါဝင်သော တောင်တက်အဖွဲ့တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

 ပြီးခဲ့သည့် နှစ်ကလည်း မြန်မာနိုင်ငံနှင့် အရှေ့တောင် အာရှတွင်ပါ ဒုတိယအမြင့်ဆုံးဟု သတ်မှတ်ထား သည့် ဂမ်လန်ရာဇီ တောင်ကို ထူးဖောင်ဒေးရှင်း၏ စီစဉ်မှုဖြင့် မြန်မာ-အမေရိကန် ချစ်ကြည်ရေး တောင် တက်အဖွဲ့က အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။

ခါကာဘိုရာဇီ ရေခဲတောင်ကို တက်ရောက်ရန် မြန်မာနိုင်ငံသားများသာပါဝင်သည့် တောင်တက် အဖွဲ့ဝင် များသည် ဇူလိုင် ၂၆ ရက်က စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ခါကာ ဘိုရာဇီတောင်သို့တက်ရောက်ရန် လွန်ခဲ့သည့် သုံးနှစ်ကတည်းက ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

တက္ကသိုလ်  ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း) သည် ၂၀၁၂ ဒီဇင်ဘာ က ရှေ့ပြေး ခရီး စဉ်အဖြစ် တောင်ခြေသို့ တက် ရောက်နိုင်ခဲ့သည်။

7Day DAILY

No comments:

Post a Comment