Monday 1 September 2014

အခြေခံပညာဦးစီးဌာန အားလုံး ဖွဲ့စည်းပုံစနစ် ပြောင်းလဲမည်

Photo: အခြေခံပညာဦးစီးဌာန အားလုံး ဖွဲ့စည်းပုံစနစ် ပြောင်းလဲမည်
Monday, September 1, 2014

ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာဦးစီးဌာန အားလုံးကို ဖွဲ့စည်းပုံစနစ် ပြောင်းလဲရန် ဆွေးနွေးပွဲများ စတင်နေပြီး ဝန်ကြီးဌာန အတည်ပြုပြီးပါက တရားဝင် ကြေညာမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က The Voice သို့ ပြောကြားသည်။

လက်ရှိ အခြေခံပညာကျောင်းများကို မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် ပညာရေးမှူးရုံးက အဆင့်ဆင့်ကွပ်ကဲပြီး တိုင်းပညာရေးမှူး ရုံးများကို အခြေခံပညာဦးစီးဌာနက ကြီးကြပ်ကွပ်ကဲလျက် ရှိကြောင်း၊ ပြောင်းလဲရန် စီစဉ်နေသော ဖွဲ့စည်းပုံစနစ်သည် အခြေခံပညာ ဦးစီးဌာနများကိုသာ ဦးတည်ကြောင်း ၎င်းက ရှင်းပြသည်။

ပညာရေး ဝန်ကြီးဌာနက ဦးစီးဌာန အားလုံးကို ပြောင်းလဲရန် စီမံချက်အရ ရေးဆွဲခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံ စနစ်သစ်နှင့် ပတ်သက်၍ အသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဖွဲ့စည်းပုံက ဆွဲနေတုန်းပဲ ရှိသေးတယ်။ အခြေအနေ အတိအကျ ဖြစ်လာရင် အားလုံး ဖြေပေးပါမယ်” ဟု ဦးမင်းဇော်က The Voice သို့ ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးမှအပ အခြေခံပညာ ဦးစီးဌာနများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူး ရုံးကို စီမံကွပ်ကဲ၍ ရန်ကုန်တိုင်းအတွက် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနကသာ တိုက်ရိုက်အုပ်ချုပ်ကြောင်း၊ ယင်းကြောင့် အမှတ် (၃) အခြေခံပညာဦးစီးဌာန အုပ်ချုပ်ရေးပုံစံကို ပြင်ဆင်ပြောင်းလဲရန် သိရကြောင်း မူလတန်း ကျောင်းအုပ်ဆရာတစ်ဦးက The Voice သို့ ပြောဆိုသည်။

အခြေခံပညာရေး ဦးစီးဌာနများ ပြုပြင်ခြင်းကို ပညာရေး ဝန်ကြီးဌာနက ဦးဆောင် စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီးသော အမျိုးသားပညာရေး ဥပဒေတွင်လည်း အခြေခံပညာအဆင့် ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနကို လုပ်ကိုင်ခွင့် ပြုထားသည်။

လက်ရှိတွင် ပညာရေး ဝန်ကြီးဌာနက အောက်မြန်မာပြည် အခြေခံပညာ ကျောင်းများအတွက် အမှတ် (၁) အခြေခံပညာဦးစီးဌာန၊ အထက်မြန်မာပြည် ကျောင်းများအတွက် အမှတ် (၂) အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အတွက် အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ဟူ၍ စီမံကွပ်ကဲလျက် ရှိသည်။

The Voice Weekly
ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာဦးစီးဌာန အားလုံးကို ဖွဲ့စည်းပုံစနစ် ပြောင်းလဲ ရန် ဆွေးနွေး ပွဲများ စတင်နေပြီး ဝန်ကြီးဌာန အတည်ပြုပြီးပါက တရားဝင် ကြေညာမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က The Voice သို့ ပြောကြားသည်။
လက်ရှိ အခြေခံပညာကျောင်းများကို မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် ပညာရေးမှူးရုံးက အဆင့်ဆင့်ကွပ်ကဲပြီး တိုင်းပညာရေးမှူး ရုံးများကို အခြေခံပညာဦးစီးဌာနက ကြီးကြပ်ကွပ်ကဲလျက် ရှိကြောင်း၊ ပြောင်းလဲရန် စီစဉ်နေသော ဖွဲ့စည်းပုံစနစ်သည် အခြေခံပညာ ဦးစီးဌာနများကိုသာ ဦးတည်ကြောင်း ၎င်းက ရှင်းပြသည်။

ပညာရေး ဝန်ကြီးဌာနက ဦးစီးဌာန အားလုံးကို ပြောင်းလဲရန် စီမံချက်အရ ရေးဆွဲခြင်း ဖြစ်ပြီး ဖွဲ့စည်းပုံ စနစ်သစ်နှင့် ပတ်သက်၍ အသေးစိတ် မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဖွဲ့စည်း ပုံက ဆွဲနေတုန်းပဲ ရှိသေးတယ်။ အခြေအနေ အတိအကျ ဖြစ်လာရင် အားလုံး ဖြေပေးပါမယ်” ဟု ဦးမင်းဇော်က The Voice သို့ ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးမှအပ အခြေခံပညာ ဦးစီးဌာနများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူး ရုံးကို စီမံကွပ်ကဲ၍ ရန်ကုန်တိုင်းအတွက် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနကသာ တိုက်ရိုက် အုပ်ချု ပ်ကြော င်း၊ ယင်းကြောင့် အမှတ် (၃) အခြေခံပညာဦးစီးဌာန အုပ်ချုပ်ရေးပုံစံကို ပြင်ဆင်ပြောင်းလဲရန် သိရကြောင်း မူလတန်း ကျောင်းအုပ်ဆရာတစ်ဦးက The Voice သို့ ပြောဆိုသည်။

အခြေခံပညာရေး ဦးစီးဌာနများ ပြုပြင်ခြင်းကို ပညာရေး ဝန်ကြီးဌာနက ဦးဆောင် စတင်ခဲ့ခြင်းဖြစ် ပြီး ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုပြီးသော အမျိုးသားပညာရေး ဥပဒေတွင်လည်း အခြေခံပညာ အဆင့် ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနကို လုပ်ကိုင်ခွင့် ပြုထား သည်။

လက်ရှိတွင် ပညာရေး ဝန်ကြီးဌာနက အောက်မြန်မာပြည် အခြေခံပညာ ကျောင်းများအတွက် အမှတ် (၁) အခြေခံပညာဦးစီးဌာန၊ အထက်မြန်မာပြည် ကျောင်းများအတွက် အမှတ် (၂) အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အတွက် အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ဟူ၍ စီမံကွပ်ကဲလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment