Monday 1 September 2014

မြန်မာ့လက်ဖက်စိုနှင့် လက်ဖက်ခြောက် ပြည်ပဈေးကွက်ရရှိရေး ငါးနှစ်အတွင်း လုပ်ဆောင်မည်

မြန်မာနိုင်ငံမှ ထွက်ရှိ သော လက်ဖက်စိုနှင့် လက်ဖက် ခြောက်ကို လာမည့် ငါးနှစ် အတွင်း ပြည်ပဈေးကွက် ရရှိရေး ရည်မှန်းချက်ထား လုပ်ဆောင်သွားမည်ဟု သတင်းရရှိသည်။
လက်ဖက်စို၊ လက်ဖက်အ ချိုခြောက်နှင့် အခါးခြောက်တို့ကို လာမည့် ၂၀၁၉ တွင် ဥရောပနှင့် အာရှဈေး ကွက် ရရှိရန်ရည်ရွယ်၍ မြန်မာနိုင်ငံ လက်ဖက်အစုအဖွဲ့နှင့် ဂျာမနီအဖွဲ့အစည်း (GIZ) တို့ ပူးပေါင်း လုပ်ဆောင် မည်ဟု မြန်မာနိုင်ငံ လက်ဖက်အစုအဖွဲ့မှ ဒုဥက္ကဋ္ဌဦးကျော်သီဟက ပြောသည်။

 ထိုသို့ နိုင်ငံတကာ ဈေး ကွက်ဝင်ရန် GIZ က နည်းပညာ နှင့် ဈေးကွက်ရရှိရေး ကူညီပေးမည်ဖြစ်ပြီး အရည် အသွေးမြင့် လက်ဖက်များ ရရှိစေရန် ထုတ်လုပ်မှု စနစ်များ ပြောင်းလဲခြင်း နှင့် အသိအမှတ်ပြုလက် မှတ်များ ရရှိရေး လုပ်ဆောင် သွားမည်ဟု ၎င်းကပြောသည်။

မြန်မာလက်ဖက်ခြောက် မှာ မျိုးရင်းမဟုတ်ဘဲ စပ်မျိုးဖြစ်နေ ခြင်း၊ ထုတ်လုပ်ရာတွင် အရည် အသွေးမမီခြင်း တို့ကြောင့် နိုင်ငံတကာ လက်ဖက်ခြောက်ဈေးကွက်တွင် နေရာရရှိရန် ခက်ခဲ ကြောင်း လက်ဖက်စိုက်ပျိုး ထုတ် လုပ်သူ များက ပြောသည်။

ထိုသို့  GIZ မှ နည်းပညာ အကူအညီပေးသော်လည်း ပြည် တွင်းတွင် ထုတ်လုပ် ရာ၌ ငွေ ကြေး အရင်း အနှီးနှင့် လက်ဖက်မျိုးကောင်း မျိုးသန့်များ ရရှိရန် လိုအပ်သည် ဟု ဆိုသည်။

လက်ဖက်အချိုခြောက်နှင့် အခါးခြောက်တို့  နိုင်ငံတကာ ဈေးကွက်ရရှိရေး ဆွေးနွေးပွဲကို မြန်မာနိုင်ငံ လက် ဖက်အစုအဖွဲ့ နှင့် ဂျာမန် အဖွဲ့အစည်း GIZ တို့ ပူးပေါင်း၍ သြဂုတ် ၂၁နှင့် ၂၂ ရက် တွင် မန္တလေးမြို့ ၌ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

မြန်မာ လက်ဖက်ခြောက် များ နိုင်ငံတကာ ဈေးကွက်သို့တင်ပို့နိုင်ရန် GIZ အဖွဲ့အစည်း၏ ထောက်ပံ့မှုဖြင့် စံပြလက်ဖက်အ ခါးခြောက် စက်ရုံကို ပင်းတယ မြို့နှင့် လက်ဖက်အချိုခြောက် စက်ရုံကို နမ့်ဆမ်မြို့ တွင် ပြုလုပ်လျက်ရှိသည်။

7Day DAILY

No comments:

Post a Comment