Tuesday 16 September 2014

ဖိလစ်ပိုင်တွင် မီးတောင် ပေါက်ကွဲနိုင်သည့် အခြေအနေကြောင့် ဒေသခံများ အရေးပေါ် ရွှေ့ပြောင်း

Photo: ဖိလစ်ပိုင်တွင် မီးတောင် ပေါက်ကွဲနိုင်သည့် အခြေအနေကြောင့် ဒေသခံများ အရေးပေါ် ရွှေ့ပြောင်း
Tuesday, September 16, 2014

နိုးကြားလှုပ်ရှားနေသည့် မီးတောင်ကြီး တစ်လုံးသည် ပေါက်ကွဲနိုင်သည့် အလားအလာ ရှိနေခြင်းကြောင့် အနီးအနားရှိ ဒေသခံများကို ဖိလစ်ပိုင် အာဏာပိုင်များက အရေးပေါ် ရွှေ့ပြောင်းပေးနေကြောင်း သတင်းရရှိသည်။

စက်တင်ဘာ (၁၆)ရက်တွင် မေယွန်မီးတောင် အနီးတဝိုက် ကမ်းခြေရွာများနှင့် လယ်ယာစိုက်ခင်းများ၌ နေထိုင်သူများကို ရွှေ့ပြောင်းပေးနေကြောင်း ဖိလစ်ပိုင် သတင်းများက ဖော်ပြခဲ့သည်။ မေယွန် မီးတောင်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လှုပ်ရှားနိုးကြားမှုများ ပြသလာပြီး ပေါက်ကွဲထွက်မည့် အခြေအနေကို စိုးရိမ်နေရသည်။

အစိုးရ လက်အောက်ခံ မီးတောင်လေ့လာရေး အေဂျင်စီမှ ညွှန်ကြားရေးမှူး ရီနာတို ဆိုလီဒမ်က “ဒီတစ်ပတ်တည်းမှာတင် အကြီးအကျယ် ပေါက်ကွဲမှုတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်တယ်”ဟု AFP သို့ ပြောကြားခဲ့သည်။ ယခုအခါ မီးတောင် ပတ်ဝန်းကျင် အချင်း(၆)ကီလိုမီတာ အကွာတွင် နေထိုင်သူများကို ရွှေ့ပြောင်းပေးနေပြီး အဆိုပါ ဒေသကို အန္တရာယ်ဇုန်အဖြစ် ကြိုတင် သတ်မှတ်ထားလိုက်ကြောင်း ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာန ညွှန်ကြားရေးမှူး ဘာနာဒို အလက်ဂျန်ဒရိုက ဆိုသည်။

လတ်တလောတွင် မေယွန်မီးတောင်ကို အန္တရာယ်အဆင့် သတ်မှတ်ချက် (၃)အဖြစ် ထားရှိပြီး အမြင့်ဆုံးအဆင့်မှာ (၅)ဖြစ်ကြောင်း သိရသည်။ အဆင့်(၃)၏ အဓိပ္ပါယ်သည် မီးတောင်တွင်းတွင် လှုပ်ရှားဆူပွက်မှု အခြေအနေ ထင်ထင်ရှားရှား ဖြစ်ပေါ်နေသည့် သဘောလည်း ဖြစ်သည်။ အဆင့်(၅)က ပေါက်ကွဲခြင်းကို ရည်ရွယ်သတ်မှတ်သည်။

မေယွန်မီးတောင်၏ ပတ်ဝန်းကျင် ဒေသသည် သဘာဝအတိုင်း လှပနေသဖြင့် ကမ္ဘာလည့် ခရီးသည် အများအပြားလည်း လာရောက်လည်ပတ်လေ့ ရှိသည်။ မေယွန်သည် ဖိလစ်ပိုင်နိုင်ငံ၏ အလှုပ်ရှား အနိုးကြားဆုံး မီးတောင်ကြီး တစ်ခုလည်းဖြစ်ပြီး (၂၀၁၃)ခုနှစ်၊ မေလက နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူးသည်။ ထိုစဉ်က မီးတောင်ပြာ တိမ်ထုကြီး ဖြစ်ပေါ်ခဲ့သလို ကျောက်တုံးကျောက်ခဲများ လွင့်စင်လာခဲ့ရာ နိုင်ငံခြား ခရီးသည် (၄)ဦးနှင့် ဒေသခံ လမ်းပြ(၁)ဦးတို့ အသက်ဆုံးရှုံးခဲ့သည်။

မေယွန်မီးတောင်သည် အမြင့် (၈၀၇၀)ပေ ရှိပြီး ကတော့ချွန်ပုံစံ ပီပီသသ ရှိနေသည့် ဖွဲ့စည်းတည်ဆောက်ပုံကြောင့် လူသိများသည်။ အဆိုပါ မီးတောင် ပေါက်ကွဲမှုကြောင့် ဆိုးရွားသည့် သေကြေပျက်စီးမှု သမိုင်းကြောင်းမျိုး ရှိခဲ့ပြီး (၁၈၁၄)ခုနှစ် ပေါက်ကွဲမှုတွင် လူ(၁၂၀၀)ကျော် သေဆုံးကာ ကက်ဆာဝါတစ်မြို့လုံး မီးတောင်ချော်ရည်များအောက် နစ်မြုပ်သွားခဲ့ဖူးသည်။ (၂၀၀၆)ခုနှစ်က မီးတောင်ပေါက်ကွဲမှုတွင် လူအသေအပျောက် မရှိခဲ့သော်လည်း ထိုနှစ်ကုန်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းတစ်ခု တိုက်ခတ်ရာ မီးတောင်ပေါက်ကွဲစဉ်က စီးထွက်နေခဲ့သည့် ချော်ခဲရွှံ့နွံများ ပြိုကျပြီး လူပေါင်း(၁၀၀၀)ကျော် အသက်ဆုံးရှုံးခဲ့သည်။

Ref: Channelnewsasia
7Day DAILY
နိုးကြားလှုပ်ရှားနေသည့် မီးတောင်ကြီး တစ်လုံးသည် ပေါက်ကွဲနိုင်သည့် အလားအလာ ရှိနေခြင်းကြောင့် အနီးအနားရှိ ဒေသခံများကို ဖိလစ်ပိုင် အာဏာပိုင်များက အရေးပေါ် ရွှေ့ပြောင်းပေးနေကြောင်း သတင်း ရရှိသည်။
စက်တင်ဘာ (၁၆)ရက်တွင် မေယွန်မီးတောင် အနီးတဝိုက် ကမ်းခြေရွာများနှင့် လယ်ယာစိုက်ခင်းများ၌ နေ ထိုင်သူ များကို ရွှေ့ပြောင်းပေးနေကြောင်း ဖိလစ်ပိုင် သတင်းများက ဖော်ပြခဲ့သည်။ မေယွန် မီးတောင်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လှုပ်ရှားနိုးကြားမှုများ ပြသလာပြီး ပေါက်ကွဲထွက်မည့် အခြေအနေကို စိုးရိမ်နေရသည်။

အစိုးရ လက်အောက်ခံ မီးတောင်လေ့လာရေး အေဂျင်စီမှ ညွှန်ကြားရေးမှူး ရီနာတို ဆိုလီဒမ်က “ဒီ တစ်ပတ်တည်းမှာတင် အကြီးအကျယ် ပေါက်ကွဲမှုတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်တယ်”ဟု AFP သို့ ပြော ကြားခဲ့သည်။ ယခုအခါ မီးတောင်ပတ်ဝန်းကျင် အချင်း(၆)ကီလိုမီတာ အကွာတွင် နေထိုင်သူများ ကို ရွှေ့ပြောင်းပေးနေပြီး အဆိုပါ ဒေသကို အန္တရာယ်ဇုန်အဖြစ် ကြိုတင် သတ်မှတ်ထား လိုက်ကြောင်း ဒေ သ ဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာန ညွှန်ကြားရေးမှူး ဘာနာဒို အလက်ဂျန်ဒရိုက ဆိုသည်။

လတ်တလောတွင် မေယွန်မီးတောင်ကို အန္တရာယ်အဆင့် သတ်မှတ်ချက် (၃)အဖြစ် ထားရှိပြီး အမြင့်ဆုံး အဆင့်မှာ (၅)ဖြစ်ကြောင်း သိရသည်။ အဆင့်(၃)၏ အဓိပ္ပါယ်သည် မီးတောင်တွင်းတွင် လှုပ်ရှားဆူပွက်မှု အခြေအနေ ထင်ထင်ရှားရှား ဖြစ်ပေါ်နေသည့် သဘောလည်း ဖြစ်သည်။ အဆင့်(၅)က ပေါက်ကွဲခြင်းကို ရည်ရွယ်သတ်မှတ်သည်။

မေယွန်မီးတောင်၏ ပတ်ဝန်းကျင် ဒေသသည် သဘာဝအတိုင်း လှပနေသဖြင့် ကမ္ဘာလည့် ခရီးသည် အများအပြားလည်း လာရောက်လည်ပတ်လေ့ ရှိသည်။ မေယွန်သည် ဖိလစ်ပိုင်နိုင်ငံ၏ အလှုပ်ရှား အနိုးကြားဆုံး မီးတောင်ကြီး တစ်ခုလည်းဖြစ်ပြီး (၂၀၁၃)ခုနှစ်၊ မေလက နောက်ဆုံး အကြိမ် ပေါက်ကွဲခဲ့ဖူး သည်။ ထိုစဉ်က မီးတောင်ပြာ တိမ်ထုကြီး ဖြစ်ပေါ်ခဲ့သလို ကျောက်တုံးကျောက်ခဲများ လွင့်စင်လာခဲ့ ရာ နိုင်ငံခြား ခရီးသည် (၄)ဦးနှင့် ဒေသခံ လမ်းပြ(၁)ဦးတို့ အသက်ဆုံးရှုံးခဲ့သည်။

မေယွန်မီးတောင်သည် အမြင့် (၈၀၇၀)ပေ ရှိပြီး ကတော့ချွန်ပုံစံ ပီပီသသ ရှိနေသည့် ဖွဲ့စည်းတည်ဆောက် ပုံကြောင့် လူသိများသည်။ အဆိုပါ မီးတောင် ပေါက်ကွဲမှုကြောင့် ဆိုးရွားသည့် သေကြေပျက်စီးမှု သမိုင်းကြောင်းမျိုး ရှိခဲ့ပြီး (၁၈၁၄)ခုနှစ် ပေါက်ကွဲမှုတွင် လူ(၁၂၀၀)ကျော် သေဆုံးကာ ကက်ဆာဝါ တစ်မြို့လုံး မီးတောင်ချော်ရည်များအောက် နစ်မြုပ်သွားခဲ့ဖူးသည်။ (၂၀၀၆)ခုနှစ်က မီးတောင်ပေါက်ကွဲမှု တွင် လူအသေအပျောက် မရှိခဲ့သော်လည်း ထိုနှစ်ကုန်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းတစ်ခု တိုက်ခတ်ရာ မီးတောင်ပေါက်ကွဲစဉ်က စီးထွက်နေခဲ့သည့် ချော်ခဲရွှံ့နွံများ ပြိုကျပြီး လူပေါင်း(၁၀၀၀)ကျော် အသက် ဆုံးရှုံးခဲ့သည်။

Ref: Channelnewsasia
7Day DAILY

No comments:

Post a Comment