Tuesday 16 September 2014

အိမ်တွင်းအလှဆင် ပစ္စည်းဈေးကွက် ယခင်ကထက် ဖွံ့ဖြိုးလာ

Photo: အိမ်တွင်းအလှဆင် ပစ္စည်းဈေးကွက် ယခင်ကထက် ဖွံ့ဖြိုးလာ
Tuesday, September 16, 2014

လက်ရှိရန်ကုန်မြို့မှာ တန်ဖိုးမြင့်အိမ်ရာစီမံကိန်းတွေ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ် စီမံကိန်းတွေ ပိုမိုဆောက်လုပ်လာမှုနဲ့ ရန်ကုန်မြို့ရဲ့
နေထိုင်သူအများစုဟာလည်း အရင်ကထက် အိမ်တွင်း အလှဆင်ခြင်းကို ပိုမိုအလေးပေးဆောင်ရွက်လာတာကြောင့် ဈေးကွက်ဖွံ့ဖြိုးမှုတွေရှိလာတယ်လို့ သိရပါတယ်။ အရင်က အိမ်တွင်းအလှဆင်ရာကြမှာတော့ နံရံဆေးသုတ်ခြင်း၊ ကြွေပြားထည့်သွင်းတပ်ဆင်ခြင်းနဲ့ အခြားပရိဘောဂပစ္စည်းတွေနဲ့သာ အလှဆင်တတ်လေ့ရှိကြပေမယ့် ခေတ်သစ်ဗိသုကာ အသွင်ပြင်တွေနဲ့ ပိုမိုအလှဆင်လာကြတယ်လို့ သိရပါတယ်။
 
အိမ်တွင်းအလှဆင်ပစ္စည်းသုံးစွဲမှု တစ်ခေတ်ဆန်းလာချိန်မှာ အိမ်တွင်းအလှဆင်ပစ္စည်းတင်သွင်း မှုတွေကလည်း နိုင်ငံတကာက ဒီဇိုင်းဆန်းတွေကို ပိုမိုတင်သွင်းလာရတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာပြီး အဆင့်မီ အဆောက်အဦတည်ဆောက်မှုတွေ ပိုမိုများပြားလာတဲ့အတွက် အနာဂတ်မှာလည်း အိမ်တွင်း အလှဆင်ပစ္စည်းဈေးကွက်က ပိုမိုဖွံ့ဖြိုးလာဖို့ရှိတယ်လို့ အိမ်တွင်းအလှပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင် သူတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပါယ်က သုံးသပ်ထားပါတယ်။

MRTV-4
လက်ရှိရန်ကုန်မြို့မှာ တန်ဖိုးမြင့်အိမ်ရာစီမံကိန်းတွေ၊ နိုင်ငံတကာအဆင့်မီ ဟိုတယ် စီမံကိန်းတွေ ပိုမိုဆောက်လုပ် လာမှုနဲ့ ရန်ကုန်မြို့ရဲ့ နေထိုင်သူအများစုဟာလည်း အရင်ကထက် အိမ်တွင်း အလှ ဆင်ခြင်း ကို ပိုမိုအလေးပေးဆောင်ရွက်လာတာကြောင့် ဈေးကွက်ဖွံ့ဖြိုးမှုတွေရှိလာတယ်လို့ သိရပါ တယ်။ အရင်က အိမ်တွင်းအလှဆင်ရာကြမှာတော့ နံရံဆေးသုတ်ခြင်း၊ ကြွေပြားထည့်သွင်း တပ်ဆင်ခြင်းနဲ့ အခြားပရိဘောဂပစ္စည်းတွေနဲ့သာ အလှဆင်တတ်လေ့ရှိကြပေမယ့် ခေတ်သစ်ဗိသုကာ အသွင်ပြင်တွေနဲ့ ပိုမိုအလှဆင်လာကြတယ်လို့ သိရပါတယ်။
အိမ်တွင်းအလှဆင်ပစ္စည်းသုံးစွဲမှု တစ်ခေတ်ဆန်းလာချိန်မှာ အိမ်တွင်းအလှဆင်ပစ္စည်းတင်သွင်း မှုတွေ ကလည်း နိုင်ငံတကာက ဒီဇိုင်းဆန်းတွေကို ပိုမိုတင်သွင်းလာရတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ အချိန်မှာလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာပြီး အဆင့်မီ အဆောက်အဦတည်ဆောက်မှုတွေ ပိုမိုများပြားလာတဲ့အတွက် အနာဂတ်မှာလည်း အိမ်တွင်း အလှဆင်ပစ္စည်းဈေးကွက်က ပိုမိုဖွံ့ဖြိုးလာဖို့ ရှိတယ်လို့ အိမ်တွင်းအလှပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင် သူတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း နယ်ပါယ် က သုံးသပ်ထားပါတယ်။

MRTV-4

No comments:

Post a Comment