Tuesday 16 September 2014

ဗဟိုဘဏ်သီးခြားရပ်တည်ခွင့်မရသေးသော်လည်း အချို့လုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်နိုင်ဟုဆို

 မြန်မာနိုင်ငံတော်ဗဟို ဘဏ်သည် ယနေ့အချိန်အထိ အပြည့်အ၀သီးခြား ရပ်တည် လုပ် ဆောင်နိုင်ခြင်း မရှိဘဲ  အစိုးရ နှင့်တွဲ၍  လုပ်ဆောင်နေ ရသေး သော် လည်း အချို့လုပ်ငန်းများ တွင် ၀န်ကြီးဌာနများကဲ့သို့ မဟုတ်ဘဲ အားလုံးကိုဆန့်ကျင်လုပ် ဆောင်နေမှုများရှိကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ  ဦးဆက် အောင် ကပြောသည်။
အစိုးရနှင့် တွဲဖက်လုပ် ဆောင်မှုမှာ မြန်မာနိုင်ငံမှ ဗဟို ဘဏ်သာမက ကမ္ဘာ တစ်ဝန်း တွင်ရှိသော ဗဟိုဘဏ်အများစု မှာလည်း အလားတူလုပ်ဆောင် ရကြောင်း ၎င်းက နိုင်ငံတကာနှင့် နှိုင်း ယှဉ်ပြော ကြားခဲ့သည်။

‘‘ဗဟိုဘဏ်က နိုင်ငံတော် နဲ့  တွဲလုပ်ရတယ်ဆိုပေမယ့် ဗဟိုဘဏ်က အခြားဝန်ကြီးဌာနတွေ နဲ့ မတူတဲ့ အချက်ကတော့ တချို့ အချက်တွေမှာ အကုန်လုံးကို ဆန့်ကျင်ပြီးတော့ လုပ်နေတာ တွေရှိတယ်’’ဟု ဦးဆက်အောင် ကဆိုသည်။

ဗဟိုဘဏ်က ချေးငွေနှုန်း၊ အပ်ငွေနှုန်းများနှင့် ယင်းတို့၏ အတိုးနှုန်းထားများပေါ်တွင် လွတ်လပ်စွာ ဆုံးဖြတ် လုပ်ကိုင်နိုင်ပြီး ငွေတိုက်စာချုပ်များ၊ ငွေကြေး သက်သေခံလက်မှတ်များ၊ ယင်းတို့၏ အတိုးနှုန်းများနှင့် ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆုံးဖြတ်လုပ်ကိုင်ကြောင်း  သတင်းရ ရှိသည်။

‘‘အတိုးနှုန်းထိန်းညှိရေးမှာ မြန်မာနိုင်ငံက ချေးငွေနှုန်း (Lend-ing Rate) နဲ့ Deposit Rate တွေကို ဗဟိုဘဏ်က ထိန်းချုပ်ထား ပါတယ်။ ဒါကလည်း အတိုးနှုန်း ထိန်းညှိရေးလုပ်ငန်းစဉ်မပြီးသေး ချိန်မို့လို လုပ်ရ တာပါ။ အတိုးနှုန်း ထိန်းညှိရေးက ချက်ချင်းလုပ်လို့ မရပါဘူး။ သူ့အဆင့်နဲ့သူ လုပ်ရ ပါတယ်။ အတိုးနှုန်းထိန်းညှိရေး ကို ဘယ်လိုလုပ်လဲဆိုတော့ ဈေး ကွက်က ဖော်ဆောင်တဲ့နှုန်းဖြစ် အောင် လုပ်ခြင်းပါပဲ’’ဟု ဦး ဆက်အောင်ကဆိုသည်။

‘‘ဗဟိုဘဏ်က အကုန်လုံး ကိုတော့ ကိုယ်ဘာသာကိုယ်လုပ် လို့မရပါဘူး ဆိုတာ နိုင်ငံတိုင်းမှာ လည်း ဒီလိုလုပ်ရ တာတွေရှိ တယ်။ လုံးလုံးလွတ်လပ် တဲ့ နိုင်ငံ မျိုးမှာပဲ အားလုံးကိုယ့်ဘာသာကိုယ်လုပ်နိုင်တာ ရှိတယ်။ ဒီလိုအစိုးရနဲ့ တွဲလုပ်တယ်ဆိုတာလည်းအပြန်အလှန်စိစစ်ထိန်းချုပ်တဲ့ သဘောနဲ့ လုပ်တာပါ’’ဟု ယခင် ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်း ဦးသန်း လွင်က မှတ်ချက်ပေးသည်။

သို့သော်ဗဟိုဘဏ်မှ ဥက္ကဋ္ဌ များကိုလည်း ယခင်ကဲ့သို့ မဟုတ် ဘဲ ၀န်ကြီးအဆင့် ထိ လုပ်ပိုင်ခွင့် များပေး၍ လုပ်ဆောင်ခိုင်းထား သည်များရှိသည့်အတွက် လုပ် ကိုင်မှုများ  ပိုမိုတိုးတက်လုပ် ဆောင်ရန် ရှိနေကြောင်း ဦးသန်း လွင်ကပြောသည်။

ထို့အပြင်ဗဟိုဘဏ်တွင် လုပ်ဆောင်ရန် ကဏ္ဍများစွာရှိ နေသေးသည့်အတွက် ပညာရှင် များစွာ ထားရန်နှ င့် မွေးထုတ်ရန် လိုအပ်နေသေးကြောင်း ၎င်းက အကြံပြုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၁ ရက်မှစကာ ဘဏ္ဍာရေးနှင့် အခွန်ဝန် ကြီးဌာနလက်အောက်မှာမရှိဘဲ သီးခြားရပ်တည်လုပ်ဆောင်ခွင့် ပေးခဲ့သည်။

7Day DAILY 

No comments:

Post a Comment